၈ သေခြင်းကိုလည်း နစ်မွန်ဆုံးရှုံး စေတော်မူလိမ့်မည်။ အရှင် ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏ လူတို့သည် ခံရသော ကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီးတပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်၊ ဟုထာဝရဘုရား အမိန့်တော်ရှိ၏။
၅၄ ဤပုပ်တတ်သော အရာသည် မပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤသေတတ်သော အရာသည် မသေနိုင်သော အဖြစ်သို့၎င်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီ၊ ဟုကျမ်းစာ၌လာချက် ပြည့်စုံလိမ့်မည်။