၁၄ ဘုရားသခင်သည် တကြိမ် မိန့်မြွက်တော်မူ၏။ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန့်မြွက်တော်မူ၏။
၁၇ ဘုရားသခင်သည် ထိုလုလင် လေးယောက်တို့အား၊ အထူးထူးသော သိပ္ပံအတတ် ပညာတို့ကို သိစေခြင်းငှါ၊ ထိုးထွင်း၍ နားလည်နိုင်သော ဥာဏ်သတ္တိကို ပေးသနားတော်မူ၏။ ဒံယေလသည်လည်း ဗျာဒိတ်ရူပါရုံနှင့် အိပ်မက်ကို နားလည်နိုင်သော ဥာဏ်ပညာနှင့် ပြည့်စုံ၏။
၁ နေဗုခဒ်နေဇာမင်းသည် နန်းစံနှစ်နှစ်တွင်၊ အိပ်မက်ကို မြင်တော်မူ၍ ထိတ်လန့်ခြင်း စိတ်ရှိသောကြောင့် စက်တော် မခေါ်နိုင် သည်ဖြစ်၍၊
၅ ကြောက်မက်ဘွယ်သော အိပ်မက်ကိုမြင်၍၊ သာလွန်ပေါ်မှာ အိပ်လျက်စိတ်ထဲ၌ အာရုံပြုသော ရူပါရုံအားဖြင့် တုန်လှုပ်ခြင်းသို့ ငါရောက်လေ၏။
၂၈ ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြော ရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။ အသက် ငယ်သောသူတို့သည်လည်း ဗျာဒိတ် ရူပါရုံတို့ကိုလည်း မြင်ရကြလိမ့်မည်။
၇ ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှုရိရှင်ဘုရင် တည်းဟူသော၊ ခွန်အားဗလကြီး၍ များသော မြစ်ရေနှင့် သူတို့ လွှမ်းမိုးစေတော်မူသဖြင့်၊ ထိုမြစ်သည် မိမိချောင်းများကိုလွှမ်း၍ မိမိကမ်းများကို လျှံလျက်၊
၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြောက်မျက်နှာဘက်က ရေသည်ထ၍ လွှမ်းမိုးသောပင် လယ်ဖြစ်လျက်၊ တပြည်လုံးနှင့်ပြည်၌ ပါသမျှကို၎င်း၊ မြို့နှင့်မြို့၌ နေသောသူတို့ကို၎င်း၊ လွှမ်းမိုး၍၊ သူတို့သည် အော်ဟစ်ကြလိမ့်မည်။ ပြည်သူပြည်သားတို့သည် မြည်တမ်းကြလိမ့်မည်။
၂ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကိုသူနှင့် ပြုကြပြီ။ မြေကြီးသားတို့သည်၊ သူ၏မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီ။ ဟုပြောဆိုလျက်၊
၁၅ ယခုမြင်၍ ပြည်တန်ဆာ ထိုင်သောရေကား၊ အသီးသီးဘာသာစကားကို ပြောသော၊ လူအမျိုးမျိုးအစုစု ဖြစ်သတည်း။
၁၄ သစ်ပင်ကိုလှဲလော့။ အခက်တို့ကိုခုတ်လော့။ အသီးအရွက်တို့ကို လှုပ်ခြွေလော့။ တိရစ္ဆာန်တို့သည် သစ်ပင်အောက်က ထွက်၍၊ ငှက်တို့သည်လည်း အကိုင်းအခက်ထဲက သွားကြစေ။
၂၃ သစ်ပင်စောင့်၊ သန့်ရှင်းသူ တယောက်သည် ကောင်းကင်မှ ဆင်းလာ၍၊ သစ်ပင်ကို ခုတ်လှဲဖျက်ဆီးလော့။ သို့သော်လည်း၊ မြေကြီး၌ စွဲသောအမြစ်နှင့်တကွ သစ်ငုတ်ကို ခြွင်းထား၍ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသော မြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံး မိုးစွတ်ခြင်းကိုခံ၍၊ မြေတိရစ္ဆာန်တို့နှင့် ဆက်ဆံစေ၊ ဟုဆိုသည်မှာ၊
၃၁ ထိုစကားကို မြွက်ဆိုစဉ်ပင်၊ ကောင်းကင်မှ သက်ရောက်သော အသံဟူမူကား၊ အိုနေဗုခဒ်နေဇာမင်းကြီး၊ နားထောင်လော့။ နိုင်ငံတော်သည် သင့်လက်မှ ရွေ့သွားပြီ။
၁ ပင်လယ်နား၌ သဲပေါ်မှာငါ %fo(a) ရပ်၍၊ သားရဲတကောင်သည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်း နှင့်တကွ ချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသောနာမရှိလျက်၊ ပင်လယ် ထဲက တက်သည်ကိုမြင်၏။
၃ ငါ့ကိုဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွားလေ၏။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမတို့နှင့်အပြည့်ရှိသော၊ သားရဲနီအပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတဦးကိုငါမြင်၏၊
၁၉ မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေ အပေါင်းတို့သည် လက်ျာတော်ဘက် လက်ဝဲတော်ဘက်၌ ရပ်နေကြသည်ကို၎င်း၊ ငါမြင်ပြီ။
၁ ဩဇိမင်းကြီး အနိစ္စရောက်သောနှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သော ပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကို ဖြည့်လေ၏။
၂၆ သူတို့၏ ခေါင်းများအထက် မိုးမျက်နှာကြက်အပေါ်၌လည်း နီလာကျောက်ကဲ့သို့ အဆင်းအရောင်ရှိသော ရာဇပလ္လင် သဏ္ဍာန်ပေါ်၏။ ပလ္လင်သဏ္ဍာန်အပေါ်၌လည်း လူပုံသဏ္ဍာန်ကဲ့သို့ ပေါ်၏။
၂ ထိုအခါ ဝိညာဉ်တော်ကို ငါသည်ချက်ချင်းခံရ၍၊ ကောင်းကင်ဘုံ၌ ပလ္လင်တခုတည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာ ထိုင်သောသူလည်းရှိ၏။
၁ ထိုနောက်မှငါကြည့်လျှင်၊ ကောင်းကင်၌ တံခါးဖွင့်ထားလျက်ရှိ၏။ ရှေ့ဦးစွာကြားရသော အသံဟူမူကား၊ ဤအရပ်သို့ တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်၊ ဟုငါနှင့်ပြောလျက်ရှိသော တံပိုးခရာသံကဲ့သို့မြည်လေ၏။
_________________________
Footnotes