-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၃၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၃၃

ကင်းစောင့်

တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား သင်၏အမျိုးသားချင်းတို့အား ဟောပြော၍ဆင့်ဆိုရမည်မှာ ငါသည်တစုံတခုသောပြည်သို့ ဓါးဘေးရောက်စေသောအခါ၊ ပြည်သားတို့သည် ပြည်သားတယောက်ကိုယူ၍ ကင်းစောင့်ထားပြီးမှ၊ ထိုသူသည် ဓါးဘေးရောက်သည်ကိုမြင်လျက် တံပိုးမှုတ်၍ သတိပေးသော် လည်း၊ တစုံတယောက်သောသူသည် တံပိုးမှုတ်သံကိုကြားလျက်နှင့် အမှုမထား၊ ဓါးဘေးရောက်၍ သူ၏အသက်ဆုံးလျှင်၊ ထိုသူသည် ကိုယ်အသက်ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည်။ တံပိုးမှုတ်သံကိုကြား၍ အမှုမထားသောကြောင့်၊ ကိုယ့်အသက်ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည်။ အမှုထားသောသူမူကား ကိုယ့်အသက်ကို ကယ်တင်လိမ့်မည်။ သို့မဟုတ်ကင်းစောင့်ထားသောသူသည် ဓါးဘေးရောက်ကြောင်းမြင်လျက် တံပိုးမမှုတ်၊ ပြည်သားတို့အား သတိမပေးသောကြောင့် ဓါးဘေးရောက်၍ တစုံတယောက်သောသူ အသက်ဆုံးလျှင်၊ ထိုသူသည်မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သူ၏အသက်ကို ကင်းစောင့်သောသူ၌ ငါတောင်းမည်၊ ထိုအတူအချင်းလူသား၊ သင့်ကိုဣသရေလအမျိုး၌ ကင်းစောင့်စေခြင်းငှါ ငါခန့်ထားသောကြောင့်၊ သင်သည်ငါ၏နှုတ်ထွက်စကားကို နာခံ၍ သူတို့ကိုသတိပေးရမည်။ ငါသည်လူဆိုးအား၊ အိုလူဆိုး၊ အကယ်စင်စစ်သင်သည် အသေခံရမည်၊ ဟုဆိုသောအခါ ဆိုးသောသူကိုသူ၏လမ်းမှလွဲစေခြင်းငှါ သင်သည်သတိမပေးလျှင်၊ ထိုလူဆိုးသည် မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။ သို့ရာတွင်၊ သူ၏အသက်ကိုသင်၌ ငါတောင်းမည်။ သို့မဟုတ်လူဆိုးကို သူ၏လမ်းမှလွှဲစေခြင်းငှါ သင်သည်သတိပေး၍ သူသည်မလွှဲဘဲနေလျှင်၊ မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သင်သည်ကိုယ်အသက်ကို ကယ်တင်ပြီ။ ၁၀ သို့ဖြစ်၍အချင်းလူသား ဣသရေလအမျိုးသားတို့အား ဟောပြောရမည်မှာ၊ ငါတို့သည်ကိုယ်ပြုမိသော ဒုစရိုက်အပြစ်ကို ခံရသဖြင့် အားလျော့သည်ဖြစ်၍၊ အဘယ်သို့အသက်ရှင်နိုင်ပါမည်နည်း၊ ဟုသင်တို့ဆိုကြသော်လည်း၊


ထာဝရဘုရားသည်ဆိုးသောသူမသေစေချင်

၁၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောလမ်းမှလွဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက် ၏။ အိုဣသရေလအမျိုးသားတို့ သင်တို့လိုက်သော လမ်းဆိုးမှလွှဲကြလော့၊ လွှဲကြလော့၊ အဘယ်ကြောင့် အသေခံလိုကြသနည်း။ ၁၂ သို့ဖြစ်၍၊ အချင်းလူသား သင်၏အမျိုးသားချင်းတို့အား ဟောပြောရမည်မှာ၊ ​ဖြောင့်မတ်သောသူသည်ဖောက်ပြန်လျှင်၊ အရင်​ဖြောင့်မတ်ခြင်းအမှုသည် သူ့ကိုကယ်တင်ရမည်မဟုတ်။ ဆိုးသောသူသည် ဆိုးသောအမှုကိုရှောင်လျှင်၊ အရင်ဆိုးသောအမှုကြောင့် ပျက်စီးခြင်းသို့ရောက်ရမည်မဟုတ်၊ ​ဖြောင့်မတ်သောသူသည် ပြစ်မှားသောနေ့၌ အသက်ရှင်ရသောအခွင့်မရှိရ။ ၁၃ ​ဖြောင့်မတ်သောသူသည် စင်စစ်အသက်ရှင်ရလိမ့်မည်၊ ဟုငါဆိုသော်လည်း၊ သူသည်မိမိ​ဖြောင့်မတ်ခြင်းကိုကိုးစား၍ ဒုစရိုက်ကိုပြုမိလျှင်၊ အရင်​ဖြောင့်မတ်ခြင်းအမှု တစုံတခုကိုမျှမအောက်မေ့ရ။ ပြုမိသောဒုစရိုက်ကြောင့် အသေခံရလိမ့်မည်။ ၁၄ တဖန်ဆိုးသောသူအား သင်သည်စင်စစ်အသေခံရလိမ့်မည်၊ ဟုငါဆိုသော်လည်း၊ ထိုသူသည်မိမိဒုစရိုက်ကိုရှောင်၍၊ တရားသောအမှု၊ ​ဖြောင့်မတ်သောအမှုကိုပြုလျက်၊ ၁၅ ပေါင်ထားသောဥစ္စာကိုမသိုထား၊ လုယူသောဥစ္စာကိုပြန်ပေးလျက်၊ အဓမ္မအမှုကိုမပြုဘဲ အသက်ရှင်ရာပညတ်တရားလမ်းသို့လိုက်လျှင်၊ အသေမခံရဘဲ စင်စစ်အသက်ရှင်ရလိမ့်မည်။ ၁၆ ပြုမိသောဒုစရိုက်အပြစ် တစုံတခုကိုမျှသူ၌မတင်။ တရားသောအမှု၊ ​ဖြောင့်မတ်သောအမှုကို ပြုသောကြောင့်စင်စစ်အသက်ရှင်ရလိမ့်မည်။ ၁၇ သို့သော်လည်း၊ သင်၏အမျိုးသားချင်းတို့က၊ ထာဝရဘုရားစီရင်ချက်မ​ဖြောင့်ဟုဆိုကြသည်ဖြစ်၍၊ သူတို့စီရင်ချက်မ​ဖြောင့်ပါတကား၊ ၁၈ ​ဖြောင့်မတ်သောသူသည်မိမိ​ဖြောင့်မတ်ခြင်းကိုစွန့်၍ ဒုစရိုက်အမှုကိုပြုမိလျှင်၊ ထိုဒုစရိုက်အပြစ်ကြောင့်အသေခံရလိမ့်မည်။ ၁၉ ဆိုးသောသူကား၊ မိမိဒုစရိုက်ကိုရှောင်၍တရား သောအမှု၊ ​ဖြောင့်မတ်သောအမှုကိုပြုမိလျှင်ထိုအမှုကြောင့်အသက်ရှင်ရလိမ့်မည်။ ၂၀ သို့သော်လည်းသင်တို့က၊ ထာဝရ ဘုရားစီရင်ချက်မ​ဖြောင့်ဟုဆိုကြသည်တကား။ အိုဣသရေလအမျိုးသားတို့၊ သင်တို့အသီးသီးပြုကြသည်အတိုင်းငါစီရင်မည်ဟုမိန့်တော်မူ၏။



ငါတို့အမွေခံစရာဘို့ပေးတော်မူပြီဟုဆိုသော်

၂၁ သိမ်းသွားရာ သက္ကရာဇ်တဆယ်နှစ်ခု၊ ဒသမလငါးရက်နေ့တွင် ယေရုရှလင်မြို့မှပြေး၍ လွတ်သောသူတယောက်သည်ငါ့ထံသို့ရောက်လာ၍၊ မြို့ကိုလုပ်ကြံပြီ၊ ဟုသိတင်းကြားပြော၏။ ၂၂ ထိုသူမရောက်မှီညဦးမှစ၍ သူရောက်သောနံနက်အချိန်တိုင်အောင် ထာဝရဘုရားသည် လက်တော်ကို ငါ့အပေါ်၌တင်၍ ငါ့နှုတ်ကိုဖွင့်တော်မူသဖြင့်၊ ငါသည်စကားမပြောဘဲနေရသောအချိန်လွန်၍ ဟောပြောရ၏။ ၂၃ ထိုအခါထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ ၂၄ အချင်းလူသား ပျက်စီးသောဣသရေလပြည်၌ နေသေးသောသူတို့က၊ အာဗြဟံသည် လူတဦးဖြစ်သော်လည်း ဤပြည်ကိုအမွေခံရ၏၊ ငါတို့မူကားအများဖြစ်ကြ၏။ ငါတို့အမွေခံစရာဘို့ ပေးတော်မူပြီဟုဆိုကြသော်၊


အပြစ်လုပ်လျက်နှင့်ပြည်ကိုပိုင်ရမည်လော

၂၅ သင်သည် အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ သင်တို့သည်အသွေးနှင့်တကွ အမဲသားကိုစားလျက်၊ ရုပ်တုတို့ကို ဖူးမြော်လျက် လူအသက်ကိုလည်း သတ်လျက်နှင့်ပင်၊ ဤပြည်ကိုပိုင်ရကြမည်လော။ ၂၆ ဓါးကိုခိုလှုံလျက်၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုကိုပြုလျက်၊ အိမ်နီးချင်းမယားကို ပြစ်မှားလျက်နှင့်ပင်၊ ဤပြည်ကိုပိုင်ရကြမည်လော။


ထိုပြည်ကိုသုတ်သင်ပယ်ရှားမည်
CROSS REFERENCES






၂၇ တဖန်အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ ငါအသက်ရှင်သည်အတိုင်း ပျက်စီးသောအရပ်၌ နေသောသူတို့သည် ဓါးဖြင့်လဲ၍ သေရကြလိမ့်မည်။ လွင်ပြင်၌ရှိသောသူတို့ကို ငါသည်သားရဲ၌ အပ်၍ကိုက်စားစေမည်။ ရဲတိုက်ဥမင်၌ ရှိသောသူတို့သည် ကာလနာနှင့်သေရကြလိမ့်မည်။ ၂၈ တပြည်လုံးကို ငါသုတ်သင်ပယ်ရှင်းသဖြင့်၊ သူ့အစွမ်းသတ္တိ၏ဂုဏ်အသရေကုန်၍၊ အဘယ်သူမျှ မလျှောက်သွားရအောင် ဣသရေလတောင်တို့သည် လူဆိတ်ညံလျက်ရှိရကြလိမ့်မည်။ ၂၉ ပြည်သားတို့သည် ပြုမိသောစက်ဆုပ်ဘွယ် အမှုအလုံးစုံတို့ကြောင့်၊ ထိုပြည်ကိုငါသုတ်သင်ပယ်ရှားသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။ [A]


နှုတ်နှင့်ကောင်းမွန်စွာပြောသော်လည်း စိတ်ကလောကစွဲလမ်း

၃၀ ထိုမှတပါး၊ အချင်းလူသား သင်၏အမျိုးသားချင်းတို့က ငါတို့သွားကြကုန်အံ့။ ထာဝရဘုရားသည် အဘယ်သို့ဗျာဒိတ်ပေးတော်မူသည်ကို ကြားကြကုန်အံ့ဟုထရံနား၊ အိမ်တံခါးနားမှာ သင့်ကိုရည်မှတ်၍ တယောက်ကိုတယောက်ပြောတတ်ကြ၏။ ၃၁ ငါ၏လူကဲ့သို့ သင့်ထံသို့လာ၍၊ ငါ၏လူကဲ့သို့ သင့်ရှေ့မှာထိုင်လျက်၊ သင်၏စကားကိုကြားသော်လည်း နားမထောင်ဘဲနေကြ၏။ အလွန်ချစ်ဘွယ်သော လက္ခဏာကို နှုတ်နှင့်ပြောသော်လည်း စိတ်နှလုံးမူကား လောကီဥစ္စာကိုစွဲလမ်းလျက်ရှိ၏။ ၃၂ သင်၏စကားသည်၊ ကောင်းမွန်စွာတီး၍ သာယာသောအသံနှင့် ပြည့်စုံသောသူဆိုသော၊ နှစ်သက်ဘွယ်သောသီချင်းကဲ့သို့ သူတို့၌ဖြစ်၍၊ သူတို့သည်ကြားရသော်လည်း နားမထောင်တတ်ကြ။ ၃၃ သို့ရာတွင်၊ အမှုရောက်လိမ့်မည်။ အမှုရောက်သောအခါ သူတို့တွင်ပရောဖက်ရှိဘူးသည်ကို သူတို့သိရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.