-
AA
+
🡀
|
🡂
ဟဂ္ဂဲ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဟဂ္ဂဲ အနာဂတ္တိ
အခန်းကြီး ၂


မစိုးရိမ်ဘဲအားယူဘို့ပြော
CROSS REFERENCES






သတ္တမလ နှစ်ဆယ်တရက်နေ့တွင်၊ ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာ၍၊ သင်သည် ယုဒမြို့ဝန် ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသောသူတို့အား ဆင့်ဆိုရမည်မှာ၊ ဤအိမ်တော်သည် ရှေးဘုန်းနှင့် ပြည့်စုံသည်ကို မြင်ဘူး၍၊ သင်တို့တွင် ကျန်ကြွင်းသော သူကား အဘယ်သူနည်း။ ယခုအဘယ်အရာကို မြင်သနည်း။ နှိုင်းယှဉ်လျှင် သင်တို့ မျက်မှောက်၌ အဘယ်မျှမဟုတ်သကဲ့သို့ ဖြစ်သည်မဟုတ်လော။ သို့သော်လည်း၊ အိုဇေရုဗဗေလ အားယူလော့၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ အိုယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှု၊ အားယူလော့။ အိုပြည်သူ ပြည်သားအပေါင်းတို့၊ အားယူကြလော့၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ အဲဂုတ္တု ပြည်မှ ထွက်သွားသောအခါ သင်တို့နှင့် ငါဖွဲ့သော ပဋိညာဉ်စကားနှင့်အညီ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ ဝိညာဉ်တော်သည် သင်တို့တွင် နေရာကျ၏။ မစိုးရိမ်ကြနှင့်၊ [A] ဟုကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။


နောက်အိမ်တော်သည် သာ၍ ဘုန်းကြီးမည်

ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကာလမကြာမမြင့်မှီ ကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို တဖန်ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ နှစ်သက်ဘွယ်သော အရာသည်ရောက်၍၊ ဤအိမ်ကို ဘုန်းနှင့် ငါပြည့်စုံစေမည်၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ရွှေနှင့်ငွေကို ငါပိုင်သည်၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ နောက်တည်သော ဤအိမ်တော်သည် အရင် အိမ်တော်ထက် ဘုန်းသာ၍ ကြီးလိမ့်မည်၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ဤအရပ်၌လည်း ငြိမ်သက်ခြင်းကို ငါပေးမည်၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။


ညစ်ညူးသောအရာက စင်ကြယ်သောအရာ ညစ်ညူးစေ

၁၀ ဒါရိမင်းကြီး နန်းစံနှစ်နှစ် နဝမလ နှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ပရောဖက် ဟဂ္ဂဲအားဖြင့် ရောက်လာလျက်၊ ၁၁ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရားက၊ သင်သည် တရားအမှုကို ယဇ်ပုရောဟိတ်၌ မေးမြန်းရမည်မှာ၊ ၁၂ လူသည် သန့်ရှင်းသော အမဲသားကို မိမိအဝတ်နှင့် ထုတ်၍ ဆောင်ခဲ့လျက်၊ မုန့်၊ ဟင်း၊ စပျစ်ရည်၊ ဆီအစရှိသော စားစရာတစုံတခုကို ထိုအဝတ်နှင့် ထိလျှင်၊ ထိုစားစရာသည် သန့်ရှင်းလိမ့်မည်လော၊ ဟုမေးမြန်းသော်၊ ယဇ်ပုရောဟိတ်တို့က၊ ထိုစားစရာသည် မသန့်ရှင်း၊ ဟုပြန်ပြောကြ၏။ ၁၃ ဟဂ္ဂဲကလည်း၊ အသေကောင်အားဖြင့် မစင်ကြယ်သောသူသည် ထိုအရာတစုံတခုကို ထိလျှင် ညစ်ညူးခြင်း ရှိလိမ့်မည်လော၊ ဟုမေးမြန်းသော်၊ ယဇ်ပုရောဟိတ်တို့က၊ ညစ်ညူးခြင်း ရှိလိမ့်မည်၊ ဟုပြန်ပြောကြ၏။ ၁၄ ဟဂ္ဂဲကလည်း၊ ဤလူမျိုး၊ ဤပြည်သားတို့သည် ငါ့မျက်မှောက်၌ ထိုအတူ ဖြစ်ကြ၏။ သူတို့ လုပ်ဆောင်သမျှသည်လည်း ထိုအတူဖြစ်၏။ ငါ့ထံမှာ ပူဇော်သော အရာသည်လည်း ညစ်ညူး၏၊ ဟုထာဝရဘုရား မိန့်တော်မူ၏။


သင်တို့ကိုဒဏ်ခတ်သော်လည်းမလာကြ

၁၅ ထာဝရဘုရား၏ ဗိမာန်တော်၌ ကျောက်တခု ပေါ်မှာတခုကို မတင်မှီယနေ့မှစ၍ အထက်အမှုကို ပြန်ကြည့်ဆင်ခြင်ကြပါလော့။ ၁၆ ထိုကာလတွင် ဆန်အတင်းနှစ်ဆယ် ထွက်ရသော စပါးပုံသို့ လူလာသောအခါ တဆယ်ကိုသာရ၏။ စပျစ်ရည် အိုးငါးဆယ်ကို ယူခြင်းငှါ စပျစ်သီးနယ်ရာ ကျင်းသို့လာသောအခါ နှစ်ဆယ်ကိုသာရ၏။ ၁၇ သင်တို့ လုပ်ဆောင်သမျှတို့တွင် လေထိ၍ အပင်သေဘေး၊ အရည်ယို၍ သေဘေးဖြင့် ငါသည် ဒဏ်ခတ်ခဲ့ပြီ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။


သင်တို့ကိုကောင်းကြီးပေးမည်

၁၈ ထာဝရဘုရား၏ ဗိမာန်တော်တိုက်မြစ်ကျ၍၊ နဝမလ နှစ်ဆယ်လေးရက်နေ့၊ ယနေ့မှစ၍ ရှေ့သို့ မြော်ကြည့်ဆင်ခြင်ကြပါလော့။ ဆင်ခြင်ရမည်အကြောင်း အရာဟူမူကား၊ ၁၉ စပါးကျီ၌ စပါးရှိသလော။ မရှိ။ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်၊ သံလွင်ပင်တို့သည် အသီးကို မသီးကြသေး။ သို့သော်လည်း၊ ယနေ့မှစ၍ သင်တို့ကို ငါကောင်းကြီးပေးမည်၊ ဟုငါမိန့်တော်မူ၏။


ဇေရုဗဗေလကိုဘုရားကမိန့်ဆို

၂၀ ထိုလ နှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဟဂ္ဂဲသို့ တဖန်ရောက်လာ၍၊ ၂၁ သင်သည် ယုဒမြို့ဝန်၊ ဇေရုဗဗေလကို ဆင့်ဆိုရမည်မှာ၊ ငါသည် ကောင်းကင်နှင့် မြေကြီးကိုလှုပ်မည်။ ၂၂ တိုင်းနိုင်ငံတို့၏ ရာဇပလ္လင်များကို မှောက်လှန်၍၊ အမျိုးမျိုးသော တိုင်းနိုင်ငံတန်ခိုးကို ဖျက်ဆီးမည်။ ရထားနှင့် ရထားစီးသူရဲတို့ကိုလည်း မှောက်လှန်မည်။ မြင်းနှင့် မြင်းစီးသူရဲတို့သည် တယောက်ကို တယောက်ခုတ်၍ လှဲကြလိမ့်မည်။ ၂၃ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုရှာလသေလသား၊ ငါ့​ကျွန် ဇေရုဗဗေလ၊ ထိုအခါ သင့်ကိုငါယူ၍ တံဆိပ်လက်စွပ်ကဲ့သို့ ခန့်ထားမည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ သင့်ကို ငါရွေးချယ်ပြီ၊ ဟုကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။

ပရောဖက် ဟဂ္ဂဲစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.