၁၀၃ မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချို ကြပါ၏။ ခံတွင်းထဲမှာ ပျားရည်ထက်သာ၍ ချိုကြပါ၏။
၁၁ ငါခင်ပွန်း၊ သင်၏နှုတ်ခမ်းသည်ပျားလပို့ကဲ့သို့ယိုတတ်၏။ လျှာအောက်မှာနို့နှင့် ပျားရည်ရှိ၏။ အဝတ်တန်ဆာသည်လည်းလေဗနုန်အမွှေးအကြိုင်ကဲ့သို့မွှေးကြိုင်လျက်ရှိ၏။
၉ ငါသည် ကောင်းကင်တမန်ထံသို့သွား၍၊ စာစောင်ငယ်ကိုပေးပါ၊ ဟုတောင်း၏။ သူကလည်း ယူ၍စားလော့။ ဝမ်းကိုခါးစေလိမ့်မည်။ သို့သော်လည်း ပါးစပ်၌ ပျားရည်ကဲ့သို့ချိုလိမ့်မည်၊ ဟုဆိုလျှင်၊
၁၂ တရားစကားကို၎င်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှေးပရောဖက်တို့ဖြင့် ထားတော်မူသော စကားကို၎င်း၊ သူတို့သည် မကြားစေခြင်းငှါ မိမိတို့နှလုံးကို စိန်ကျောက်ကဲ့သို့ မာစေကြ၏။ ထိုကြောင့် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် အလွန်အမျက် ထွက်တော်မူ၏။
၁၉ ငါသည်လည်း၊ ညီညွတ်သောစိတ်နှလုံးနှင့် အသစ်သောသဘောကိုသွင်းပေးမည်။ သူတို့ ခန္ဓာကိုယ်ထဲကကျောက်နှလုံးကိုနှုတ်၍၊ အသားနှလုံးကိုပေးသောကြော့င်၊
၂၆ စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ခန္ဓာထဲက ကျောက်နှလုံးကိုနှုတ်၍ အသားနှလုံးကိုပေးမည်။
၉ သင်တို့သည်၊ ဟောရပ်အရပ်မှာ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ရပ်နေကြသောအခါ၊ ကိုယ်တိုင် မြင်သောအမှုအရာတို့ကို မမေ့မလျော့။ နောက်တသက်လုံး နှလုံးသွင်းနိုင်မည် အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြလော့။ စိတ်နှလုံးကို ကြိုးစား၍ စောင့်ရှောက်ကြလော့။ ထိုအရာတို့ကို သားမြေးတို့အားလည်း သွန်သင်ကြလော့။
s သိနာတောင်၌ ဘုရားစကားပြော
၆ ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။
၄၆ သင်တို့အား ယနေ့ ငါသက်သေခံ သမျှသော စကားတို့ကို နှလုံးသွင်းကြလော့။ သင်တို့ သားသမီးတို့သည် ဤပညတ်တရား စကားတော် အလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ၊ သူတို့အား ထပ်ဆင့်၍ မှာထားရကြမည်။
၁၂ အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်း မိမည်အကြောင်း၊ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်ခြင်းငှါ သွန်သင်တော်မူပါ။
၂၁ သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးသွင်း၌ စောင့်ထားလော့။
၇ ဖြောင့်မတ်ခြင်းတရားကို သိ၍၊ ငါ့၏တရားကို နှလုံးသွင်း မိသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ လူတို့သည် အပြစ်တင်မည်၊ ဟုမစိုးရိမ်ကြနှင့်။ လူတို့ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့်။
၁၀ တဖန်အချင်းလူသား၊ သင့်အား ငါပြောလတံ့သမျှသော စကားတို့ကို နားထောင်၍ နှလုံးသွင်းလော့။
၄ ထိုသူကအချင်းလူသား၊ စေ့စေ့ကြည့်ရှုလော။ စေ့စေ့နားထောင်လော့။ ငါပြလတံ့သမျှတို့ကို နှလုံးသွင်းလော့။ သင့်အား ငါ့ပြအံ့သောငှါ သင့်ကို ဤအရပ်သို့ ဆောင်ခဲ့တော်မူပြီ။ မြင်သမျှတို့ကိုလည်း ဣသရေလ အမျိုးအားပြရမည်ဟု ဆို၏။
၂၃ ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ တရားစကားကို ကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာ ပွားများ၍ အသီးသီး တတ်သည်၊ ဟုဆိုလိုသတည်း၊ ဟုမိန့်တော်မူ၏။
s ရန်သူကြဲသော တောမျိုးစေ့
၈ ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါး နှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသော သတင်းတပါးပါးနှင့်ဆိုင်သော အကျင့်တို့ကို၎င်း၊ နှလုံးသွင်းကြလော့။
၁၅ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို၊ ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။
၁၆ ဗင်္ယာမိန်ခရိုင် ဂိဗာမြို့၌ ရှောလု၏ ကင်းစောင့်တို့သည် ကြည့်ရှုသောအခါ၊ ဖိလိတ္တိလူ အလုံးအရင်းသည် လျော့၍ တယောက်ကို တယောက် ထိုးရိုက်လျက် သွားကြ၏။
၃၄ ထိုအခါ ကင်းစောင့် လုလင်သည် မျှော်ကြည့်၍၊ မိမိနောက်၌ တောင်ခြေရင်းလမ်းမှာ လူများလာသည်ကို မြင်၏။
၂၄ ဒါဝိဒ်သည် မြို့တံခါး နှစ်ထပ်ကြားမှာ ထိုင်၍နေ၏။ ကင်းစောင့် တယောက်သည် မြို့ရိုးတံခါးပေါ် ပြအိုးမိုးအောက်သို့ တက်၍ မျှော်ကြည့်သဖြင့် လူတယောက်တည်း ပြေးလာသည်ကို မြင်သောအခါ၊
၁၇ ယေဇရေလမြို့၌ မျှော်စင်ပေါ်မှာ ကင်းစောင့်သည်%fo(a) ရပ်လျက်၊ ယေဟုနှင့် လိုက်လာသော အလုံးအရင်းကို မြင်သောအခါ၊ လူအလုံးအရင်းကို ငါမြင်သည်၊ ဟုဆိုလျှင်၊ ဆီးကြိုခြင်းငှါသွား၍ ငြိမ်သက်ခြင်းရှိသလော၊ ဟုမေးမည်အကြောင်း၊ ယောရံသည် မြင်းစီးသူရဲ တစ်ယောက်ကို စေလွှတ်သည်အတိုင်း၊
၆ တစ်စုသည် သုရတံခါးကို စောင့်ရမည်။ တစ်စုသည် ကင်းနောက်တံခါးကို စောင့်ရမည်။ ထိုသို့ ဗိမာန်တော်ကို မဖြိုမဖျက်စေခြင်းငှါ စောင့်ရမည်။
၃ နေမထွက်မှီ ယေရုရှလင်မြို့တံခါးကို မဖွင့်စေနှင့်၊ တံခါးစောင့်ရှိစဉ်၊ တံခါးတို့ကိုပိတ်၍ ကန့်လန့်ကျင် ထိုးစေ။ မြို့သူမြို့သားတို့သည် အသီးအသီး မိမိတို့အရပ် မိမိတို့ အိမ်တဘက်တချက်၌ ကင်းစောင့်စေ၊ ဟုစီရင်၏။
၁ ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သောသူတို့သည် အချည်းနှီး လုပ်ဆောင်ကြ၏။ %fo(a) ထာဝရဘုရားသည် မြို့ကိုစောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီး စောင့်ကြ၏။
၃ မြို့ကိုလည်သောကင်းစောင့် တို့သည် ငါ့ကိုတွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သောသူကိုမြင်ကြသလောဟုငါမေး၏။
၇ မြို့တွင်လည်သောကင်းစောင့် တို့သည်ငါ့ကိုတွေ့သော်၊ နာကျင်စွာရိုက်ကြ၏။ မြို့ရိုးစောင့်တို့သည်ငါ့မျက်နှာဖုံးကိုလုယူကြ၏။
၆ ကြောင်းမူကား၊ ဘုရားသခင်က သင်သွား၍ ကင်းစောင့်ကိုထားလော့။ မြင်သည် အတိုင်းပြောစေလော့၊ ဟုငါ့အား မိန်တော်မူ၏။
၈ သင်၏ ကင်းစောင့် တို့၏ အသံကို နားထောင်ကြလော့။သူတို့သည် အသံကိုလွှင့်၍၊ ရွှင်လန်းသော အသံနှင့် တညီတညွှတ်တည်း ကြွေးကြော်ကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဇိအုန်မြို့သို့ ပြန်လာတော်မူကြောင်းကို ကိုယ်တိုင် မြင်ရကြ၏။
၁၀ သူ၏ကင်းစောင့် တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍ မဟောင်နိုင်သောခွေး၊ ယောင်ယမ်းသောခွေး၊ အိပ်လျက် အိပ်ချင်အားကြီးသော ခွေးဖြစ်ကြ၏။
၆ အိုယေရုရှလင်မြို့၊ နေ့ညမပြတ် တိတ်ဆိတ်စွာ မနေရသောကင်းစောင့်%fo(a) တို့ကို သင်၏မြို့ရိုးပေါ်မှာ ငါထားပြီ။ ထာဝရဘုရားကို အောက်မေ့စေသောသူတို့၊ တိတ်ဆိတ်စွာ မနေကြနှင့်။
၁၆ အပြည်ပြည်တို့၌ သိတင်းကြားကြလော့။ ယေရုရှလင်မြို့ကို ရည်မှတ်၍ ကြွေးကြော်ကြလော့။ ကင်းစောင့်တို့သည် ဝေးသော ပြည်ကလာ၍၊ ယုဒမြို့များတဘက်၌ ထူးကြလိမ့်မည်။
၁၇ ငါကလည်း၊ တံပိုးမှုတ်သံကို နားထောင်ကြလော့ဟု ဆိုလျက်၊ သင်တို့ အပေါ်၌ ကင်းစောင့် တို့ကို ခန့်ထားသောအခါ၊ ငါတို့သည် နားမထောင်ဟု ပြန်ပြောကြ၏။
sကြီးစွာသော ဘေးဥပဒ်ရောက်စေမည်
၆ ဧဖရိမ်တောင်ပေါ်မှာ ကင်းစောင့်တို့က၊ ထကြလော့။ ငါတို့ ဘုရားသခင် ထာဝရဘုရား ရှိတော်မူရာ ဇိအုန်တောင်သို့ သွားကြကုန်အံ့ဟု ကြွေးကြော်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
၁၂ ဗာဗုလုန်မြို့ရိုးရှေ့မှာ အလံကို ထူကြလော့။ များစွာသောကင်းစောင့်%fo(a) တို့ကိုထား၍ ကင်းထိုးကြလော့။ ချောင်းမြောင်းသော တပ်သားတို့ကို ပြင်ကြလော့။ ထာဝရဘုရားသည် ဗာဗုလုန်မြို့သားတို့ကို ခြိမ်းသည်အတိုင်း ကြံစည်၍ လက်စသတ်တော်မူမည်။
s
၁၇ အချင်းလူသား၊ သင့်ကို ဣသရေလ အမျိုးတွင် ကင်းစောင့် အရာ၌ ခန့်ထားသောကြောင့်၊ ငါသတိပေးသော စကားကို နားထောင်၍ သူတို့အား ဆင့်ဆိုလော့။
၂ အချင်းလူသား သင်၏အမျိုးသားချင်းတို့အား ဟောပြော၍ဆင့်ဆိုရမည်မှာ ငါသည်တစုံတခုသောပြည်သို့ ဓါးဘေးရောက်စေသောအခါ၊ ပြည်သားတို့သည် ပြည်သားတယောက်ကိုယူ၍ ကင်းစောင့်ထားပြီးမှ၊
၆ သို့မဟုတ်ကင်းစောင့်ထားသောသူသည် ဓါးဘေးရောက်ကြောင်းမြင်လျက် တံပိုးမမှုတ်၊ ပြည်သားတို့အား သတိမပေးသောကြောင့် ဓါးဘေးရောက်၍ တစုံတယောက်သောသူ အသက်ဆုံးလျှင်၊ ထိုသူသည်မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သူ၏အသက်ကို ကင်းစောင့် သောသူ၌ ငါတောင်းမည်၊
၈ ဧဖရိမ်ကင်းစောင့် သည်မိမိဘုရားဘက်မှာနေ၏။ ပရောဖက်သည်ပြုလေသမျှတို့၌ မုဆိုးကျော့ကွင်းဖြစ်၏။ သူ၏ဘုရားအိမ်တွင်ဘေးပြုသောသူဖြစ်၏။
၁ ငါသည် ငါ့လင့်စင်ပေါ်မှာ ရပ်လျက်၊ ရဲတိုက်၌ အမြဲနေလျက်၊ ငါ့အား အဘယ်သို့ မိန့်တော်မူမည်ကို၎င်း၊ အပြစ်တင်လျှင် အဘယ်သို့ ပြန်လျှောက်ရမည်ကို၎င်း၊ ငါစောင့်၍ နေစဉ်တွင်၊