-
AA
+
🡀
|
🡂
ယေရမိ မြည်တမ်းစကား
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ယေရမိ မြည်တမ်းစကား
အခန်းကြီး ၂


CROSS REFERENCES






ထာဝရဘုရားသည် ဇိအုန်သတို့သမီးကို အမျက်တော်မိုးတိမ်ဖြင့် ဖုံးလွှမ်းတော်မူပြီ။ ဣသရေလအမျိုး၏ ဂုဏ်အသရေကို ကောင်းကင်မှမြေကြီးတိုင်အောင် ချတော်မူပြီ။ အမျက်တော်ထွက်ချိန်၌ ခြေတော်တင်ရာခုံကို မအောက်မေ့ဘဲနေတော်မူပါပြီတကား။ ထာဝရဘုရားသည် သနားခြင်းမရှိဘဲ၊ ယာကုပ်အမျိုး၏နေရာအရပ်ရှိသမျှတို့ကို မျိုတော်မူပြီ။ အမျက်တော် ထွက်သဖြင့် ယုဒသတို့သမီး၏ရဲတိုက်တို့ကို မြေတိုင်အောင်ဖြိုဖျက်၍၊ နိုင်ငံတော်နှင့်မင်းသားတို့ကို ရှုတ်ချတော်မူပြီ။ ပြင်းစွာအမျက်တော်ထွက်၍ ဣသရေလ၏ဦးချိုရှိသမျှတို့ကို ဖြတ်တော်မူပြီ။ ရန်သူရှေ့မှာ လက်ရုံးတော်ကို ရုပ်သိမ်းတော်မူပြီ။ အရပ်ရပ်လောင်သောမီးတောက်ကဲ့သို့ ယာကုပ်အမျိုးကို လောင်စေတော်မူပြီ။ ရန်သူကဲ့သို့လေးကိုတင်လျက်၊ ရန်ဘက်ပြုသောသူကဲ့သို့ လကျ်ာလက်ကိုချီကြွလျက်၊ တင့်တယ်ခြင်း အသရေရှိသော၊ သူအပေါင်းတို့ကိုသတ်တော်မူပြီ။ ဇိအုန်သတို့သမီး၏ နေရာတဲပေါ်မှာမီးကဲ့သို့သောအမျက်ကိုသွန်းလောင်းတော်မူပြီ။ ထာဝရဘုရားသည်ရန်ဘက်ပြု၍ဣသရေလအမျိုးကို၎င်း၊ ဘုံဗိမာန်အပေါင်းတို့ကို၎င်း၊ ဝါးမျိုတော်မူပြီ။ ရဲတိုက်တို့ကို ဖြိုဖျက်တော်မူပြီ။ ယုဒသတို့သမီး ငိုကြွေးမြည်တမ်းသော အကြောင်းတို့ကို များပြားစေတော်မူပြီ။ ဝင်းတော်ကို တောင်ယာခြံကဲ့သို့အမှတ်ပြု၍ ချိုးဖျက်တော်မူပြီ။ မိမိပွဲသဘင်တော်ကို ဖျက်ဆီးတော်မူပြီ။ ဇိအုန်မြို့၌ ခံသောဓမ္မပွဲနေ့၊ ဥပုသ်နေ့ [A]တို့ကို ထာဝရဘုရားမေ့စေတော်မူပြီ။ အမျက်တော်အရှိန်ပြင်း၍ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ။ ထာဝရဘုရားသည် မိမိယဇ်ပလ္လင်တော်ကို ပယ်တော်မူပြီ။ မိမိသန့်ရှင်းရာဌာနတော်ကို စက်ဆုပ်တော်မူပြီ။ ဘုံဗိမာန်တော်ကို ရန်သူလက်သို့အပ်တော်မူသဖြင့် ပွဲသဘင်ခံသောနေ့၌ အသံပြုသကဲ့သို့၊ ရန်သူတို့သည် ထာဝရဘုရား၏ အိမ်တော်၌ အသံပြုကြပြီ။ ထာဝရဘုရားသည် ဇိအုန်သတို့သမီး၏ မြို့ရိုးကိုဖြိုဖျက်မည်၊ ဟုအကြံတော်ရှိသည်အတိုင်း ကြိုးကိုတန်း၍ အစဉ်ဖြိုဖျက်တော်မူသဖြင့် အတွင်းမြို့ရိုးနှင့် ပြင်မြို့ရိုးတို့သည် အတူညည်းတွား၍ ငိုကြွေးမြည်တမ်းရမည်အကြောင်း ပြုတော်မူပြီ။ တံခါးရွက်တို့သည် မြေ၌မြုပ်လျက်ရှိကြ၏။ ကန့်လန်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့်မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ၏။ တရားတော်မရ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။ ၁၀ ဇိအုန်သတို့သမီး၏ အသက်ကြီးသောသူတို့သည် မြေမှုန့်ကိုမိမိတို့ခေါင်းပေါ်မှာ ပစ်တင်လျက်လျှော်တေအဝတ်ကို ဝတ်စည်းလျက် မြေပေါ်မှာထိုင်၍ တိတ်ဆိတ်စွာနေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်းကိုငိုက်ဆိုက်ညွတ်လျက် နေကြ၏။ ၁၁ ငါ၏လူမျိုးသတို့သမီး ပျက်စီးသောကြောင့်၊ ငါသည်မျက်ရည်ကျ၍ မျက်စိပျက်လေပြီ။ ဝမ်း၌ဆူလှိုက်ခြင်းရှိ၍ အသည်းလည်းမြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း၌ အားပျက်လျက် နေကြ၏။ ၁၂ သူတို့ကလည်း ဆန်စပါးနှင့်စပျစ်ရည်သည် အဘယ်မှာရှိသနည်း၊ ဟုရန်သူညဉ်းဆဲသောသူကဲ့သို့ မြို့လမ်း၌ အားပျက်လျက်၊ အမိရင်ခွင်၌ မိမိအသက်ကိုသွန်းလျက်၊ အမိကိုမေးတတ်ကြသည်တကား။

၁၃ အိုယေရုရှလင်သတို့သမီး၊ သင်၏အမှု၌ အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန်သတို့သမီးကညာ သင့်ကိုနှစ်သိမ့်စေခြင်းငှါ၊ သင်နှင့်အဘယ်သူကို ငါခိုင်းနှိုင်းရမည်နည်း။ သင်၏ပြိုပျက်ရာသည် သမုဒ္ဒ​ရာကဲ့သို့ ကျယ်သောကြောင့်အဘယ်သူ ပြုပြင်နိုင်သနည်း။ ၁၄ သင်၏ပရောဖက်တို့သည် အချည်းနှီးသောအရာ၊ မိုက်သောအရာတို့ကို သင့်အဘို့မြင်ကြပြီ။ သိမ်းသွားချုပ်ထားသော အမှုကိုပြေစေခြင်းငှါ၊ သင်၏အပြစ်ကိုမဖေါ်မပြဘဲ မှားသောရူပါရုံ၊ လမ်းလွဲစရာအရာကိုသင့်အဘို့မြင်ကြပြီ။ ၁၅ လမ်း၌လျှောက်သွားသမျှသောသူတို့က ဂုဏ်သရေအထွဋ် မြေတပြင်လုံးရွှင်လန်းရာဘွဲ့ရှိသောမြို့ကားဤမြို့လော၊ ဟုယေရုရှလင်သတို့သမီးကို လက်ခုတ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊ ခေါင်းကိုညိတ်လျက် မေးတတ်ကြ၏။ ၁၆ သင်၏ရန်သူအပေါင်းတို့သည် သင့်တဘက်၌ နှုတ်ကိုဖွင့်ကြ၏။ ငါတို့သည်သူ့ကိုမျိုပြီ။ အကယ်စင်စစ် ဤသည်နေ့ကား၊ ငါတို့မြော်လင့်ခဲ့ပြီးသောနေ့ ဖြစ်၏။ ငါတို့တွေ့မြင်ရပြီ၊ ဟုကဲ့ရဲ့သံကိုပြုလျက်အံ့သွားကိုခဲကြိတ်လျက်ဆိုကြ၏။ ၁၇ ထာဝရဘုရားသည် ကြံစည်သောအမှုကိုပြုတော်မူပြီ။ ရှေးကာလ၌ မိန့်တော်မူသောစကားတော်ကိုပြည့်စုံစေတော်မူပြီ။ မနှမြောဘဲဖြိုဖျက်တော်မူပြီ။ ရန်သူသည်သင်၏အပေါ်မှာဝမ်းမြောက်ရသောအခွင့်ကိုပေး၍၊ ရန်သူ၏ဦးချိုကိုချီးမြှင့်တော်မူပြီ။ ၁၈ သူတို့သည်စိတ်နှလုံး ထဲကထာဝရဘုရားကိုအော်ဟစ်ကြ၏။ အိုဇိအုန်သတို့သမီး၏မြို့ရိုး၊ သင်၏မျက်ရည်သည်မြစ်ရေစီးသကဲ့သို့နေ့ညမပြတ်စီးစေလော့။ ကိုယ်ကိုမငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလည်း မငြိမ်းစေနှင့်။ ၁၉ ညဦးယံအချိန်၌ ထ၍အော်ဟစ်လော။ ထာဝရဘုရား၏မျက်နှာတော်ရှေ့မှာ သင်၏နှလုံးကို ရေကဲ့သို့သွန်းလောင်းလော့။ ငတ်မွတ်၍ခပ်သိမ်းသောလမ်းဝမှာ အားပျက်လျက်နေသော သင်၏သူငယ်တို့ကို အသက်ချမ်းသာစေခြင်းငှါ၊ အထံတော်သို့ သင်၏လက်ကိုချီဆန့်လော့။ ၂၀ အိုထာဝရဘုရား၊ ကိုယ်တော်သည်အဘယ်သူ၌ ဤသို့စီရင်တော်မူသည်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ မိန်းမသည်မိမိရင်သွေး၊ မိမိချီပိုက်သောသားကို စားရပါမည်လော။ ယဇ်ပုရောဟိတ်နှင့်ပရောဖက်သည် ထာဝရဘုရား၏သန့်ရှင်းရာဌာနတော်၌ အသေသတ်ခြင်းကို ခံရပါမည်လော။ ၂၁ လူအကြီးအငယ်တို့သည် လမ်း၌မြေပေါ်မှာ တုံးလုံးနေရကြပါ၏။ အ​ကျွန်ုပ်၏ လူပျိုနှင့်အပျိုတို့သည် ဓါးဖြင့်သေရကြပါပြီ။ ကိုယ်တော်သည်အမျက်တော်ထွက်သောနေ့၌၊ သူတို့ကိုမသနားဘဲကွပ်မျက်တော်မူပြီ။ ၂၂ ပွဲသဘင်နေ့၌ လူတို့ကိုခေါ်ဖိတ်သကဲ့သို့ အ​ကျွန်ုပ်ပတ်လည်၌ ကြောက်မက်ဘွယ်သောအရာတို့ကို ခေါ်ဖိတ်တော်မူပြီ။ ထာဝရဘုရားအမျက်တော် ထွက်သောနေ့၌ အဘယ်သူမျှမလွတ်၊ မကျန်ကြွင်းပါ။ အ​ကျွန်ုပ်ချီပိုက်​ကျွေးမွေးသော သူတို့ကိုအ​ကျွန်ုပ်၏ ရန်သူသည် ဖျက်ဆီးပါပြီ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.