၁၃ ရုပ်တုဆင်းတု အပေါင်းတို့အား နံ့သာပေါင်းကို ပူဇော်ရာအရပ်၊ ယဇ်ပလ္လင်များပတ်လည်၊ မြင့်သောကုန်း၊ တောင်ထိပ်ရှိသမျှတို့အပေါ် စိမ်းသောသစ်ပင်၊ အရိပ်ကောင်းသော သပိတ်ပင်ရှိသမျှတို့အောက်၌၊ ရုပ်တုဆင်းတုတို့တွင် သူရဲတို့သည်လည်း သေလျက်ရှိကြသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
၁၁ ဤမြို့သည်သင်တို့၏အိုးကင်းမဖြစ်ရ၊ သင်တို့သည်လည်းအိုးကင်း၌ အမဲသား မဖြစ်ရကြ။ ဣသရေလပြည်စွန်းမှာငါစစ်ကြောစီရင်သဖြင့်၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်တို့သိရကြလိမ့်မည်။
၁၅ လူအမျိုးမျိုးတို့တွင်ကွဲပြားစေ၍၊ အတိုင်းတိုင်းအပြည်ပြည်သို့ဖြန့်ကြဲသောအခါ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။
၂၀ လူနေသောမြို့တို့သည်လည်းပျက်စီး၍တပြည်လုံးဆိတ်ညံ့လျက်ရှိရလိမ့်မည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်တို့သိရကြလိမ့်မည် ဟုမိန့်တော်မူ၏။
၉ အချည်းနှီးသောအရာကိုမြင်၍၊ မုသာစကားကို ဟောပြောတတ်သောပရောဖက်တို့ကို ငါဆီးတားသဖြင့်၊ သူတို့သည် ငါ၏ပရိသတ်စည်းဝေးရာသို့ မဝင်ရကြ။ ဣသရေလအမျိုး၏ စာရင်း၌ သူတို့အမည်ကို မသွင်းရ။ ဣသရေလပြည်၌ နေရာမချရ။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
၁၄ ထိုသို့သင်တို့သည် အင်္ဂတေနှင့်မွမ်းမံသော အုတ်ရိုးကိုမြေတိုင်အောင် ငါဖြိုချ၍၊ အမြစ်ကိုလှန်သဖြင့်၊ အုတ်ရိုးသည်လဲ၍ ဖိမိလျက်၊ သင်တို့သည် အသက်ဆုံးကြလိမ့်မည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို ထိုအခါသိရကြလိမ့်မည်။
၂၃ နောက်တဖန်သင်တို့သည်အချည်းနှီးသောအရာကို မမြင်ရကြ။ ပရောဖက်ပြု၍ မဟောရကြ။ ငါ၏လူတို့ကို သင်တို့လက်မှ ငါကယ်နှုတ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။
၈ ထိုသူတဘက်၌ ငါသည်မျက်နှာထား၍သူ့ကိုနိမိတ်ဖြစ်စေမည်။ စကားပုံလည်းဖြစ်စေမည်။ ထိုသူကိုငါ့၏လူထဲမှပယ်ရှားမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
၆၂ ထိုအခါငါ၏ပဋိညာဉ်ကိုသင်နှင့်ငါဖွဲ့မည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
၁၆ လူအမျိုးမျိုးတို့ရှေ့မှာ၊ သင်သည်ကိုယ်တိုင်အသရေရှုတ်ချခြင်းကိုခံရ၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသိရလိမ့်မည် ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။
၂၇ ထိုအခါလွတ်သောသူနှင့်တွေ့သဖြင့်သင်၏နှုတ်ပွင့်လိမ့်မည်။ စကားမပြောဘဲနေချိန်လွန်၍ ဟောပြောရလိမ့်မည်။ ထိုသို့သင်သည်သူတို့အားပုပ္ပနိမိတ်ဖြစ်၍ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟုမိန့်တော်မူ၏။
၇ ငါသည်သင့်ကိုတိုက်၍ လူအမျိုးမျိုးလုယူဘို့ရာအပ်မည်။ လူနေရာ အတိုင်းတိုင်းအပြည်ပြည်ထဲက သင့်ကိုသုတ်သင်ပယ်ရှင်းမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။
sမောဘပြည်နှင့်ပတ်သက်၍
၁၁ မောဘပြည်ကိုလည်း ငါသည်အပြစ်ဒဏ်စီရင်၍ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည် ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။
sဧဒုံပြည်နှင့်ပတ်သက်၍
၁၇ ပြင်းစွာသောဆုံးမခြင်းနှင့်တကွ ကြီးစွာသော အပြစ်ဒဏ်ကိုပေးမည်။ ထိုသို့ငါ၏ချင်ရဲပြေစေခြင်းငှါ ဒဏ်ပေးသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၆ လယ်ပြင်၌ရှိသော သတို့သမီးသည် ဓါးဖြင့်သေ၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည် ဟုမိန့်တော်မူ၏။
၆ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုပြည်သားအပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ သင်သည်ဣသရေလ အမျိုး၌ ကျူတောင်ဝှေးဖြစ်လေပြီ။
၉ အဲဂုတ္တုပြည်သည်လူဆိတ်ညံလျက်၊ ပျက်စီးလျက်ရှိသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသိရလိမ့်မည်။ သင်ကငါ့မြစ်ကိုငါပိုင်၏။ ငါဖန်ဆင်းပြီဟုဆိုမိသောကြောင့်၊
၁၆ ဣသရေလအမျိုးသားတို့သည်ထိုပြည်သားတို့ကိုမြော်လင့်၍၊ မိမိတို့အပြစ်ကိုငါအောက်မေ့စေသဖြင့်၊ နောက်တဖန်ထိုပြည်သည်သူတို့ခိုလှုံရာမဖြစ်ရာ။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသိရကြလိမ့်မည် ဟုမိန့်တော်မူ၏။
sဗာဗုလုန်စစ်သူရဲများအားတုရုမြို့သိမ်းခအဲဂုတ္တုကိုပေးမည်
၂၁ ထိုကာလ၌ ဣသရေလအမျိုး၏ချိုကိုငါပေါက်စေ၍၊ သူတို့အထဲမှာသင်ဟောပြောရသောအခွင့်ကိုငါပေးမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသူတို့သိရကြလိမ့်မည် ဟုမိန့်တော်မူ၏။
၈ ငါသည်အဲဂုတ္တုပြည်၌ မီးညှိ၍ထိုပြည်ကို မစသမျှသောသူတို့သည် ပျက်စီးကြသောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။
၁၉ ထိုသို့အဲဂုတ္တုပြည်၌ ငါသည်အပြစ်ဒဏ်စီရင်၍ ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည် ဟုမိန့်တော်မူ၏။
၂၅ ဗာဗုလုန် ရှင်ဘုရင်၏ လက်ရုံးတို့ကို ငါခိုင်မာစေမည်၊ ဖာရောဘုရင်၏ လက်မူကား၊ အောက်သို့ကျလိမ့်မည်။ ငါ့ဓါးကိုဗာဗုလုန်ရှင်ဘုရင်၏လက်၌ ငါအပ်၍၊ သူသည်အဲဂုတ္တုပြည်ကို ထိုဓါးနှင့်ခုတ်သောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။
၂၉ ပြည်သားတို့သည် ပြုမိသောစက်ဆုပ်ဘွယ် အမှုအလုံးစုံတို့ကြောင့်၊ ထိုပြည်ကိုငါသုတ်သင်ပယ်ရှားသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။
sနှုတ်နှင့်ကောင်းမွန်စွာပြောသော်လည်း စိတ်ကလောကစွဲလမ်း
၁၅ ဣသရေလ အမျိုးသားတို့အမွေပျက်စီးသည်ကို သင်သည်ဝမ်းမြောက်သောကြောင့်၊ ထို့အတူသင်၌ ငါပြုမည်။ အိုစိရတောင်၊ သင်နှင့်တကွ ဧဒုံပြည်သည် အကုန်အစင်ပျက်စီး၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည် ဟုမိန့်တော်မူ၏။
၃၈ ပျက်စီးသောမြို့တို့သည်သန့်ရှင်းသောသိုးစုတည်းဟူသော၊ ဓမ္မပွဲခံချိန်တွင်ယေရုရှလင် သိုးစုကဲ့သို့သောလူစုတို့နှင့်ပြည့်စုံ၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည် ဟုမိန့်တော်မူ၏။
၁ သင်တို့တွင် ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊
၂၀ ငါမမှာထားဘဲ ငါ့အခွင့်ကို ဆောင်၍ ရဲရင့်စွာ ဟောပြောသော ပရောဖက်၊ အခြားတပါးသော ဘုရားအခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ်ခြင်းကို ခံရမည်၊ ဟုငါ့အားမိန့်တော်မူ၏။
၆ ဣသရေလ ရှင်ဘုရင်သည် ပရောဖက် လေးရာတို့ကို စုဝေးစေပြီးလျှင်၊ ငါသည် ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလော၊ ဟုမေးသော်၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်၊ ဟုလျှောက်ကြ၏။
၃၁ ပရောဖက်တို့သည် မဟုတ်မမှန် ဟောပြောကြ၏။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သော အမှုကိုငါ၏ လူတို့သည် နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည်အဘယ်သို့ ပြုကြလိမ့်မည်နည်း။
%ln
၁၃ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသော သူအပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှတို့သည် မုသာကိုသုံးကြ၏။
၁၃ ငါကလည်း၊ အိုအရှင် ထာဝရဘုရား၊ ပရောဖက်တို့က၊ သင်တို့သည် ဓါးဘေးကို မတွေ့ရကြ။ မွတ်သိပ်ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရကြ။ ဤအရပ်၌ မြဲသောငြိမ်သက်ခြင်းကို ငါပေးမည်ဟု ဤသူတို့အား ဟောပြောကြောင်းကို ငါလျှောက်သောအခါ၊
၁၆ ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍သင်တို့အား ဟောတတ်သောဆရာတို့၏ စကားကိုနားမထောင်ကြနှင့်။ သူတို့သည်သင်တို့အားအချည်းနှီးဟောတတ်ကြ၏။ ထာဝရဘုရား၏နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက်ရူပါရုံကိုမြင်သည်အတိုင်းဟောပြောတတ်ကြ၏။
၂၅ ငါသည်အိပ်မက်မြင်ပြီ။ အိပ်မက်မြင်ပြီ၊ ဟုငါ့နာမကိုအမှီပြု၍၊ မုသာဖြင့်ဟောပြောသော ပရောဖက်တို့၏စကားကို ငါကြားပြီ။
၉ သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေခံကိုမခံရဟု သင်တို့အား ပြောတတ်သော ပရောဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာဆရာ၊ ပြုစားတတ်သော ဆရာတို့၏စကားကို နားမထောင်ကြနှင့်။
၁ ထိုနှစ်တည်းဟူသော၊ ယုဒရှင်ဘုရင် ဇေဒကိနန်းစံစတုတ္ထနှစ်၊ ပဥ္စမလတွင်၊ ဂိဗောင်မြို့နယ်၊ အာဇုရသားဟာနနိက၊
၂၀ ထာဝရဘုရားသည် ငါတို့အဘို့ ပရောဖက်များကို ဗာဗုလုန်မြို့၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ဆိုကြသည်ဖြစ်၍၊
၃၁ ငါမစေလွှတ်ဘဲ ရှေမာယသည် သင်တို့အား ပရောဖက်ပြု၍ မုသာ၌ ခိုလှုံစေသောကြောင့်၊
၂၈ ပရောဖက်တို့ကလည်း၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်၊ ဟုထာဝရဘုရားမိန့်တော်မမူဘဲ၊ အချည်းနှီးသောအရာကိုမြင်၍၊ မုသာစကားကို ဟောပြောလျက်၊ သူတို့ကိုအင်္ဂတေနှင့်မွမ်းမံကြ၏။
၂ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပြည်တော်တွင် ရှိသော ရုပ်တုတို့၏ နာမများကို နောက်တဖန် အဘယ်သူမျှ မမှတ်မိစေခြင်းငှါ၊ ထိုကာလ၌ ငါသုတ်သင်ပယ်ရှင်းမည်။ ပရောဖက် လုပ်သောသူတို့ကို၎င်း၊ ညစ်ညူးသော ဝိညာဉ်ကို၎င်း၊ ပြည်တော်မှ နှင်ထုတ်မည်။
၁၅ အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့ လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။
၅ အများသော သူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏၊ ဟုဆိုလျက်၊ ငါ၏ အယောင်ကို ဆောင်၍ ပေါ်လာသဖြင့်၊ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။
sစစ်တိုက်မည်
၁၁ အချင်းချင်း မုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက် အများတို့သည် ပေါ်လာ၍၊ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။
၂၄ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍၊ရွေးချယ်သော သူတို့ကိုပင် လှည့်ဖြားနိုင်လျှင်၊ လှည့်ဖြား လောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို ပြကြလိမ့်မည်။
၂၁ ထိုအခါ သူတပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ ရှိသည်၊ ဟုဆိုသော်လည်း မယုံကြနှင့်။
၈ ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏၊ အချိန်ကာလလည်း ရောက်လာပြီ၊ ဟုဆိုလျက်၊ ငါ၏အယောင်ကို ဆောင်၍ ပေါ်လာကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
၇ ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား၊ မိစ္ဆာပရောဖက် ဖြစ်သော နတ်ဝိဇ္ဇာအတတ် သမားကို၊ မြို့ဝန်မင်း သေရဂိပေါလုထံ၌ တွေ့ကြ၏။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့်၊ ဗာနဗနှင့် ရှောလုတို့ကို ခေါ်ပင့်၍၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို နာလိုသောစိတ်ရှိသော်၊
၂၉ အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည်၊ သိုးများကို မသနားဘဲ၊ သင်တို့အထဲသို့ ဝင်မည်ကို၎င်း၊
၁၂ အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှါ၎င်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာဖြစ်စေခြင်းငှါ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။
၇ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရား မဟုတ်။ သင်တို့ကို နှောင့်ယှက်၍၊ ခရစ်တော်၏ ဧဝံဂေလိတရားကို၊ မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။
၁ ချစ်သူတို့၊ ခပ်သိမ်းသော ဝိညာဉ်%fo(a) တို့ကို မယုံကြနှင့်။ ဝိညာဉ်တို့သည်၊ ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို၊ စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။
၁ သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက်ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဌိအယူများကို ပရိယာယ်အားဖြင့်သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသောအရှင်ကို ငြင်းပယ်လျက်၊ မိမိတို့အပေါ်သို့ လျင်စွာသော ဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာ တို့သည် သင်တို့တွင် ရှိကြလိမ့်မည်။