-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၃၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၃၆


တပါးအမျိုးသားများထံဘုရားဒေါသထွက်

တဖန်အချင်းလူသား၊ ဣသရေလတောင်တို့အား ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အိုဣသရေလတောင်တို့၊ထာဝရဘုရား၏ အမိန့်တော်ကိုနားထောင်ကြလော့။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူက၊ အေ့ဟေ၊ ထာဝရတောင်တို့သည် ငါတို့လက်သို့ရောက်ကြပြီ၊ ဟုသင်တို့တဘက်၌ ဆိုမိသောကြောင့်၊ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ကျန်ကြွင်းသောတပါးအမျိုးသားတို့ သိမ်းယူရာဖြစ်ရသည့်တိုင်အောင်၊ သင်တို့ကို သုတ်သင်ပယ်ရှင်း၍ ပတ်လည်ကိုက်စားသောကြောင့်၎င်း၊ သင်တို့သည် လူများပြောဆိုရာ၊ ကဲ့ရဲ့ရာဖြစ်သောကြောင့်၎င်း၊ အိုဣသရေလတောင်တို့၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုနားထောင်ကြလော့။ အရှင်ထာဝရဘုရားသည် တောင်ကြီး၊ တောင်ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာ၊ သုတ်သင်သောလွင်ပြင်မှစ၍၊ ပတ်လည်၌ နေသောတပါးသောအမျိုးသား အကျန်အကြွင်းတို့သည် လုယူကဲ့ရဲ့၍၊ မြို့သားစွန့်သောမြို့တို့အား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ငါ့ပြည်ကို လုယူစရာဘို့ ပစ်ထားခြင်းငှါ အလွန်ဝမ်းမြောက်သောစိတ်၊ အငြိုးထားသောစိတ်ရှိ၍၊ ကိုယ်တိုင်လုယူစရာဘို့ စီရင်သော ဧဒုံအမျိုးသားအပေါင်းတို့နှင့် ကျန်ကြွင်းသော တပါးသောအမျိုးသားတို့တဘက်၌ ငါသည်ဒေါသမီးထွက်၍ ပြောထားပြီ။ သို့ဖြစ်၍ ဣသရေလပြည်ကို ရည်မှတ်၍ ပရောဖက်ပြုလျက် တောင်ကြီး၊ တောင်ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာတို့အား အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ သင်တို့သည် တပါးအမျိုးသားတို့ကဲ့ရဲ့ခြင်းကို ခံရသောကြောင့်၊ ငါသည်ဒေါသအမျက်ထွက်၍ပြောပြီ။


ဣသရေလလူများပြန်လာမည်
CROSS REFERENCES






အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား အကယ်စင်စစ် သင်တို့ပတ်လည်၌ နေသောတပါးအမျိုးသားတို့သည် ကိုယ့်အရှက်ခွဲခြင်းကို ခံရကြလိမ့်မည်၊ ဟုငါကျိန်ဆိုပြီ။ အိုဣသရေလတောင်တို့၊ သင်တို့မူကား၊ အပင်ပေါက်၍ ငါ၏လူဣသရေလ အမျိုးသားတို့အဘို့ အသီးကို သီးရကြလိမ့်မည်။ သူတို့ပြန်လာချိန်နီးပြီ။ ငါသည်သင်တို့ဘက်၌နေ၍၊ သင်တို့ရှိရာသို့ပြန်လာသဖြင့် သင်တို့အပေါ်မှာ လယ်လုပ်၍ မျိုးစေ့ကြဲကြလိမ့်မည်၊ ၁၀ သင်တို့အပေါ်မှာ လူများတည်းဟူသောဣသရေလအမျိုးသား အပေါင်းတို့ကို ငါပြန့်ပွားစေသဖြင့်၊ သူတို့သည် မြို့များ၌နေ၍ ပျက်စီးသောအရပ်များကို ပြုပြင်ကြလိမ့်မည်။ ၁၁ သင်တို့အပေါ်မှာ လူနှင့်တိရစ္ဆာန်တို့ကို ငါများပြားစေသဖြင့်၊ သူတို့သည်ပွားများ၍ သားမြေးအစဉ်အဆက်ရှိကြလိမ့်မည်။ နေရင်းအရပ်တို့၌ ငါနေရာချ၍၊ အရင်ပြုသကဲ့သို့ ငါကျေးဇူးပြုမည်။ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ [A] ၁၂ သင်တို့အပေါ်မှာ လူများတည်းဟူသော ငါ၏ဣသရေလအမျိုးသားတို့သည် သွားလာမည်အကြောင်း ငါပြုမည်။ သူတို့သည်သင်တို့ကို သိမ်းယူ၍ အမွေခံရသဖြင့်၊ နောက်တဖန် သင်တို့ကြောင့် သားမဆုံးရှုံးရကြ။ ၁၃ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းပြည်၊ သင်သည်လူတို့ကိုကိုက်စားတတ်၏။ ကိုယ့်အမျိုးသားချင်းတို့ကို လုယူဖျက်ဆီးတတ်၏၊ ဟုသူတပါးဆိုသောကြောင့်၊ ၁၄ နောက်တဖန်သင်သည် လူတို့ကိုမကိုက်မစားရ။ ကိုယ့်အမျိုးသားတို့၌ လုယူဖျက်ဆီးခြင်းကို မပြုရ၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။ ၁၅ နောက်တဖန် အတိုင်းတိုင်းအပြည်ပြည် ကဲ့ရဲ့အပြစ်တင်သောစကားကို မကြားရ။ နောက်တဖန် ကိုယ့်အမျိုးသားတို့၌ လုယူဖျက်ဆီးခြင်းကို မပြုရ၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။


မိန်းမ၏အညစ်အကြေးကဲ့သို့

၁၆ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ ၁၇ အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ့်ပြည်၌ နေသောအခါ၊ အလိုအလျောက် ကျင့်ကြံပြုမူသောအားဖြင့် ထိုပြည်ကိုညစ်ညူးစေကြ၏။ သူတို့အကျင့်ဓလေ့သည် ငါရှေ့မှာဥတုရောက်သော မိန်းမ၏ အညစ်အ​ကြေးကဲ့သို့ဖြစ်၏။ ၁၈ ထိုပြည်၌ လူအသက်ကိုသတ်သောအပြစ်၊ ရုပ်တုတို့နှင့် ညစ်ညူးစေသော အပြစ်ကြောင့် ငါသည်ဒေါသအမျက်ကို သွန်းလောင်းပြီ။ ၁၉ အတိုင်းတိုင်းအပြည်ပြည်သို့ ငါကွဲပြား ပြန့်လွင့်စေပြီ။ သူတို့ကျင့်ကြံပြုမူသည်အတိုင်း ငါစီရင်ပြီ။


ဘုရားကသူ၏နာမတော်မြတ်ကိုပြန်ချီးမြှောက်မည်
CROSS REFERENCES






၂၀ သို့ရာတွင် တ​ကျွန်းတနိုင်ငံသို့ရောက်သောအခါ ဤသူတို့သည် ထာဝရဘုရား၏လူ ဖြစ်ကြ၏။ ကိုယ်ပြည်မှထွက်သွားရကြ၏၊ ဟုသူတပါးပြောဆိုသဖြင့်၊ ငါ၏နာမမြတ်ကို ရှုတ်ချသောကြောင့်၊ ၂၁ ဣသရေလအမျိုးသား ရောက်ရာတ​ကျွန်းတနိုင်ငံအရပ်ရပ်တို့၌ ရှုတ်ချသော ငါ၏နာမမြတ်ကို ငါနှမြော၏။ ၂၂ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အိုဣသရေလအမျိုး သင်တို့ကိုထောက်၍ ဤပြုသမျှအမှုကို ငါပြုသည်မဟုတ်။ သင်တို့ရောက်သမျှသော အရပ်တို့၌ လူအမျိုးမျိုးတို့ရှေ့မှာ ရှုတ်ချသောငါ၏နာမမြတ်ကိုသာ ထောက်၍ပြု၏။ ၂၃ တပါးအမျိုးသားတို့ အလယ်၌ သင်တို့ရှုတ်ချသော ငါ၏မဟာနာမတော်ကို ငါချီးမြှောက်မည်။ သူတို့မျက်မှောက်၌ သင်တို့အားဖြင့်ငါသည် ချီးမြှောက်ရာသို့ ရောက်သောအခါ၊ ငါသည်ထာ၀ရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်၊ [A] ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။


ကျောက်နှလုံးကိုနှုတ်၍အသားနှလုံးပေးမည်
CROSS REFERENCES






၂၄ အကြောင်းမူကား၊ သင်တို့ကို အတိုင်းတိုင်းအပြည်ပြည်တို့က ငါခေါ်ခဲ့၍ စုဝေးခဲ့ပြီးလျှင်၊ သင်တို့နေရင်းပြည်သို့ ငါပို့ဆောင်မည်။ ၂၅ သင်တို့အပေါ်မှာ သန့်ရှင်းသောရေကို ဖျန်းသဖြင့် သင်တို့ကိုခပ်သိမ်း သောအညစ်အ​ကြေးမှစ၍ ခပ်သိမ်းသောရုပ်တုတို့နှင့် ကင်းစင်စေမည်။ ၂၆ စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ခန္ဓာထဲက ကျောက်နှလုံးကိုနှုတ်၍ အသားနှလုံးကိုပေးမည်။ [B] ၂၇ ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေးသဖြင့်၊ သင်တို့သည် ငါ၏တရားလမ်းသို့လိုက်၍၊ ငါစီရင်တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။ ၂၈ ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့သည် နေရ၍ ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်။ [C] ၂၉ သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါကင်းလွတ်စေမည်။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှားခြင်းငှါ၊ ဆန်စပါးကို မှာလိုက်၍ များပြားစေမည်။ ၃၀ သင်တို့သည် မွတ်သိပ်၍ တပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းနှင့် လွတ်စေမည်အကြောင်း၊ သစ်ပင်အသီးနှင့် မြေအသီးအနှံကို ငါများပြားစေမည်။ ၃၁ ထိုအခါသင်တို့သည် ကိုယ့်ကျင့်ဘူးသော အကျင့်ဆိုးနှင့် မကောင်းသော အမှုတို့ကို အောက်မေ့၍၊ ကိုယ့်ဒုစရိုက်အပြစ်၊ စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကြောင့် ကိုယ့်ကိုကိုယ် ရွံရှာကြလိမ့်မည်။ ၃၂ သင်တို့ကိုထောက်၍ ဤအမှုကိုငါပြုသည်မဟုတ်၊ ဟုသိမှတ်ကြလော့။ အိုဣသရေလအမျိုး၊ မိမိပြုမိသောအမှုကြောင့် ရှက်ကြောက်လျက်၊ မိန်းမောတွေဝေလျက် နေကြလော့၊ ဟုအရှင်ထာဝရဘုရား မိန့်တော်၏။ ၃၃ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ဒုစရိုက်အပြစ်ရှိသမျှတို့ကို ငါရှင်းလင်းသောအခါ၊ မြို့များ၌ လူနေစေ၍ ပျက်စီးသောအရပ်တို့သည် ပြုပြင်ခြင်းရှိကြလိမ့်မည်။ ၃၄ လျှောက်သွားသောသူ အပေါင်းတို့၏ မျက်မှောက်၌ စွန့်ပစ်ဘူးသောမြေတွင် တဖန်လယ်လုပ်ကြလိမ့်မည်။ ၃၅ ထိုအခါသူတပါးတို့က၊ အရင်စွန့်ပစ်သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်လေပြီ။ သုတ်သင်ပယ်ရှင်းပျက်စီးသောမြို့တို့သည်လည်း ခိုင်ခံ့၍ မြို့သားတို့နှင့် ပြည့်စုံကြပြီ၊ ဟုပြောကြလိမ့်မည်။ ၃၆ ထိုအခါပျက်စီးသောအရပ်တို့ကို ငါထာဝရဘုရားပြုပြင်ကြောင်းကို၎င်း၊ စွန့်ပစ်သောမြေတွင် လယ်လုပ်ကြောင်းကို၎င်း၊ သင်တို့ပတ်လည်၌ နေရစ်သောတပါးအမျိုးသားတို့ သိရကြလိမ့်မည်။ ငါထာဝရဘုရားသည် မိန့်မြွက်သည်အတိုင်းပြုမည်။ ၃၇ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးအဘို့ဤအမှုကိုငါပြုရမည်အကြောင်း၊ သူတို့သည်ငါ့ကိုတောင်းပန်ရကြမည်။ သိုးများပြားသကဲ့သို့ထိုအမျိုး သားချင်းတို့ကိုများပြားစေမည်။ ၃၈ ပျက်စီးသောမြို့တို့သည်သန့်ရှင်းသောသိုးစုတည်းဟူသော၊ ဓမ္မပွဲခံချိန်တွင်ယေရုရှလင် သိုးစုကဲ့သို့သောလူစုတို့နှင့်ပြည့်စုံ၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည် [A] ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.