၇ နာမတော်ကို ပဌနာပြုသောသူ။ ကိုယ်တော်ကို မှီဝဲခြင်းငှါ ကိုယ်ကိုကိုယ် နှိုးဆော်သောသူ တယောက်မျှ မရှိပါ။ အကြောင်းမူကား၊ မျက်နှာတော်ကို လွှဲ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ။
၇ ထိုသူအပေါင်းတို့သည် မီးဖိုကဲ့သို့ပူကြ၏။ မိမိတို့တရားသူကြီးများကို လောင်ကြပြီ။ သူတို့ရှင်ဘုရင်အပေါင်းတို့သည် လဲကြပြီ။ ငါ့ကိုဟစ်ခေါ်သောသူ တယောက်မျှမရှိ။
၁၃ ဤလူမျိုးသည် ဒဏ်ခတ်တော်မူသောသူ ထံသို့ပြန်မလှည့်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ်။
၁၀ ဣသရေလအမျိုး၏ မာနသည်သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ရောက်သော်လည်း၊ အမျိုးသားတို့သည် ကိုယ်ဘုရားသခင်ထာဝရဘုရားထံတော်သို့ မပြန်မလာကြ။ အမှုရောက်သော်လည်း ဘုရားကိုမရှာကြ။
၆ ထာဝရဘုရား၏ နောက်တော်သို့မလိုက်၊ ဆုတ်သွားသောသူ၊ ထာဝရဘုရားကိုမရှာဖွေ မမေးမြန်းသော သူတို့ကို၎င်း၊ ငါပယ်ရှင်းမည်။
sထာဝရဘုရား၏နေ့