-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၃၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၃၁


မိဒျန်အမျိုးကိုတိုက်၍ ဗာလမ်ကိုလည်းသတ်

တဖန် ထာဝရဘုရားက၊ မိဒျန် အမျိုးသားသည်၊ ဣသရေလ အမျိုးသားတို့ကို ပြစ်မှားသော အပြစ်အလျောက်၊ ဣသရေလ အမျိုးသားဘက်၌ နေ၍ တရားစီရင်လော့။ သို့ပြီးမှ သင်သည် မိမိလူမျိုး စည်းဝေးရာသို့ သွားရမည်၊ ဟုမောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း လူများတို့ကိုခေါ်၍၊ အချို့တို့သည် လက်နက်ကို ကိုင်လျက်၊ မိဒျန်အမျိုးသားတို့သို့ စစ်ချီ၍ ထာဝရဘုရားဘက်၌ တရားစီရင်စေ။ ဣသရေလ အမျိုးတို့တွင် တမျိုးတမျိုးထဲက၊ လူတစ်ထောင်စီ ရွေး၍ စစ်ချီစေ၊ ဟုစီရင်သည်အတိုင်း၊ ဣသရေလ အမျိုးသား အထောင် အသောင်းတို့တွင် တမျိုးတမျိုးထဲက၊ စစ်တိုက်လက်နက် ပါသောသူ တစ်ထောင်စီ၊ လူပေါင်း တစ်သောင်းနှစ်ထောင်ကို အပ်၍၊ မောရှေသည် ထိုသူတို့ကို၎င်း၊ သန့်ရှင်းသော လက်နက်နှင့်တကွ၊ မှုတ်ရန် တံပိုးတို့ကို ကိုင်သော ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်ကို စစ်ချီစေ၏။ မောရှေအား ထာဝရဘုရား မှာထားတော်မူသည် အတိုင်း၊ ထိုသူတို့သည် မိဒျန်အမျိုးသားတို့ကို တိုက်၍ လူယောက်ျား အပေါင်းတို့ကို သတ်ကြ၏။ အသေသတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတည်းဟူသော မိဒျန်မင်းကြီးငါးပါး ပါကြ၏။ ဗောရသား ဗာလမ်ကိုလည်း ဓားနှင့်သတ်ကြ၏။ ဣသရေလ အမျိုးသားတို့သည်၊ မိဒျန် မိန်းမများ သူငယ်များတို့ကို လက်ရသိမ်းယူ၍၊ သိုး၊ ဆိတ်၊ နွားအစရှိသော ဥစ္စာအလုံးစုံတို့ကို လုယူကြ၏။ ၁၀ မိဒျန် အမျိုးသားတို့ နေသော မြို့ရွာ ရှိသမျှကို မီးရှို့ကြ၏။ ၁၁ ဖမ်းရသောသူ၊ တိရစ္ဆာန်နှင့်တကွ၊ လက်ရဥစ္စာအလုံးစုံတို့ကို သိမ်းသွား၍၊ ၁၂ မောဘလွင်ပြင် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ တပ်ချလျက်နေသော မောရှေ၊ ယဇ်ပုရောဟိတ် ဧလာဇာ၊ ဣသရေလ အမျိုးသား ပရိသတ်တို့ထံသို့ ဆောင်ခဲ့ကြ၏။


သူငယ်ယောက်ျားများနှင့် မိန်းမကြီးများသတ်ခိုင်း
CROSS REFERENCES






၁၃ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာမှစ၍ ပရိသတ်တို့၌ မင်းအပေါင်းတို့သည် ကြိုဆိုခြင်းငှာ တပ်ပြင်သို့ ထွက်သွားကြ၏။ ၁၄ မောရှေသည် စစ်တိုက်ရာမှ ပြန်လာသော တပ်မှူးများ၊ ဗိုလ်မင်းများတို့ကို အမျက်ထွက်၍၊ ၁၅ သင်တို့သည် မိန်းမ အပေါင်းတို့ကို အဘယ်ကြောင့် အသက်ရှင်စေကြသနည်း။ ၁၆ ဣသရေလ အမျိုးသားတို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်ပေးသော အကြံကို ပြုကြသောကြောင့်၊ [A]ထာဝရဘုရား၏ ပရိသတ်၌ ဘေးရောက်လေသည်တကား။ ၁၇ ထိုကြောင့်၊ သူငယ် ယောက်ျားအပေါင်းကို၎င်း၊ ယောက်ျားနှင့် ဆက်ဆံဖူးသော မိန်းမ အပေါင်းတို့ကို၎င်း၊ သတ်ကြလော့။ ၁၈ ယောက်ျားနှင့် မဆက်ဆံဖူးသော မိန်းမငယ် အပေါင်းတို့ကို၊ မိမိတို့အဖို့ အသက်ချမ်းသာ ပေးကြလော့။ ၁၉ သင်တို့သည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရကြမည်။ လူကို သတ်သောသူ၊ အသေကောင်ကို ထိသောသူ အပေါင်းတို့ကို၎င်း၊ သိမ်းယူသောသူ တို့ကို၎င်း၊ တတိယနေ့၊ သတ္တမနေ့၌ စင်ကြယ်ကြစေလော့။ ၂၀ သင်တို့အဝတ်နှင့် သားရေတန်ဆာရှိသမျှ၊ ဆိတ်မွှေးဖြင့် ရက်သောအရာ၊ သစ်သားဖြင့်လုပ်သော အရာရှိသမျှတို့ကို စင်ကြယ်စေကြလော့၊ ဟုမှာထားလေ၏။


မီးနှင့်ရေအားဖြင့် စင်ကြယ်စေ

၂၁ ယဇ်ပုရောဟိတ် ဧလာဇာသည်လည်း၊ စစ်တိုက်သွားသော သူရဲကောင်းတို့ကို ခေါ်၍၊ မောရှေ၌ ထာဝရဘုရား မှာထားတော်မူသော ပညတ်တရားဟူမူကား၊ ၂၂ ရွှေ၊ ငွေ၊ ​ကြေးဝါ၊ သံ၊ ​ကြေးဖြူ၊ ခဲအစရှိသော၊ ၂၃ မီးကို ခံနိုင်သောအရာ ရှိသမျှတို့ကို မီးအလယ်၌ သွားစေသဖြင့် စင်ကြယ်စေရမည်။ သို့ရာတွင် စင်ကြယ်စေသော ရေဖြင့်လည်း စင်ကြယ်စေရမည်။ မီးမခံနိုင်သော အရာရှိသမျှတို့ကို ရေအလယ်၌ သွားစေရမည်။ ၂၄ သတ္တမနေ့၌ မိမိအဝတ်ကို လျှော်ပြီးမှ၊ စင်ကြယ်ခြင်းရှိ၍၊ တပ်ထဲသို့ ဝင်ရကြမည်၊ ဟုမှာထားလေ၏။


လက်ရသိမ်းယူသောအရာများခွဲဝေ

၂၅ ထာဝရဘုရား ကလည်း၊ သင်နှင့် ယဇ်ပုရောဟိတ် ဧလာဇာ၊ ၂၆ ပရိသတ် အဆွေအမျိုး သူကြီးတို့သည်၊ ယခုလက်ရ သိမ်းယူခဲ့သော ဥစ္စာ၊ လူ၊ တိရစ္ဆာန်အပေါင်းတို့ကို ယူ၍၊ ၂၇ ထက်ဝက်ခွဲပြီးလျှင် တဝက်စီကို စစ်မှုထမ်း၍ အတိုက်သွားသော သူတို့အား၎င်း၊ တဝက်ကို ပရိသတ် အပေါင်းတို့အား၎င်း ဝေပေးလေ၏။ ၂၈ စစ်တိုက်သွားသော စစ်သူရဲတို့သည်၊ ထာဝရဘုရား အားပေးရသော အခွန်ကိုခွဲ၍၊ လူ၊ နွား၊ မြည်း၊ သိုးအကောင် ငါးရာတွင် တစ်ကောင်ကို ကောက်ယူပြီးလျှင်၊ ၂၉ သူတို့ခံရသော ထက်ဝက်အဖို့ ထဲက နှုတ်၍၊ ထာဝရဘုရား ရှေ့တော်၌ ချီးမြှောက်ရာ ပူဇော်သက္ကာ ပြုဖို့ရာ ယဇ်ပုရောဟိတ် ဧလာဇာ အားပေးရမည်။ ၃၀ ဣသရေလ အမျိုးသား ခံရသော တဝက်အဖို့ ထဲကလည်း၊ လူ၊ နွား၊ မြည်း၊ သိုးအစရှိသော တိရစ္ဆာန်မျိုး အကောင် ငါးဆယ်တို့တွင် တစ်ကောင်ကို ကောက်ယူ၍၊ ထာဝရဘုရား၏ တဲတော်ကို စောင့်သော လေဝိသားတို့အား ပေးရမည်၊ ဟု၃၁ မောရှေအား ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည် ပြုလေ၏။

၃၂ စစ်သူရဲတို့ကလည်း လက်ရသိမ်းယူခဲ့၍ ကျန်ကြွင်းသော ဥစ္စာပေါင်းကား၊ သိုး​ခြောက်သိန်း ခုနစ်သောင်း ငါးထောင်၊ ၃၃ နွားခုနစ်သောင်း နှစ်ထောင်၊ ၃၄ မြည်း​ခြောက်သောင်း တစ်ထောင်၊ ၃၅ ယောက်ျားနှင့် မဆက်ဆံဖူးသော မိန်းမသုံးသောင်း ခုနစ်ထောင်ရှိသတည်း။ ၃၆ စစ်တိုက်သွားသောသူတို့ ခံရသော ထက်ဝက်အဖို့ကား၊ သိုးသုံးသိန်း သုံးသောင်း ခုနစ်ထောင့် ငါးရာရှိသည်ဖြစ်၍၊ ၃၇ ထာဝရဘုရား ခံရသော အခွန်ကား၊ သိုး​ခြောက်ရာ ခုနစ်ဆယ့် ငါးကောင်တည်း။ ၃၈ နွားသုံးသောင်း ခြောက်ထောင် ရှိသည်ဖြစ်၍၊ ထာဝရဘုရား ခံရသော အခွန်ကား၊ နွားခုနစ်ဆယ့် ခုနစ်ကောင်တည်း။ ၃၉ မြည်းသုံးသောင်း ငါးရာရှိသည်ဖြစ်၍၊ ထာဝရဘုရား ခံရသောအခွန်ကား၊ မြည်း​ခြောက်ဆယ့် တစ်ကောင်တည်း။ ၄၀ လူတစ်သောင်း ခြောက်ထောင်ရှိသဖြင့်၊ ထာဝရဘုရား ခံရသော အခွန်ကား၊ လူသုံးဆယ့် နှစ်ယောက်တည်း။ ၄၁ ထာဝရဘုရား မှာထားတော်မူသည် အတိုင်း၊ မောရှေသည် ရှေ့တော်၌ ချီးမြှောက်ရာ ပူဇော်သက္ကာ ပြုဖို့ရာ အခွန်ကို ယဇ်ပုရောဟိတ် ဧလာဇာအား အပ်ပေးလေ၏။ ၄၂ တဖန်စစ်တိုက်သော သူတို့လက်မှ မောရှေယူ၍၊ ဣသရေလအမျိုးသား၊ ၄၃ ပရိသတ်တို့ ခံရသော ထက်ဝက်အဖို့ကား၊ သိုးသုံးသိန်း သုံးသောင်း ခုနစ်ထောင့် ငါးရာ၊ ၄၄ နွားသုံးသောင်း ​ခြောက်ထောင်၊ ၄၅ မြည်းသုံးသောင်းငါးရာ၊ ၄၆ လူတစ်သောင်း​ ခြောက်ထောင်ရှိသည်ဖြစ်၍၊ ၄၇ ဣသရေလ အမျိုးသားခံရသော ထက်ဝက်အဖို့ လူ၊ တိရစ္ဆာန် အကောင် ငါးဆယ်တို့တွင် တစ်ကောင်ကို မောရှေကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကိုစောင့်သော လေဝိသားတို့အား ပေးလေ၏။ ထိုသို့ ထာဝရဘုရား မှာထားတော်မူ၏။


အသက်ဘိုးဖြေဖို့ ရွှေငွေများလှူကြ

၄၈ လူတစ်ရာ၊ တစ်ထောင်ကို အုပ်သောတပ်မှူးများ၊ ဗိုလ်မှူးများတို့သည်လည်း၊ မောရှေထံသို့ ချဉ်းကပ်၍၊ ၄၉ ကိုယ်တော်ကျွန်တို့သည် အုပ်သော စစ်သူရဲတို့ကို စာရင်းယူပြန်၍၊ လူတစ်ယောက်မျှ မလျော့ပါ။ ၅၀ ထိုကြောင့် ထာဝရဘုရား ရှေ့တော်၌ အသက်အဘိုးကို​ ဖြေဖို့ရာ လူအသီးအသီး ရသော ရွှေတန်ဆာ၊ လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်၊ နားတောင်း၊ နှာခေါင်းဆွဲဘူးတို့ကို ထာဝရဘုရားအား ပူဇော်လျက် ဆောင်ခဲ့ပါပြီ၊ ဟုလျှောက်ဆိုလျှင်၊ ၅၁ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်၊ ထိုရွှေတည်းဟူသော လုပ်ပြီးသော တန်ဆာရှိသမျှတို့ကို ခံယူကြ၏။ ၅၂ စစ်သူရဲ အသီးအသီးတို့သည် မိမိတို့အဖို့ သိမ်းယူ၍၊ တပ်မှူးများ၊ ဗိုလ်များတို့သည် ထာဝရဘုရားအား ပူဇော်သော ရွှေချိန်ပေါင်းကား၊ တစ်ရာ​ခြောက်ဆယ့် ခုနစ်ပိဿာနှင့် အကျပ် ငါးဆယ်ရှိသတည်း။ ၅၄ တပ်မှူးများ၊ ဗိုလ်များပူဇော်သော ရွှေကို မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်ယူ၍၊ ဣသရေလ အမျိုးသားတို့ကို ထာဝရဘုရား အောက်မေ့တော်မူဖို့ရာ ပရိသတ် စည်းဝေးရာ တဲတော်၌ သွင်းထားကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.