-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၃၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၃၇

အရိုးစုများ အသက်ပြန်ရှင်ဘို့ ပရောဖက်ပြုခိုင်း

တဖန် ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍၊ ဝိညာဉ်တော်အားဖြင့် ငါ့ကို ပြင်သို့ဆောင်သွားလျက်၊ အရိုးတို့နှင့် ပြည့်သော ချိုင့်အလယ်၌ ထားပြီးလျှင်၊ ထိုအရိုးတို့ပတ်လည်၌ လျှောက်သွားစေတော်မူ၏။ ထိုချိုင့်မျက်နှာပြင်၌ များစွာသော အရိုးတို့သည်ရှိ၍ အလွန်သွေ့​ခြောက်ကြ၏။ ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင်၊ ငါက အိုအရှင်ထာဝရဘုရား၊ ကိုယ်တော် သိတော်မူသည်ဟု လျှောက်လေ၏၊ ထာဝရဘုရားကလည်း၊ ဤအရိုးတို့အပေါ်မှာ ပရောဖက်ပြု၍ ဟောပြောရမည်မှာ၊ အိုသွေ့ခြောက်သော အရိုးတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ဤသွေ့​ခြောက်သော အရိုးတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့အထဲသို့ အသက်သွင်း၍ သင်တို့သည် အသက်ရှင်ရကြမည်။ သင်တို့အပေါ်မှာ အကြောတို့ကို ငါတင်၍ အသားကို တင်စေမည်။ အရေနှင့် ဖုံးလွှမ်း၍၊ အသက်ကိုသွင်းသဖြင့် သင်တို့သည် အသက်ရှင်၍၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မှာထားတော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု၏။ ပရောဖက်ပြုစဉ်တွင် အသံမြည်၏။ လှုပ်ရှားခြင်းလည်းရှိ၏။ အရိုးတို့သည် တခုအနီးသို့တခု ချဉ်းကြ၏။ ငါကြည့်ရှုစဉ်တွင် အကြောတို့သည် ပေါ်၍ အသားလည်း တက်လာ၏။ အရေလည်း ဖုံးလွှမ်း၏။ သို့ရာတွင် အသက်မရှိသေး။


အရိုးစုများ အသက်ရှင်လာ

ထာဝရဘုရားကလည်း၊ အချင်းလူသား၊ လေအား ပရောဖက်ပြုလော့။ အရှင်ထာဝရဘုရား အမိန့်တော်ကို လေအား ဆင့်ဆိုရမည်မှာ၊ အိုလေ၊ အရပ်လေးမျက်နှာတို့မှ လာ၍၊ ဤအသေကောင်တို့သည် အသက်ရှင်မည်အကြောင်း၊ သူတို့အပေါ်မှာ မှုတ်လော့ဟု ၁၀ မှာထားတော်မူသည်အတိုင်း၊ ငါသည် ပရောဖက်ပြု၍ လေသည် သူတို့အထဲသို့ ဝင်သဖြင့်၊ သူတို့သည် အသက်ရှင်၍၊ အလွန်များသော ဗိုလ်​ခြေဖြစ်လျက် မတ်တပ်နေကြ၏။


ဣသရေလလူများကို သူတို့ပြည်သို့ပြန်ပို့မည်

၁၁ ထာဝရဘုရားကလည်း၊ အချင်းလူသား ဤအရိုးတို့သည် ဣသရေလ အမျိုးအပေါင်းဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့​ခြောက်ကြ၏။ မြော်လင့်စရာမရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ ဆိုတတ်ကြ၏။ ၁၂ သို့ဖြစ်၍၊ ပရောဖက်ပြုလျှက် အရှင်ထာဝရဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အချင်းငါ၏လူတို့၊ သင်တို့ သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင်တို့ကို ထုတ်ပြီးလျှင်၊ ဣသရေလပြည်သို့ ပို့ဆောင်မည်။ ၁၃ အချင်းငါ၏လူတို့၊ သင်တို့ သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင်တို့ကို ထုတ်ပြီးလျှင်၊ ၁၄ အသက်ရှင်စေခြင်းငှါ၊ ငါသည် ကိုယ်အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသောအခါ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။ ငါထာဝရဘုရား ပြောသည်အတိုင်း ပြည့်စုံကြောင်းကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။


ဣသရေလယုဒသည် တမျိုးတည်း ဖြစ်စေမည်

၁၅ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ ၁၆ အချင်းလူသား၊ တုတ်တချောင်းကို ယူ၍၊ ယုဒအမျိုးနှင့် သူ၏အပေါင်းအဖေါ်၊ ဣသရေလ အမျိုးသားတို့အဘို့ဟု ရေးမှတ်လော့။ တဖန် တုတ်တချောင်းကို ယူ၍၊ ယောသပ်အမျိုးနှင့် သူ၏အပေါင်းအဖေါ်၊ ဣသရေလ အမျိုးသားများအဘို့၊ ဧဖရိမ်တုတ်ပေတည်းဟု ရေးမှတ်လော့။ ၁၇ ထိုတုတ်နှစ်ချောင်းကို တချောင်းတည်း ဖြစ်စေခြင်းငှါ ပူးထား၍၊ ထိုတချောင်းတည်းသော တုတ်ကို လက်စွဲလော့။ ၁၈ သင်၏ အမျိုးသား ချင်းတို့က ထိုသို့ပြုသော်၊ အဘယ်သို့ ဆိုလိုသည်ကို ငါတို့အား မပြောသင့်သလောဟု မေးလျှင်၊ ၁၉ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ ဧဖရိမ်ကိုင်သော ယောသပ်၏တုတ်နှင့် သူ၏အပေါင်းအဖေါ် ဣသရေလ အမျိုးအနွယ်တို့ကို၊ ငါယူ၍ ယုဒတုတ်နှင့်အတူ ပူးထားပြီးလျှင် တချောင်းတည်း ဖြစ်သောတုတ်ကို ငါလက်စွဲမည်ဟု ဆိုလျက်၊ ၂၀ သင်ရေးမှတ်သောထိုတုတ်ကိုသူတို့မျက်မှောက်၌ လက်စွဲလျက်နေလော့။ ၂၁ အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆိုရမည်မှာ၊ ဣသရေလ အမျိုးသားတို့ ရောက်သော တပါးအမျိုးသားတို့ နေရအရပ်ရပ်တို့မှ သူတို့ကို ငါခေါ်ခဲ့၍၊ စုဝေးစေပြီးလျှင် သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။ ၂၂ ထိုပြည်တွင် ဣသရေလ တောင်တို့အပေါ်၌ လူတမျိုးတည်း ဖြစ်စေ၍၊ ရှင်ဘုရင် တပါးတည်းသာလျှင် ထိုသူအပေါင်းကို စိုးစံရလိမ့်မည်။ နောက်တဖန် သူတို့သည် လူနှစ်မျိုးမဖြစ်ရ၊ နှစ်တိုင်း နှစ်ပြည် ကွဲပြားလျက်မရှိရ။


ဒါဝိဒ်သည် ရှင်ဘုရင်အဖြစ် အုပ်ချုပ်မည်
CROSS REFERENCES






၂၃ နောက်တဖန် သူတို့ရုပ်တုများ၊ စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုများ၊ ကျူးလွန်ခြင်းအမှုများနှင့် ကိုယ်ကို မညစ်ညူးစေရကြ။ သူတို့ ပြစ်မှားလေရာရာအရပ်တို့မှ ငါကယ်နှုတ်၍ သန့်ရှင်းစေမည်။ သူတို့သည် ငါ၏လူ ဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။ ၂၄ ငါ၏ကျွန် ဒါဝိဒ်သည် သူတို့၏ ရှင်ဘုရင်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် သိုးထိန်းတဦးတည်း ရှိကြလိမ့်မည်။ ငါစီရင်ထုံးဖွဲ့ချက် တရားလမ်းသို့လိုက်၍ စောင့်ရှောက်ကြလိမ့်မည်။ ၂၅ ငါ့ကျွန် ယာကုပ်အား ငါပေး၍၊ သင်တို့ ဘိုးဘေးများ နေဘူးသောပြည်၌ သူတို့နှင့်သားမြေး အစဉ်အဆက်တို့သည် နေကြလိမ့်မည်။ ငါ၏ကျွန် ဒါဝိဒ်သည်လည်း သူတို့ကို အစဉ်အမြဲ စိုးစံလိမ့်မည်။ [A]


ဘုရားသည် ဣသရေလနှင့် ပဋိညာဉ်ဖွဲ့မည်

၂၆ ထိုမှတပါး၊ သူတို့နှင့် မိဿဟာယပဋိညာဉ်ကို ငါဖွဲ့၍၊ ထိုပဋိညာဉ်သည် နိစ္စထာဝရ ပဋိညာဉ်ဖြစ်လိမ့်မည်။ သူတို့ကိုနေရာချ၍ များပြားစေမည်။ ငါ၏ သန့်ရှင်းရာဌာနကို သူတို့အလယ်၌ အစဉ်အမြဲထားမည်။ ငါ၏ ဗိမာန်တော်သည်လည်း သူတို့၌ရှိ၍၊ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။ ၂၈ ထိုသို့ငါ၏ သန့်ရှင်းရာဌာနသည်၊ သူတို့အလယ်၌ အစဉ်အမြဲတည်သောအခါ၊ ငါထာဝရဘုရားသည် ဣသရေလ အမျိုးကို သန့်ရှင်းစေသည်ဟု တပါးအမျိုးသားတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.