-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၇



နောက် တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ အချင်းလူသား၊ အရှင် ထာဝရဘုရားသည် ဣသရေလ ပြည်သားတို့ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ပြည်လေးထောင့်တို့သည် ဆုံးခြင်းသို့ ရောက်ကြ၏။ သင်သည် ဆုံးခြင်းသို့ရောက်၍ သင့်အပေါ်သို့ ငါ၏မျက်နှာကို ငါလွတ်လိုက်မည်။ သင်၏ အကျင့်နှင့် အလျောက် ငါစီရင်မည်။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုတို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သင့်အကျင့်တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြု မိသော ရွံ့ရှာဘွယ်အမှုတို့သည်သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိရလိမ့်မည်။

အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘေးတခု နောက်တခုရောက်လာ၏။ ဆုံးခြင်းဘေး ရောက်လာ၏။ ဆုံးခြင်းဘေး ရောက်လာ၏။ သင့်ကို စောင့်လျက် ရောက်လာ၏။ အိုပြည်တော်သား၊ သင်သည် အလှည့်ခံရသော အချိန်ရောက်လာ၏။ အချိန်စေ့ပြီ။ ရွှင်လန်းစွာ ကြွေးကြော်ခြင်း မရှိရဘဲ၊ ရုန်းရင်းခတ်ခြင်းအမှုကို ပြုရသောနေ့ပြီးပြီ။ ငါသည် မကြာမမြင့်မှီ သင်၏အပေါ်သို့ ငါ၏ဒေါသအရှိန်ကို သွန်းလောင်းမည်။ သင်၌ ငါ့အမျက်အလိုကို ပြည့်စုံစေမည်။ သင်၏ အကျင့်အတိုင်း စီရင်မည်။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုတို့ကို အကျိုးအပြစ်ကို ဆပ်ပေးမည်။ နှမြော စုံမက်ခြင်းမရှိဘဲ၊ သင့်အကျင့်တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသော ရွံ့ရှာဘွယ်အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါထာဝရ ဘုရားသည် ဒဏ်ပေးကြောင်းကို သိရကြလိမ့်မည်။ ၁၀ နေ့ရက်ရောက်လာ၏။ ရောက်လာ၏။ အလှည့်ခံရချိန်စေ့ပြီ။ တံဖျာဖွင့်ပြီ။ မာနကြီးပွားပြီ။ ၁၁ ညှဉ်းဆဲခြင်းအမြစ်မှ အပြစ်တံဖျာပေါက်လေပြီ။ သူတို့အစည်းအဝေး သူတို့ပရိသတ် တစုံတယောက်မျှ မကြွင်းကျန်စေရ။ သူတို့အဘို့ ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ ၁၂ အချိန်စေ့ပြီ။ နေ့ရက်နီးပြီ။ ဝယ်သောသူသည် ဝမ်းမမြောက်စေနှင့်။ ရောင်းသောသူသည် စိတ်မသာ၊ မညည်းတွားစေနှင့်။ အကြောင်းမူကား ထိုလူ အစုအဝေး အပေါင်းတို့အပေါ်မှာ အမျက်တော်သည် တည်လျက်ရှိ၏။ ၁၃ ရောင်းသောသူသည် အသက်လွတ်လျက် ရှိသော်လည်း ရောင်းသောမြေသို့ ပြန်၍မလာ။ ထိုလူ အစုအဝေးအပေါင်းတို့နှင့် ဆိုင်သော ဗျာဒိတ်ရူပါရုံသည် မပြည့်စုံဘဲ မနေရ။ မတရားစွာ ကျင့်သောအားဖြင့် အဘယ်သူမျှ မတည်နိုင်ရ။ ၁၄ စစ်ခင်းကျင်းစေခြင်းငှါ တံပိုးကို မှုတ်ကြသော်လည်း၊ အဘယ်သူမျှ စစ်ချီ၍မသွား။ အကြောင်းမူကား၊ ငါ့မျက်ရည်သည် ထိုအစုအဝေး အပေါင်းတို့အပေါ်မှာ တည်လျက်ရှိ၏။ ၁၅ ပြင်၌ ကားထားရှိ၏။ အတွင်း၌ ကားနား၊ ခြင်းမွတ်သိပ်ခြင်းရှိ၏။ လယ်ပြင်တွင် ရှိသောသူသည် ဓါးဖြင့်သေလိမ့်မည်။ မြို့ထဲတွင် ရှိသောသူသည်လည်း နာခြင်း၊ မွတ်သိပ်ခြင်းအားဖြင့် ဆုံးလိမ့်မည်။


၁၆ သို့ရာတွင် လွတ်သောသူတို့သည် လွတ်သောအခါ အသီးအသီး မိမိတို့ အပစ်ကြောင့် စိတ်မသာညည်းတွားလျက်၊ ချိုင့်သား ချိုးကဲ့သို့တောင်ပေါ်မှာ ရှိကြလိမ့်မည်။ ၁၇ ထိုသူရှိသမျှတို့သည် လက်အားလျော့၍၊ ဒူးသည်လည်း အရည်ဖြစ်လိမ့်မည်။ ၁၈ သူတို့သည်လည်း လျှော်တေအဝတ်ကို ဝတ်စားလျက်၊ ပြင်းစွာသော ထိတ်လန့်ခြင်းနှင့် ကိုယ်ကိုခြုံလျက် တယောက်မျှမကြွင်း၊ မျက်နှာရှက်ကြောက်လျက်၊ ဆံပင်ဖြတ်လျက် ရှိကြလိမ့်မည်။ ၁၉ သူတို့ငွေကို လမ်းသို့ပစ်၍၊ ရွှေကို ညစ်ညူးသော အရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရား အမျက် ထွက်တော်မူသောကာလ၌ ၊ သူတို့ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှါ မတက်နိုင်။ သူတို့အလိုဆဒ္ဒ​ကို မ​ဖြေနိုင်။ ဝစွာမ​ကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူတို့ထိမိ၍ မှားယွင်းခြင်း အကြောင်း ဖြစ်သတည်း။ ၂၀ သူတို့၌ တင့်တယ်သော တန်ဆာအားဖြင့် သူတို့မာနကို တိုးပွါးစေ၍၊ သူတို့ စက်ဆုပ်ဖွယ်သော ရုပ်တုဆင်း တုတို့ကို၎င်း၊ ရွံရှာဘွယ်သော အရာတို့ကို၎င်း၊ လုပ်ကြသောကြောင့် ထိုတန်ဆာကို ညစ်ညူးသော အရာဖြစ်စေခြင်းငှါ စီရင်ရမည်။ ၂၁ တပါးအမျိုးသားတည်းဟူသော အဓမ္မလူတို့သည် လုယူဖျက်ဆီးစေခြင်းငှါ သူတို့လက်သို့ ငါအပ်သဖြင့်၊ သူတို့သည် ညစ်ညူး စေကြလိမ့်မည်။ ၂၂ ငါလည်း မျက်နှာလွဲသည်ဖြစ်၍၊ သူတို့သည် ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ထားပြတို့သည် ဝင်၍ ညစ်ညူးစေကြလိမ့်မည်။ ၂၃ သံကြိုးကိုလုပ်လော့။ အကြောင်းမူကား ပြည်သူလူ အသက်ကိုသတ်ခြင်း အပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ညှဉ်းဆဲနှိပ်စက်ခြင်းနှင့် ပြည့်၏။ ၂၄ ထိုကြောင့် ကြမ်းကြုတ်သော လူမျိုးတို့ကိုငါဆောင် ခဲ့၍ သူတို့သည် အိမ်များကို သိမ်းယူကြလိမ့်မည်။ ခွန်အားကြီးသော သူတို့၏မာနကို ငါငြိမ်းစေမည်။ သူတို့ သန့်ရှင်းသောအရပ်တို့ သည် ညစ်ညူးခြင်းရှိ ကြလိမ့်မည်။ ၂၅ ပျက်စီးခြင်းဘေးလာ၏။ သူတို့သည် ငြိမ်ဝပ်ခြင်းကိုရှာ၍ မတွေ့ရကြ။ ၂၆ ဘေးတခု နောက်တခု၊ သိတင်းတခု နောက်တခု ပေါ်လာလိမ့်မည်။ ပရောဖက်ထံမှာ ဗျာဒိတ်ရူပါရုံကို ရှာသော်လည်း မရကြ၊ ယဇ်ပုရောဟိတ်တို့သည် တရားဟောသောအခွင့်၊ အသက်ကြီးသောသူတို့သည် အကြံပေးသောအခွင့်ကို မရဘဲ နေကြလိမ့်မည်။ ၂၇ ရှင်ဘုရင်သည် ညည်းတွား မြည်တမ်းလိမ့်မည်၊ မင်းသားသည် မှိုင်တွေခြင်းအဝတ်ကို ဝတ်ရလိမ့်မည်။ ပြည်သူပြည်သားတို့၏ လက်တို့သည် တုန်လှုပ်ကြလိမ့်မည်။ သူတို့ကျင့်ကြသည်အတိုင်း သူတို့၌ ငါပြုမည်။ သူတို့စီရင်ကြသည်အတိုင်း ငါပြန်၍ စီရင်မည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.