-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၆


ယေရုရှလင်မြို့သို့ ဘေးဥပဒ်ရောက်စေမည်

အိုဗင်္ယာမိန် အမျိုးသားတို့၊ ယေရုရှလင်မြို့ထဲက ထွက်၍၊ လွတ်အောင်ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ မီးရူးကိုမြှောက်၍ ပြကြလော့။ အကြောင်းမူကား၊ ဘေးဥပဒ်တည်းဟူသော ကြီးစွာသော ပျက်စီးခြင်းအကြောင်း အရာသည် မြောက်မျက်နှာက ပေါ်လာ၏။ အဆင်းလှ၍ နူးညံ့သိမ်မွေ့သော သူတည်းဟူသော ဇိအုန်သတို့သမီးကို ငါဖျက်ဆီးမည်။ သိုးထိန်းတို့သည် သိုးစုများပါလျက် သူတို့ထံလာ၍၊ သူ့တဘက်ပတ်လည်၌ တဲဆောက်၍၊ အသီးအသီး မိမိတို့နေရာမှာ ကျက်စားကြလိမ့်မည်။ သူ့ကိုစစ်တိုက်ခြင်းငှါ၊ ပြင်ကြလော့။ ထကြ။ မွန်းတည့်အချိန်၌ တက်သွားကြကုန်အံ့။ ငါတို့၌ ခက်လှ၏။ မွန်းလွဲပြီ။ မိုးချုပ်လေပြီ။ ထကြ။ ညအခါတက်သွား၍၊ သူ၏ဘုံဗိမာန်တို့ကို ဖျက်ဆီးကြကုန်အံ့ဟု ဆိုကြလိမ့်မည်။


ယေရုရှလင် ဒုစရိုက်ထွက်စေသောမြို့
CROSS REFERENCES






ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သစ်ပင်တို့ကို ခုတ်လှဲကြလော့။ ယေရုရှလင်မြို့တဘက်၌ မြို့ရိုးကိုဖို့ကြလော့။ ဤမြို့သည် ဆုံးမစရာကောင်းသော မြို့ဖြစ်၏။ မြို့ထဲ၌ ညှဉ်းဆဲခြင်းသက်သက်ရှိ၏။ စမ်းရေ ပေါက်ဝမှရေသည် စီးထွက်သကဲ့သို့၊ ထိုမြို့သည် ဒုစရိုက် ထွက်စေတတ်၏။ မြို့ထဲ၌ လုယူဖျက်ဆီးခြင်းအသံကို ကြားရ၏။ အနာများနှင့် ဒဏ်ချက်ရာများကို အစဉ်ငါမြင်ရ၏။ အိုယေရုရှလင်မြို့၊ ဆုံးမခြင်းကိုခံလော့။ သို့မဟုတ်၊ သင့်ကို ငါရွံရှာမည်။ သင့်ကိုပယ်ရှင်း၍ လူဆိတ်ညံ့ရာအရပ် ဖြစ်စေမည်။ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်နွယ်ပင်၌ အကျန်အကြွင်းကို လိုက်၍ ဆွတ်သကဲ့သို့၊ ထိုသူတို့သည် ဣသရေလ၌ ကျန်ကြွင်းသောအရာကို လိုက်၍ အကုန်အစင် ဆွတ်ကြလိမ့်မည်။ စပျစ်သီးဆွတ်သောသူကဲ့သို့၊ သင်၏လက်ကို ခြင်းတောင်းထဲသို့ တဖန်သွင်းဦးလော့။ ၁၀ သူတို့သည် နားထောင်မည်အကြောင်း၊ အဘယ်သူကိုငါပြော၍ သတိပေးရမည်နည်း။ သူတို့နားသည်အရေဖျားလှီးခြင်း [A]မခံသောနားဖြစ်၍၊ သူတို့သည် နားမထောင်နိုင်ကြ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့ ကဲ့ရဲ့စရာဖြစ်၏။ ထိုနှုတ်ကပတ်တော်ကိုမနှစ်သက်ကြ။ ၁၁ ထိုကြောင့်၊ ငါသည် ထာဝရဘုရား၏ အမျက်တော်နှင့် ပြည့်ဝ၏။ အောင့်၍ မနေနိုင်။ လမ်း၌ရှိသောသူငယ်များနှင့် စုဝေးသော လူများအပေါ်သို့ အမျက်တော်ကို ငါသွန်းလောင်းမည်။ လင်မယားအစုံကို၎င်း၊ အသက်ကြီးသောသူနှင့် အိုလွန်းသောသူကို၎င်း သိမ်းသွားမည်။ ၁၂ သူတို့အိမ်နှင့်တကွ လယ်ယာ၊ မိန်းမတို့သည် သူတပါးလက်သို့ရောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ပြည်သူပြည်သားတို့ကို ငါဒဏ်ခတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။


မတရားစီးပွားကို ရှာကြ
CROSS REFERENCES






၁၃ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသော သူအပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှတို့သည် မုသာကိုသုံးကြ၏။ [B] ၁၄ ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏ လူမျိုးသတို့သမီး အနာကို ပေါ့လျော့စွာ ကုကြ၏။ ၁၅ သူတို့သည် ရွံရှာဘွယ်သောအမှုကို ပြုပြီးမှ ရှက်ကြသလော။ အလျှင်းမရှက်ကြ။ မျက်နှာမပျက်တတ်ကြ။ ထိုကြောင့်၊ တယောက်နောက် တယောက်လဲ ကြလိမ့်မည်။ ငါစစ်ကြောသောအခါနှိမ့်ချခြင်းသို့ ရောက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။


ရှေးလမ်းဟောင်းကိုရှာ၍ လိုက်ကြလော့

၁၆ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လမ်းနားမှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်း သောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့ လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ်နှလုံးသက်သာကြလိမ့်မည်။ သို့ရာတွင်၊ ငါတို့သည် မလိုက်ဟု ပြန်ပြောကြ၏။ ၁၇ ငါကလည်း၊ တံပိုးမှုတ်သံကို နားထောင်ကြလော့ဟု ဆိုလျက်၊ သင်တို့ အပေါ်၌ ကင်းစောင့်တို့ကို ခန့်ထားသောအခါ၊ ငါတို့သည် နားမထောင်ဟု ပြန်ပြောကြ၏။


ကြီးစွာသော ဘေးဥပဒ်ရောက်စေမည်

၁၈ သို့ဖြစ်၍၊ အိုတပါးအမျိုးသားတို့၊ နားထောင်ကြလော့။ တပါးအမျိုးသားတို့တွင်ရှိနေသောပရိသတ်တို့၊ သိမှတ်ကြလော့။ ၁၉ အိုမြေကြီးသားတို့၊ နားထောင်ကြလော့။ ဤလူမျိုးသည် ငါ့စကားကို နားမထောင်၊ ငါ့တရားကိုလည်း ငြင်းပယ်သောကြောင့်၊ သူတို့အလိုအလျောက် ကြံစည်ခြင်း အကျိုးအပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ်ကို၊ သူတို့အပေါ်သို့ ငါသက်ရောက်စေမည်။


ဘုရားကယဇ်အလိုမရှိ
CROSS REFERENCES






၂၀ ရှေဘပြည်မှ လောဗန်ကို၎င်း၊ ဝေးသောပြည်မှ မွှေးသောကြံကို၎င်း၊ အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့သနည်း။ သင်တို့ မီးရှို့ရာယဇ်တို့ကို ငါအလိုမရှိ။ ပူဇော်သော ယဇ်အမျိုးမျိုးကို ငါမနှစ်သက်။ [C]


မြောက်မျက်နှာမှ လူမျိုးခေါ်လာမည်
CROSS REFERENCES






၂၁ ထိုအကြောင်းကြောင့် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိမိ၍ လဲစရာတို့ကို ဤလူမျိုးရှေ့မှာ ငါထားမည်။ အဘနှင့်သားတို့သည် ထိမိ၍ လဲကြလိမ့်မည်။ အိမ်နီးချင်းနှင့် အဆွေခင်ပွန်းတို့သည် အတူ ပျက်စီးကြလိမ့်မည်။ ၂၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုးတမျိုးသည် မြောက်မျက်နှာမှ ပေါ်လာလိမ့်မည်။ [D]ကြီးစွာသော လူမျိုးကို မြေကြီးစွန်းမှ ငါနှိုးဆော်လိမ့်မည်။ ၂၃ လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ်သော အမျိုးဖြစ်၍၊ သနားခြင်း ကရုဏာမရှိ။ သူတို့စကားသံသည် သမုဒ္ဒ​ရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဇိအုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်းစီး၍၊ သင်ရှိရာသို့ ချီလာကြလိမ့်မည်။


သိတင်းကြား၍ လက်အားလျော့ကြ

၂၄ ထိုသိတင်းကို ငါတို့သည်ကြား၍ လက်အားလျော့ကြ၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဖွားသော မိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကို၎င်း ခံကြရ၏။ ၂၅ တောသို့မထွက်ကြနှင့်။ လမ်းမှာမသွားကြနှင့်။ ရန်သူ၌ ထားပါ၏။ အရပ်ရပ်၌ ဘေးရှိ၏။ ၂၆ အိုငါ၏လူမျိုးသတို့သမီး၊ လျှော်တေအဝတ်ကို ဝတ်စည်း၍ပြာ၌ လူးလည်းလော့။ တယောက်တည်းသောသား သေသည်ကို ငိုကြွေးသကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာ မြည်တမ်းလော့။ လုယူဖျက်ဆီးသောသူသည် ငါတို့ကိုချက်ချင်းတိုက်လိမ့်မည်။ ၂၇ သင်သည် ငါ၏လူမျိုးကျင့်သော အကျင့်ဓလေ့တို့ကိုစစ်၍ သိမည်အကြောင်း၊ စစ်သောသူအရာ၌ ရဲတိုက်ကဲ့သို့ သင့်ကို ငါခန့်ထား၏။ ၂၈ ထိုသူအပေါင်းတို့သည် အလွန်ဖေါက်ပြန်သောသူ၊ ကုန်းတိုက်သောသူ ဖြစ်ကြ၏။ ​ကြေးဝါနှင့်သံသက်သက်၊ ဖျက်တတ်သော အရာသက်သက်ဖြစ်ကြ၏။ ၂၉ ဖိုကိုမီးလောင်ပြီ။ ခဲလည်းကုန်ပြီ။ စစ်သောသူသည်မှုတ်၍ အကျိုးကိုမရ။ ညံ့သောအရာကို မထုတ်မပယ်နိုင်။ ၃၀ ထိုသူတို့ကို ပယ်သောငွေဟူ၍ ခေါ်ရမည်။ ထာဝရဘုရားသည် ပယ်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.