-
AA
+
🡀
|
🡂
ဇာခရိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဇာခရိ အနာဂတ္တိ
အခန်းကြီး ၂


ယေရုရှလင်မြို့သားတို့အလွန်များလိမ့်မည်

တဖန်ငါမျှော်ကြည့်၍၊ တိုင်းစရာကြိုးကိုကိုင်သောလူတဦးကိုမြင်လျှင်၊ အဘယ်အရပ်သို့သွားမည်နည်းဟုထိုသူအားမေးသော်၊ ယေရုရှလင်မြို့အလျားအနံကိုသိလို၍မြို့ကိုတိုင်းခြင်းငှါသွားသည်ဟုပြန်ပြော၏။ ငါနှင့်ပြောဆိုသောကောင်းကင်တမန်သည်ထွက်သွားသော်၊ အခြားသောကောင်းကင်တမန်သည်ကြိုဆိုလျက်၊ သင်သည်ပြေး၍ထိုလုလင်ကိုဆင့်ဆိုရမည်မှာ၊ ယေရုရှလင်မြို့သားလူသတ္တဝါတိရစ္ဆာန်တို့သည်အလွန်များသောကြောင့်၊ ရွာတို့၌ နေရကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည်မြို့ကိုကာသောမီးမြို့ရိုးဖြစ်မည်။ မြို့အလယ်၌ လည်းငါသည်မြို့၏ဘုန်းအသရေဖြစ်မည်။ အချင်းတို့၊ အချင်းတို့၊ မြောက်မျက်နှာအရပ်မှပြေးလာကြလော့ဟုထာဝရဘုရားမိန့်တော်မူ၏။ မိုးကောင်းကင်အောက်လေးမျက်နှာတို့၌ သင်တို့ကိုငါနှံ့ပြားစေပြီဟုထာဝရဘုရားမိန့်တော်မူ၏။ ဗာဗုလုန်မြို့သမီးထံမှာနေသောအချင်းဇိအုန်သတို့သမီး၊ အလွတ်ပြေးလော့။ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ကိုဖျက်ဆီးသောလူမျိုးတို့ရှိရာသို့ ဘုန်းထင်ရှားပြီးမှ ငါ့ကိုစေလွှတ်တော်မူ၏။ သင်တို့ကိုထိသောသူသည် မျက်ဆန်တော် [A]ကိုထိသောသူဖြစ်၏။ သူတို့ကိုငါသတ်၍သူတို့၏ကျွန်များသည် လုယူဖျက်ဆီးကြလိမ့်မည်။ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားသည်ငါ့ကိုစေလွှတ်တော်မူသည်ကိုသင်တို့သိရကြလိမ့်မည်။

၁၀ အိုဇိအုန်သတို့သမီး၊ သီချင်းဆို၍ရွှင်လန်းလော့။ ငါလာ၍သင့်အလယ်၌ နေမည်ဟုထာဝရဘုရားမိန့်တော်မူ၏။ ၁၁ ထိုကာလ၌ လူမျိုးအများတို့သည်ထာဝရဘုရားဘက်သို့ဝင်စား၍ငါ၏လူဖြစ်ကြလိမ့်မည်။ သင့်အလယ်၌ ငါနေမည်။ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရားသည်ငါ့ကိုသင့်ဆီသို့စေလွှတ်တော်မူသည်ကိုသင်သိရလိမ့်မည်။ ၁၂ ထာဝရဘုရားသည်သန့်ရှင်းသောပြည် ၌ မိမိအဘို့ယုဒပြည်ကိုအမွေခံ၍တဖန်ယေရုရှလင်မြို့ကိုရွေးချယ်တော်မူလိမ့်မည်။ ၁၃ အိုလူသတ္တဝါအပေါင်းတို့ထာဝရဘုရားရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။ သန့်ရှင်းသောကျိန်းဝပ်ရာဌာနတော်၌ ထတော်မူပြီ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.