-
AA
+
🡀
|
🡂
ဇာခရိ အနာဂတ္တိ
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းငယ်





ဇာခရိ အနာဂတ္တိ
အခန်းကြီး ၁၃

အပြစ်ဖြေရာနေ့

ထိုကာလ၌ ဒါဝိဒ်မင်းမျိုးနှင့် ယေရုရှလင်မြို့သားတို့၏ ဒုစရိုက်အပြစ် အညစ်အ​ကြေးကို ဆေးကြောစရာဘို့၊ စမ်းရေတွင်းသည် ပွင့်လျက်ရှိလိမ့်မည်။(a)


ရုပ်တုနှင့် ပရောဖက်တုများ ဖယ်ရှားမည်
CROSS REFERENCES






ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပြည်တော်တွင် ရှိသော ရုပ်တုတို့၏ နာမများကို နောက်တဖန် အဘယ်သူမျှ မမှတ်မိစေခြင်းငှါ၊ ထိုကာလ၌ ငါသုတ်သင်ပယ်ရှင်းမည်။ ပရောဖက် လုပ်သောသူတို့ကို၎င်း၊ ညစ်ညူးသော ဝိညာဉ်ကို၎င်း၊ ပြည်တော်မှ နှင်ထုတ်မည်။ [A] လူတစုံတယောက်သည် ပရောဖက်ပြုသေးလျှင်၊ ဖွားမြင်သော မိဘတို့က သင်သည် ထာဝရဘုရား၏ နာမကိုအမှီပြု၍ မုသာစကားကို ဟောပြောသောကြောင့် အသေခံရမည်ဟုဆိုလျက်၊ ပရောဖက်ပြုစဉ်ပင် ကိုယ်မိဘတို့သည် သူ့ကို ထုတ်ချင်းခပ်ထိုးကြလိမ့်မည်။ ထိုကာလ၌ ပရောဖက်သည် ဟောပြောသောအခါ မိမိမြင်သော ရှုပါရုံကြောင့် ရှက်လိမ့်မည်။ သူတပါးကို လှည့်စားမည်အကြံနှင့် ကြမ်းတမ်းသော အဝတ်ကိုလည်း မဝတ်ရ။ အ​ကျွန်ုပ်သည် ပရောဖက်မဟုတ်၊ လယ်လုပ်သောသူ ဖြစ်ပါ၏။ ငယ်သောအရွယ်မှစ၍ သူတပါး၌ ကျွန်ခံရပါပြီ၊ ဟုဝန်ခံလိမ့်မည်။ သူတပါးကလည်း၊ သင့်လက်၌ ပေါ်သောဒဏ်ရာ ကားအဘယ်သို့နည်း၊ ဟုမေးလျှင် ဤဒဏ်ရာကား၊ အ​ကျွန်ုပ်၏ အဆွေခင်ပွန်းအိမ်၌ ခံရသော ဒဏ်ရာဖြစ်ပါသည်၊ ဟုပြန်ပြောလိမ့်မည်။


သိုးထိန်းကိုရိုက်သတ်

ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုဓါး ငါ၏သိုးထိန်းတဘက်၊ ငါ၏အပေါင်းအဖေါ်ဖြစ်သောသူ တဘက်၌ နိုးလော့။ သိုးထိန်းကို ရိုက်သတ်လော့။ [B] သို့ပြုလျှင်၊ သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်။ သိုးသငယ်တို့အပေါ်၌လည်း ငါသည် ငါ့လက်ကို တင်ဦးမည်။


ဣသရေလူသုံးစုတစုကျန်မည်

ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံး သုံးစုတွင် နှစ်စုကိုပယ်ဖျက်၍ အသေခံရသဖြင့်၊ တစုသာ ကျန်ကြွင်းရလိမ့်မည်။(b) ထိုတစုကို မီးအလယ်သို့ ငါလျှောက်သွားစေမည်။ (c) ငွေကိုချွတ်သကဲ့သို့ ချွတ်မည်။ ရွှေကို စုံစမ်းသကဲ့သို့ စုံစမ်းမည်။ သူတို့သည် ငါ့နာမကို ပဌနာပြု၍ ငါနားထောင်မည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါခေါ်ဝေါ်မည်။ သူတို့ကလည်း၊ ထာဝရဘုရားသည် ငါတို့၏ ဘုရားသခင် ဖြစ်တော်မူ၏ဟု၊ ဝန်ခံကြလိမ့်မည်။ [C]

_________________________
Footnotes


(a) ခရစ်တော် ဒုတိယအကြိမ် ကြွလာသောအခါ ဣသရေလလူများ၏ အပြစ်များကို အကုန်အစင်လွှတ်မည် ဖြစ်သောကြောင့် အပြစ်ဖြေရာ စမ်းရေတွင်း ဟုတင်စားခြင်းဖြစ်သည်။ ထိုအရာသည် ပရောဖက် ယေရမိက ဟောထားသောအရာ၊ အပြစ်များကို သည်းခံမည်၊ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲ နေမည် (ယေရမိ ၃၁း၃၄) ပြည့်စုံခြင်းဖြစ်မည်။

(b) ထိုအရာသည် ဘေးဒဏ်ကြီးကာလ ခုနစ်နှစ်အပြီး ခရစ်တော်ရှင်ဘုရင်အဖြစ် ဒုတိယအကြိမ် ကြွလာသောအခါ ဖြစ်လိမ့်မည်။ ဣသရေလလူများသည် ဘေးဒဏ်ကြီးကာလတွင် သုံးပုံနှစ်ပုံသေ၍ တစ်ပုံသာလျှင် အနှစ်တစ်ထောင် အုပ်စိုးခြင်း၌ ဝင်ရောက်နိုင်ပေလိမ့်မည်။

(c) မီးအလယ်၌ လျှောက်သွားခြင်းသည် ဘေးဒဏ်ကြီးကာလကို ဆိုလိုခြင်းဖြစ်မည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.