-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၈


အရိုးတို့ကို မသင်္ဂြိုလ်မစင်ကဲ့သို့ လှန်ထားကြလိမ့်မည်

ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလအခါ ယုဒရှင်ဘုရင်၏ အရိုး၊ မှူးမတ်တို့၏အရိုး၊ ယဇ်ပုရောဟိတ်တို့၏အရိုး၊ ပရောဖက်တို့၏ အရိုး၊ ယေရုရှလင်မြို့သားတို့၏ အရိုးများကို သင်္ချိုင်းတွင်းများအထဲက ထုတ်ပစ်၍၊ ထိုသူတို့သည် ကြည်ညိုရာ၊ အမှုဆောင်ရာ၊ လိုက်သွားရာ၊ ရှာဖွေရာ၊ ကိုးကွယ်ရာဖြစ်သော၊ နေ၊ လ၊ ကောင်းကင် တန်ဆာရှေ့မှာလှန်ထားကြလိမ့်မည်။ ထိုအရိုးတို့ကို မစုမပုံ၊ မသင်္ဂြိုလ်ရ။ မြေပေါ်မှာမစင်ကဲ့သို့ ဖြစ်ရကြလိမ့်မည်။ ငါနှင့်လိုက်ရာအရပ်၌ ကျန်ကြွင်း၍၊ ဆိုးယုတ်သော ဤအမျိုးသားတို့သည် အသက်ကိုအလိုမရှိ။ သေခြင်းကိုအလိုရှိ၍ ရွေးချယ်ရကြလိမ့်မည်ဟု ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။


မုသာစွဲလမ်းပြန်၍ မလာဟု ခိုင်မာစွာဆို

တဖန်သင်သည် သူတို့အား ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ လဲသောသူသည် နောက်တဖန်မထရသလော။ လဲသွားသောသူသည် နောက်တဖန်ပြန်၍ မထရသလော။ ဤလူမျိုးတည်းဟူသော ယေရုရှလင် မြို့သားတို့သည် ထာဝရ ဖောက်ပြန်ခြင်းအားဖြင့် အဘယ်ကြောင့် ဖောက်ပြန်ကြသနည်း။ မုသာကို စွဲလမ်းကြ၏။ ငါတို့သည်ပြန်၍ မလာဟု ခိုင်မာစွာဆိုကြ၏။ ငါစေ့စေ့ နားထောင်သောအခါ၊ သူတို့သည် ဖြောင့်မတ်စွာ မပြောကြ။ ငါသည်အဘယ်သို့ပြု မိသနည်းဟု ကိုယ်အပြစ်ကိုမြင်၍ အဘယ်သူမျှ နောင်တမရ။ စစ်တိုက်ခြင်းငှါ မြင်းပြေးသကဲ့သို့၊ ထိုသူအပေါင်းတို့သည်လမ်းလွှဲ၍ တဟုန်တည်း ပြေးတတ်ကြ၏။


ငှက်များပင် မိမိတို့အချိန်သိ

မိုးကောင်းကင်၌ ကျင်လည်သော တောငန်းသော်လည်း၊ မိမိအချိန်ကို သိတတ်၏။ ဥချိုး၊ တီတီတွတ်၊ ဇရက်သော်လည်း၊ မိမိပြန်လာချိန်ကို မှတ်တတ်၏။ ငါ၏လူများမူကား၊ ထာဝရဘုရား စီရင်တော်မူခြင်းကို နားမလည်တတ်ကြ။ [A] ငါတို့သည် ပညာရှိဖြစ်၏။ ထာဝရဘုရား၏ တရားသည် ငါတို့၌ ရှိ၏ဟု သင်တို့သည် အဘယ်သို့ ဆိုရလိမ့်မည်နည်း။ အကယ်စင်စစ် စာရေးတို့၏ မုသာမှင်တံသည် မုသာတရားကို လုပ်လေပြီ။ ပညာရှိတို့သည် အရှက်ကွဲကြ၏။ ထိတ်လန့်၍ ကျော့ကွင်းထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပယ်ကြပြီ။ သူတို့၌ ပညာမည်မျှရှိသနည်း။


မတရားစီးပွားရှာကြ
CROSS REFERENCES






၁၀ ထိုအကြောင်းကြောင့်၊ သူတို့မယားများကို သူတပါး၌ ငါအပ်မည်။ သူတို့လယ်ယာများကို သူတပါးတို့အား အပိုင်ပေးမည်။ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူ အပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကိုသုံးကြ၏။ ၁၁ ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟုပြောဆိုလျက်၊ ငါ၏ လူမျိုးသတို့သမီးအနာကို ပေါ့လျော့စွာ ကုကြ၏။ ၁၂ သူတို့သည် ရွံရှာဘွယ်အမှုကို ပြုပြီးမှ ရှက်ကြသလော။ အလျှင်းမရှက်ကြ။ မျက်နှာ မပျက်တတ်ကြ။ ထိုကြောင့်၊ တယောက်နောက် တယောက်လဲ ကြလိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းကိုခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ၁၃ သူတို့ကို ငါရှင်းရှင်း ဖျက်ဆီးမည်။ စပျစ်နွယ်ပင်၌ စပျစ်သီးမရှိရ။ သင်္ဘောသဖန်းပင်၌ သင်္ဘောသဖန်းသီးမရှိရ။ [B] အရွက်လည်း ညှိုးနွမ်းရမည်အကြောင်း၊ လွှမ်းမိုးသော သူတို့ကို ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။


ချမ်းသာကို မြော်လင့်သော်လည်း ဘေးသက်သက်

၁၄ ငါတို့သည် အဘယ်ကြောင့် ထိုင်လျက်နေကြသနည်း။ စုဝေးကြကုန်အံ့၊ ခိုင်ခံ့သော မြို့များအထဲသို့ဝင်၍ တိတ်ဆိတ်စွာနေကြကုန်အံ့။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် ငါတို့ကိုတိတ်ဆိတ်စွာနေစေ၍၊ ဆေးခါးနှင့် ရောသောရေကို တိုက်တော်မူ၏။ ၁၅ ငါတို့သည် ချမ်းသာကို မြော်လင့်သော်လည်း၊ ကောင်းသောအရာ မပေါ်လာ။ သက်သာချိန်ကို မြော်လင့်သော်လည်း ဘေးသက်သက်ဖြစ်၏။ ၁၆ သူ့မြင်းနှာခေါင်းရှုသံကို ဒန်ပြည်က ကြားရ၏။ သူ့မြင်းရဲ့ ဟီသံကိုကြား၍ တပြည်လုံး တုန်လှုပ်လေ၏။ သူတို့သည် ရောက်လာ၍၊ ပြည်နှင့်တကွပြည်၌ ရှိသမျှကို၎င်း၊ မြို့နှင့်တကွ မြို့သားတို့ကို၎င်း စား၍ မျိုကြ၏။


ရိပ်သိမ်းရာနှင့် နွေကာလကုန်ပြီငါတို့သည် ကယ်ခြင်းသို့ မရောက်ကြ

၁၇ ကြည့်ရှုလော့။ မန်းမှုတ်၍ မနိုင်သောမြွေ၊ ဆိုးသောမြွေများကို သင်တို့ရှိရာသို့ ငါစေလွှတ်သဖြင့်၊ သင်တို့ကို ကိုက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ၁၈ ငါဝမ်းနည်းခြင်း ပျောက်မည်အကြောင်း အဘယ်သို့နည်း။ ငါသည်စိတ်ပျက်လျက် နေရ၏။ ၁၉ ငါ၏ လူမျိုးသတို့သမီး အော်ဟစ်သံကို ဝေးသောပြည်က ကြားရ၏။ ထာဝရဘုရားသည်ဇိအုန်မြို့၌ ရှိတော်မမူသလော။ မိမိရှင်ဘုရင်သည် မြို့ထဲ၌ ရှိတော်မမူသလော။ တ​ကျွန်းတနိုင်ငံနှင့် ဆိုင်သော အချည်းနှီးအရာ၊ ရုပ်တုဆင်းတုအားဖြင့် သူတို့သည် ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ အဘယ်ကြောင့် ပြကြသနည်း။ ၂၀ အသီးအနှံသိမ်းရာကာလလွန်ပြီ။ နွေကာလကုန်ပြီ။ ငါတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။ ၂၁ ငါ၏လူမျိုး သတို့သမီးသည်နာသောကြောင့်၊ ငါလည်းနာရ၏။ ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက်၊ မိန်းမောတွေဝေလျက် နေရ၏။ ၂၂ ဂိလဒ်ပြည်၌ ဗာလဇံပင် အစေးမရှိသလော။ ထိုပြည်၌ ဆေးသမားမရှိသလော။ ရှိလျက်ပင် ငါ၏လူမျိုးသတို့သမီးသည် အဘယ်ကြောင့် အနာမှ မထမြောက်သနည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.