-
AA
+
🡀
|
🡂
ဇာခရိ အနာဂတ္တိ
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဇာခရိ အနာဂတ္တိ
အခန်းကြီး ၁၁


ထာ၀ရဘုရားကမသနားရ

အိုလေဗနုန်တောင်၊ သင်၏ အာရဇ်ပင်တို့ကို မီးလောင်စေခြင်းငှါ သင်၏တံခါးတို့ကို ဖွင့်လော့။ အိုထင်းရှုးပင်၊ အာရဇ်ပင်လဲသောကြောင့် မြည်တမ်းလော့။ မြတ်သောအပင်တို့သည် ပျက်စီးကြပြီ။ အိုဗာရှန်သပိတ်ပင်တို့၊ ခိုင်ခံ့သောတောကို ခုတ်လှဲသောကြောင့် မြည်တမ်းကြလော့။ သိုးထိန်းတို့သည် မိမိတို့ အသရေပျက်သောကြောင့် မြည်တမ်းသော အသံကို ပြုကြ၏။ ယော်ဒန်မြစ်၏ ဂုဏ်အသရေ ပျက်သောကြောင့်၊ ခြင်္သေ့ဟောက်သော အသံကို ကြားရ၏။ ငါ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သတ်ဘို့ရာထားသော ဤသိုးစုကို ကျွေးမွေးလော့။ ပိုင်သောသူတို့သည် သတ်၍ ကိုယ်အပြစ်ရှိသည်ကို မသိကြ။ ရောင်းစားသောသူတို့ကလည်း၊ ငါရတတ်သည်ဖြစ်၍ ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း၊ ဟုဆိုကြ၏။ သိုးထိန်းတို့သည်လည်း သနားခြင်း ကရုဏာမရှိကြ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ပြည်သူပြည်သားတို့ကို နောက်တဖန်မသနား၊ မနှမြောဘဲ၊ လူအသီးအသီးတို့ကို အိမ်နီးချင်း လက်သို့၎င်း၊ ရှင်ဘုရင်လက်သို့၎င်း အပ်သဖြင့်၊ သူတို့သည် တပြည်လုံးကို နှိပ်စက်ကြလိမ့်မည်။ သူတို့လက်မှ ငါမကယ်လွှတ်ဘဲ နေမည်၊ ဟုမိန့်တော်မူ၏။


ကျေးဇူးနှင့် အနှောင်အဖွဲ့တောင်ဝေး

ထိုသို့ သတ်ဘို့ရာထားသော သိုးစုတည်းဟူသော၊ ဆင်းရဲသော သိုးတို့ကို ငါ​ကျွေးမွေးရ၏။ သိုးထိန်းတောင်ဝေး နှစ်စင်းကိုယူ၍၊ တစင်းကို ကျေးဇူးဟူ၍၎င်း၊ တစင်းကို အနှောင်အဖွဲ့ဟူ၍၎င်း ခေါ်ဝေါ်လျက်၊ သိုးစုကို ကျွေးမွေး၏။ သိုးထိန်း သုံးယောက်ကိုလည်း တလတွင် ငါပယ်ဖျက်၏။ သူတို့ကြောင့် ငါ့စိတ်ငြီးငွေ့၏။ သူတို့သည်လည်း ငါ့ကိုရွံရှာကြ၏။ နောက်တဖန် သင်တို့ကို ငါမ​ကျွေး။ သေသောအကောင်သည် သေပါလေစေ။ အသတ်ခံရသော အကောင်သည် ခံရပါလေစေ။ ကျန်ကြွင်းသော အကောင်တို့သည် တကောင်ကို တကောင် စားပါလေစေ၊ ဟုငါဆိုလျက်၊ ၁၀ ခပ်သိမ်းသော လူမျိုးတို့နှင့် အရင်ဖွဲ့သော ပဋိညာဉ်ကို ဖျက်လို၍၊ ကျေးဇူးအမည်ရှိသော ငါ၏ တောင်ဝေးကိုယူ၍ ချိုး၏။ ၁၁ ထိုပဋိညာဉ်သည် ထိုနေ့၌ ပျက်သောကြောင့် ငါ့ကိုအမှီပြုသော သိုးဆင်းရဲတို့သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားလည်ကြ၏။


ငွေသုံးဆယ်နှင့်ရောင်း
CROSS REFERENCES





CROSS REFERENCES






၁၂ တဖန်ငါက၊ ငါရထိုက်သော အခကို ပေးအံ့သောငှါ၊ သင်တို့သည် အလိုရှိလျှင် ပေးကြလော့။ အလိုမရှိလျှင် မပေးကြနှင့်၊ ဟုဆိုသော်၊ သူတို့သည် ငါ့အား အခပေးအံ့သောငှါ ငွေသုံးဆယ်ကို ချိန်ကြ၏။ [A] ၁၃ ထာဝရဘုရားကလည်း၊ ထိုငွေကို အိုးထိန်းသမားရှေ့မှာ ပစ်ချကြလော့။ [B]ငါ့ကိုအဘိုးပျက်၍ ငွေများလှသည်တကား၊ ဟုမိန့်တော်မူသည်အတိုင်း၊ ထိုငွေသုံးဆယ်ကို ငါယူ၍ ထာဝရဘုရား၏ ဗိမာန်တော်၌ အိုးထိန်းသမားရှေ့မှာ ပစ်ချ၏။ ၁၄ ထိုအခါ ယုဒအမျိုးနှင့် ဣသရေလအမျိုးဖွဲ့သော မိဿဟာယကို ဖျက်လို၍၊ အနှောင်အဖွဲ့အမည်ရှိသော အခြားတောင်ဝေးကို ငါချိုး၏။


သိုးထိန်းတဦးပေါ်စေမည်

၁၅ တဖန်ထာဝရဘုရားက၊ မိုက်သော သိုးထိန်း၏ တန်ဆာတို့ကို သိမ်းယူလော့။ ၁၆ အကြောင်းမူကား၊ ဤပြည်၌ သိုးထိန်းတဦးကို ငါပေါ်ထွန်းစေမည်။ သူသည် အသတ်ခံရသော အကောင်ကို မကြည့်မရှု၊ လမ်းလွှဲသော အကောင်ကိုမရှာ၊ နာသော အကောင်ကို အနာပျောက်စေခြင်းငှါ မပြု၊ ရပ်နေသော အကောင်ကိုမမစ၊ ဆူသောအကောင်တို့ကို စားလိမ့်မည်။ သူတို့ခွါကိုလည်း ချိုးဖဲ့လိမ့်မည်။ ၁၇ သိုးစုကို စွန့်ပစ်သော အချည်းနှီး သိုးထိန်းသည် အမင်္ဂလာ ရှိစေသတည်း။ သူ၏လက်ရုံးနှင့် လက်ျာမျက်စိ၌ ဓါးဘေးရောက်လိမ့်မည်။ လက်ရုံးသည် အကုန်အစင် ​ခြောက်ကပ်လိမ့်မည်။ လက်ျာမျက်စိသည် အကုန်အစင် မိုက်လိမ့်မည်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.