-
AA
+
🡀
|
🡂
ဇေဖနိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဇေဖနိ အနာဂတ္တိ
အခန်းကြီး ၂


ကိုယ်ကိုစစ်ကြောကြလော့

အရှက်မရှိသော အမျိုးသားတို့၊ ကိုယ်ကို စစ်ကြောကြလော့။ အမိန့်တော်အတိုင်း မစီရင်၊ သင်တို့အချိန်သည် ဖွဲကဲ့သို့မလွန်၊ ထာဝရဘုရား၏ ပြင်းစွာသော အမျက်တော်သည် သင်တို့အပေါ်သို့ မရောက်၊ ထာဝရဘုရား၏ အမျက်တော်နေ့သည် သင်တို့ အပေါ်သို့ မရောက်မှီ ကိုယ်ကို စစ်ကြောကြလော့။

ထာဝရဘုရားကိုရှာကြလော့
CROSS REFERENCES





CROSS REFERENCES






တရားတော်အတိုင်းကျင့်၍ [A] စိတ်နှိမ့်ချသော ပြည်သူပြည်သား အပေါင်းတို့၊ ထာဝရဘုရားကို ရှာကြလော့။ [B]​ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။ ထာဝရဘုရား အမျက် ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်း တွေ့ကြလိမ့်မည်။


မြို့များကိုသုတ်သင်ပယ်ရှင်းမည်

အကယ်စင်စစ် ဂါဇမြို့သည် စွန့်ပစ်ရာ၊ အာရှကေလုန်မြို့သည် သုတ်သင် ပယ်ရှင်းရာ ဖြစ်လိမ့်မည်။ အာဇုတ်မြို့သားတို့ကို မွန်းတည့်ချိန်၌ နှင်ထုတ်၍၊ ဧကြုန်မြို့ကိုလည်း နှင်ထုတ်ကြလိမ့်မည်။ အိုပင်လယ် ကမ်းနားမှာနေသော ခေရသိအမျိုးသားတို့၊ သင်တို့တဘက်၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရှိ၏။ အိုဖိလိတ္တိလူနေရာ ခါနာန်ပြည်၊ သင်၌ အဘယ်သူမျှ မနေစေခြင်းငှါ ငါသုတ်သင်မည်။ ပင်လယ်ကမ်းနား အရပ်သည် ကျက်စားရာ၊ သိုးထိန်းမှီခိုရာ သိုးခြံလုပ်စရာဘို့ ဖြစ်လိမ့်မည်။ ပင်လယ်ကမ်းသည်လည်း ကျန်ကြွင်းသော ယုဒအမျိုးသားတို့အဘို့ ဖြစ်၍၊ သူတို့သည် ထိုအရပ်၌ ကျက်စားကြလိမ့်မည်။ ညအချိန်၌လည်း အာရှကေလုန်မြို့ ရာအိမ်တို့၌ အိပ်ကြလိမ့်မည်။ သူတို့၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အကြည့်အရှုကြွလာ၍ သိမ်းသွားခြင်းဘေးကို ပယ်ရှင်းတော်မူလိမ့်မည်။


မောဘနှင့်အမ္မုန်အမျိုးသားများလည်းစီရင်မည်

မောဘအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့သည် ငါ၏လူမျိုးကို ကဲ့ရဲ့ပြစ်တင်၍၊ ငါ၏ လူနေရာတဘက်၌ ဝါကြွားသော စကားကိုကြားပြီ။ သို့ဖြစ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မောဘပြည်နှင့် အမ္မုန်ပြည်သည် သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဆူးပင်ပေါက်သောအရပ်၊ ဆားချက်ဘို့ မြေတူးရာအရပ်၊ အစဉ်အမြဲ ပျက်စီးရာ အရပ်ဖြစ်၍ ကျန်ကြွင်းသောငါ၏လူ၊ ငါ၏အမျိုးသားတို့သည် လုယူသိမ်းစားကြလိမ့်မည်။ ၁၀ ထိုသူတို့သည် မာနကြီးသောသူဖြစ်၍ ကဲ့ရဲ့လျက်၊ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား၏ လူမျိုးတဘက်၌ ဝါကြွားသောကြောင့် ထိုသို့သော အပြစ်ကို ခံရကြလိမ့်မည်။ ၁၁ ထာဝရဘုရားသည် သူတို့တဘက်၌ ကြောက်မက်ဘွယ်ဖြစ်၍၊ လောကီဘုရား ရှိသမျှတို့ကို အငတ်ထားတော်မူလိမ့်မည်။ တပါးအမျိုးသား နေရာ​ကျွန်း ရှိသမျှတို့သည် အသီးအသီး မိမိတို့အရပ်၌ ရှိခိုးကြလိမ့်မည်။ ၁၂ အိုကုရှပြည်သားတို့၊ သင်တို့သည်လည်း ငါ့ဓါးဖြင့် အသေခံရကြလိမ့်မည်။


အာရှုရိပြည်လည်းဖျက်ဆီးမည်

၁၃ မြောက်မျက်နှာကိုလည်း တိုက်၍ အာရှုရိပြည်ကို ဖျက်ဆီးတော်မူမည်။ နိနေဝေမြို့ကို လူဆိတ်ညံရာအရပ်၊ လွင်ပြင်ကဲ့သို့ သွေ့​ခြောက်သောအရပ် ဖြစ်စေတော်မူမည်။ ၁၄ မြို့အလယ်၌ သိုးစုများနှင့် သားရဲမျိုးစုံအပေါင်းတို့သည်(a) အိပ်ကြလိမ့်မည်။ ဝံပိုနှင့်ဖြူတို့သည် တံခါးထုတ်၌ နေရာကျ၍ ပြတင်းပေါက်၌ မြည်ကြလိမ့်မည်။ တံခါးခုံတို့သည် လူဆိတ်ညံလျက်၊ အာရဇ်သစ်သား၌ အပြောက် ပယ်ရှင်းလျက်ရှိလိမ့်မည်။ ၁၅ ထိုမြို့က၊ ငါရှိ၏။ ငါမှတပါး အဘယ်သူမျှမရှိ၊ ဟုဆိုလျက်၊ သောကနှင့် ကင်းလွတ်၍ ဝမ်းမြောက်လျက် နေဘူးသောမြို့ ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင်ပယ်ရှင်းရာ၊ သားရဲအိပ်ရာအရပ် ဖြစ်ပါသည် တကား။ လျှောက်သွားသောသူ အပေါင်းတို့သည် ကဲ့ရဲ့သံကိုပြု၍ လက်ဖျားခါကြလိမ့်မည်။

_________________________
Footnotes


၁၄ (a)

မြန်မာကျမ်းစာအုပ်၌ "တပါးအမျိုးသားရဲ အပေါင်းတို့သည်" ဟုရေးထားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.