-
AA
+
🡀
|
🡂
ယောလ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ယောလ အနာဂတ္တိ
အခန်းကြီး ၂



ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ သန့်ရှင်းသော ငါ့တောင်ပေါ်မှာ သတိပေးသော အသံကို ပြုကြလော့။ ပြည်သူ ပြည်သား အပေါင်းတို့သည် တုန်လှုပ်ကြစေ။ အကြောင်းမူကား၊ ထာဝရဘုရား၏ နေ့ရက်သည် လာ၍ နီးပြီ။ မိုက်မဲသောနေ့၊ မိုးအုံ၍ မှောင်မိုက် ထူထပ်သော နေ့ဖြစ်၏။ ဓနအာရုန်သည် တောင်ထိပ်တို့ကို နှံ့ပြားသကဲ့သို့၊ အများဖြစ်၍ အားကြီးသော အမျိုးသည်လာ၏။ ရှေးကာလ၌ ထိုသို့မဖြစ်စဖူး။ နောင်ကာလအစဉ် အဆက်၌လည်း မဖြစ်ရလတံ့။ သူတို့ရှေ့မှာ မီးလောင်၏။ နောင်၌လည်း မီးလျှံတောက်၏။ ရှေ့တွင် ရှိသောပြည်သည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်၏။ နောက်၌ ကား၊ သုတ်သင် ပယ်ရှင်းသော လွင်ပြင်ဖြစ်၏။ အကယ်စင်စစ် သူတို့လက်မှ အဘယ်အရာမျှ မလွတ်ရ။ သူတို့သည် အဆင်းအားဖြင့် မြင်းနှင့်တူ၍၊ မြင်းစီးသူရဲကဲ့သို့ ပြေးကြလိမ့်မည်။ ရထားမြည်းသံကဲ့သို့၎င်း၊ အမှိုက်ကို လောင်သော မီးမြည်သံကဲ့သို့၎င်း အသံမြည်၍ တောင်ထိပ်တို့ အပေါ်မှာ ခုန်ကြလိမ့်မည်။ စစ်တိုက်ခြင်းငှါ ခင်းကျင်း၍ အားကြီးသော လူအလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။ သူတို့ရှေ့မှာ လူတို့သည် အလွန်ပင်ပန်းသော စိတ်ရှိ၍၊ ခပ်သိမ်းသောသူတို့သည် မျက်နှာမည်း ကြလိမ့်မည်။ သူတို့သည် သူရဲကဲ့သို့ပြေး၍ စစ်သူရဲကဲ့သို့ မြို့ရိုးကို တတ်ကြလိမ့်မည်။ လမ်းမလွှဲဘဲ အသီးအသီး မိမိတို့လမ်းသို့ တည့်တည့် လိုက်ကြလိမ့်မည်။ တဦးကိုတဦး မတိုက်ဘဲ မိမိလမ်းသို့ မိမိလိုက်ကြလိမ့်မည်။ ထားသွားကို ထိသော်လည်း၊ ရှနခြင်းကို မခံရကြ။ မြို့ထဲမှာ တလည်လည်ပြေးလျက်၊ မြို့ရိုးကို ကျော်လျက်၊ အိမ်ပေါ်သို့ တက်လျက်၊ သူခိုးကဲ့သို့ ပြတင်းပေါက်ထဲသို့ ဝင်လျက် ရှိကြလိမ့်မည်။ ၁၀ သူတို့ရှေ့မှာ မြေကြီးလှုပ်လိမ့်မည်။ မိုးကောင်းကင်လည်း တုန်ခိုက်လိမ့်မည်။ နေနှင့်လသည် မိုက်၍၊ ကြယ်တို့သည် မထွန်းလင်းဘဲ နေကြလိမ့်မည်။ ၁၁ ထာဝရဘုရားသည်လည်း မိမိတပ်တော်ရှေ့မှာ အသံကို လွှင့်တော်မူမည်။ တပ်တော်သည် အလွန်ကြီးမား၏။ စကားတော်အတိုင်း၊ ဆင်ယင်သောသူသည် တန်ခိုးကြီးတော်မူ၏။ ထာဝရဘုရား၏ နေ့ရက်သည်ကြီး၍ အလွန်ကြောက်မက်ဘွယ်သော နေ့ရက်ဖြစ်၏။ အဘယ်သူ ခံနိုင်သနည်း။

၁၂ သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေး မြည်တမ်းခြင်းနှင့်တကွ၊ စိတ်နှလုံးအကြွင်းမဲ့၊ ငါ့ထံသို့ ပြန်လာကြလော့။ ၁၃ အဝတ်ကိုမဆုတ်ဘဲ နှလုံးကို ဆုတ်လျက်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်၍ စိတ်ရှည်သောသဘော၊ အလွန်ကျေးဇူး ပြုချင်သောသဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သော သဘောရှိတော်မူ၏။ ၁၄ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်ရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ၊ ဘုရားသခင်သည် တဖန်ပြန်လာ၍ နောင်တရပြီးလျှင်၊ ကောင်းကြီးမင်္ဂလာကို ထားရစ်စေတော်မူမည်။ အဘယ်သူသိနိုင်သနည်း။

၁၅ ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ အစာရှောင်ရသော အချိန်ကို ခန့်ထား၍၊ ခြိုးခြံစွာကျင့်ရသော အချိန်ကို ကြော်ငြာကြလော့။ ၁၆ လူများတို့ကို ခေါ်၍၊ စုဝေးသော ပရိသတ်တို့ကို သန့်ရှင်းစေကြလော့။ အသက်ကြီးသော သူတို့ကို၎င်း၊ ငယ်သောသူနှင့် နို့စိုသောသူတို့ကို၎င်း စုဝေးစေကြလော့။ မင်္ဂလာဆောင် လုလင်သည် မိမိအခန်းထဲက၎င်း၊ မင်္ဂလာဆောင် သတို့သမီးသည် မိမိကွယ်၍ နေသော ကုလားကာတွင်းက၎င်း ထွက်စေ။ ၁၇ ထာဝရဘုရား၏ အမှုတော်စောင့်၊ ယဇ်ပုရောဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင် စပ်ကြားမှာ ငိုကြွေးလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ လူများကို သနားတော်မူပါ။ တပါးအမျိုးသားတို့သည် အစိုးရ၍၊ အမွေတော်လူတို့ကို ကဲ့ရဲ့စေခြင်းငှါ အပ်နှံတော်မမူပါနှင့်။ သူတို့ ဘုရားသခင်ကား၊ အဘယ်မှရှိသနည်း၊ ဟုတပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါသနည်း၊ ဟုလျှောက်ကြစေ။ ၁၈ သို့ပြုလျှင်၊ ထာဝရဘုရားသည် (သူ၏) ပြည်တော်ကို မစချင်သော စိတ်အားကြီး၍ မိမိလူတို့ကို ကယ်မ သနားတော်မူလိမ့်မည်။ ၁၉ အကယ်စင်စစ် ထာဝရဘုရားသည် ထူးတော်မူလျက်၊ ငါသည်ဆန်စပါး၊ စပျစ်ရည်၊ ဆီကိုပေးလိုက်၍ သင်တို့သည် ဝကြလိမ့်မည်။ နောက်တဖန် တပါးအမျိုးသား ကဲ့ရဲ့ရာ ဖြစ်စေခြင်းငှါ ငါမပြု။ ၂၀ မြောက်မျက်နှာ တပ်သားတို့ကို သင်တို့နေရာမှ ငါပယ်ရှားမည်။ အဘယ်သူမျှမရှိ၊ သွေ့​ခြောက်သော အရပ်သို့ နှင်ထုပ်မည်။ အရှေ့ပင်လယ်ကို မျက်နှာပြုလျက်၊ အနောက်ပင်လယ်ကို ကျောခိုင်းလျက် ချီသွားလိမ့်မည်။ ပုပ်စပ်နံစော်သော အနံ့ထွက်လိမ့်မည်။ ထာဝရဘုရားသည် ကြီးသောအမှုတို့ကို ပြုတော်မူမည်၊ ဟုမိန့်တော်မူ လိမ့်မည်။
CROSS REFERENCES





CROSS REFERENCES






၂၁ အိုပြည်တော်၊ မစိုးရိမ်နှင့်။ [A] ဝမ်းမြောက်ရွှင်လန်းခြင်းရှိလော့။ ထာဝရဘုရားသည် ကြီးသောအမှုတို့ကို ပြုတော်မူမည်။ ၂၂ အိုတောသားရဲတို့၊ မစိုးရိမ်ကြနှင့်။ တောမြက်ပင်ပေါက်လျက်၊ သစ်ပင်တို့သည် အသီးကိုသီးလျက်၊ သင်္ဘောသဖန်းပင်နှင့် စပျစ်နွယ်ပင်တို့လည်း အားထုတ်လျက် ရှိကြ၏။ ၂၃ အိုဇိအုန်မြို့သားတို့၊ ဝမ်းမြောက်၍ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို အမှီပြုလျက်၊ ရွှင်လန်းကြလော့။ အကြောင်းမူကား၊ ဓမ္မဆရာကို ပေးတော်မူ၍ အစအဦး၌လည်း အရင်မိုးနှင့် နောက်မိုးကို သင်တို့အပေါ်မှာ ရွာစေတော်မူမည်။ ၂၄ ကောက်နယ် တလင်းတို့သည် စပါးနှင့်ပြည့်၍၊ အသီးနယ်ရာ ကျင်းတို့၌ လည်းစပျစ်ရည်နှင့် ဆီလျှံကြလိမ့်မည်။ ၂၅ အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတည်းဟူသော ငါစေလွှတ်သော ငါ၏မဟာ ဗိုလ်​ခြေတို့ကို ကိုက်စားသော နှစ်ပေါင်းကာလကို ငါပြန်ပေးမည်။ ၂၆ သင်တို့သည် ဝစွာစားရကြလိမ့်မည်။ အံ့ဩဘွယ်သော အမှုတို့ကို သင်တို့၌ ပြုသော သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလိမ့်မည်။ [B] နောက်တဖန် ငါ၏လူတို့သည်လည်း ရှက်ကြောက်ခြင်း မရှိရကြ။ ၂၇ ငါသည် ဣသရေလ အမျိုး၏ အလယ်၌ ရှိကြောင်းကို၎င်း အခြားသောဘုရားမရှိ၊ ငါထာဝရဘုရားသည် သင်တို့၏ ဘုရားသခင် ဖြစ်ကြောင်းကို၎င်း သင်တို့သိရကြလိမ့်မည်။ နောက်တဖန် ငါ၏လူတို့သည် ရှက်ကြောက်ခြင်း မရှိရကြ။

၂၈ ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြော ရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။ အသက် ငယ်သောသူတို့သည်လည်း ဗျာဒိတ် ရူပါရုံတို့ကိုလည်း မြင်ရကြလိမ့်မည်။ ၂၉ ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။ [C] ၃၀ မိုးကောင်ကင်၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ အံ့ဘွယ်သောအရာ တည်းဟူသောသွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ငါပြမည်။ ၃၁ ထာဝရဘုရား၏ ကြောက်မက် ဘွယ်သောနေ့ကြီး မတိုင်မှီ၊ နေသည် မှောင်မိုက်အတိ ဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။ ၃၂ ထိုအခါ ထာဝရဘုရားကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။ အကြောင်းမူကား၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဇိအုန်တောင်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား ခေါ်တော်မူသော အကျန်အကြွင်းတို့အဘို့ ကယ်တင်ခြင်း အခွင့်ရှိရလတံ့။






S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.