-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၅၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၅၁


ဗာဗုလုန်မြို့တိုက်သောလေ

ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့တဘက်၌ ၎င်း၊ ငါ၏ရန်သူတို့နှင့်ပေါင်းဖေါ်သောသူတို့တဘက်၌ ၎င်း၊ ဖျက်ဆီးတတ်သောလေကိုငါထစေမည်။ စံကောနှင့်ပြာတတ်သောသူတို့ကိုဗာဗုလုန်မြို့သို့ငါစေလွှတ်သဖြင့်၊ သူတို့သည် တပြည်လုံး၌ ပြာ၍ရှင်းလင်းကြလိမ့်မည်။ အမှုရောက်သောကာလ၊ သူတို့သည်မြို့ပတ်ဝန်းကျင်တို့၌ ရန်ဘက်ပြုလျက်နေကြလိမ့်မည်။ လေးကိုကိုင်သောသူ၊ သံချပ်အင်္ကျီကိုဝတ်သောသူတို့ကိုလေးတင်၍ပစ်ကြလော့။ မြို့သားလုလင်တို့ကိုမနှမြောဘဲ မြို့သားအလုံးအရင်းရှိသမျှတို့ကိုရှင်းရှင်းလင်းလင်းဖျက်ဆီးကြလော့။ ထိုသို့သူရဲတို့သည်ခါလဒဲပြည်တွင်လမ်းမတို့၌ လဲ၍အထိုးခံရကြလိမ့်မည်။ ဣသရေလအမျိုးနှင့်ယုဒအမျိုးနေရာပြည်သည်ဣသရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရားကိုပြစ်မှားသောအပြစ်နှင့်ပြည့်သော်လည်း၊ သူတို့ဘုရားသခင်ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားသည်ထိုအမျိုးတို့ကို စွန့်ပစ်တော်မမူ။ ဗာဗုလုန်မြို့ထဲကထွက်ပြေး၍၊ အသီးအသီးကိုယ့်အသက်ကိုကယ်နှုတ်ကြလော့။ မြို့သားတို့၏အပြစ်နှင့်ရော၍ဆုံးရှုံးခြင်းကိုမခံကြနှင့်။ ဤအချိန်ကားထာဝရဘုရား၏အမျက်တော်ကို​ဖြေချိန်ဖြစ်၍၊ အကျိုးအပြစ်နှင့်အလျောက်စီရင်တော်မူမည်။ ဗာဗုလုန်မြို့သည်၊ ထာဝရဘုရားကိုင်တော်မူ၍မြေကြီးတပြင်လုံးကိုယစ်မူးစေသောရွှေဖလားဖြစ်၏။ ထိုဖလား၌ ပါသောစပျစ်ရည်ကိုလူအမျိုးမျိုးတို့သည်သောက်၍အရှုးဖြစ်ကြ၏။ ဗာဗုလုန်မြို့သည်ချက်ချင်းပြိုလဲ၍ပျက်စီးပြီ။ သူ၏အတွက်ငိုကြွေးမြည်တမ်းကြလော့။ သူ၏အနာပျောက်နိုင်လျှင်၊ ပျောက်စေခြင်းငှါဗာလစံစေးကိုယူကြလော့။ ငါတို့သည်ဗာဗုလုန်မြို့၏အနာကိုပျောက်စေခြင်းငှါပြုသော်လည်းအနာမပျောက်နိုင်။ သူ့ကိုစွန့်ပစ်၍၊ အသီးအသီးငါတို့နေရင်းပြည်သို့သွားကြကုန်အံ့။ သူခံရသောအပြစ်သည်ကောင်းကင်တိုင်အောင်ရောက်၍၊ မိုးတိမ်ကိုထိလျက်ရှိ၏။ ၁၀ ထာဝရ ဘုရားသည်ငါတို့ဖြောင့်မတ်ကြောင်းကိုဖေါ်ပြတော်မူပြီ။ လာကြလော့။ ငါတို့ဘုရားသခင်ထာဝရဘုရားအမှုတော်ကိုဇိအုန်မြို့၌ ကြားပြောကြကုန်အံ့။ ၁၁ မြှားတို့ကိုပွတ်ကြလော့။ ဒိုင်းလွှားတို့ကိုကိုင်စွဲကြလော့။ ထာဝရဘုရားသည်မေဒိရှင်ဘုရင်တို့ကိုနှိုးဆော်တော်မူပြီ။ ဗာဗုလုန်မြို့ကိုဖျက်ဆီးမည်အကြံရှိတော်မူ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏အမျက် တော်ကိုဖြေခြင်း၊ ဗိမာန်တော်ကိုဖျက်ဆီးသောအပြစ်နှင့်အလျောက်ဒဏ်ပေးခြင်းအမှုဖြစ်သတည်း။ ၁၂ ဗာဗုလုန်မြို့ရိုးရှေ့မှာအလံကိုထူကြလော့။ များစွာသောလူစောင့်တို့ကိုထား၍ကင်းထိုးကြလော့။ ချောင်းမြောင်းသောတပ်သားတို့ကိုပြင်ကြလော့။ ထာဝရဘုရားသည်ဗာဗုလုန်မြို့သားတို့ကိုခြိမ်းသည်အတိုင်းကြံစည်၍လက်စသတ်တော်မူမည်။



၁၃ များစွာသောရေအနားမှာနေ၍စည်းစိမ်ကြီးသောသူ၊ သင်၏ဆုံးရှုံးချိန်၊ သင်၏လောဘအလိုပျက်ချိန်ရောက်လေပြီ။ ၁၄ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားသည်ကိုယ်ကိုတိုင်တည်၍ကျိန်ဆိုတော်မူသည်ကား၊ သင့်ကိုကျိုင်းကောင်များနှင့်ပြည့်စေသကဲ့သို့လူများနှင့်ပြည့်စေမည်။ သူတို့သည်သင့်တဘက်၌ ကြွေးကြော်သံကိုလွှင့်ကြလိမ့်မည်။ ၁၅ တန်ခိုးတော်အားဖြင့်မြေကြီးကိုဖန်ဆင်းတော်မူပြီ။ ပညာတော်အားဖြင့်လောကဓါတ်ကိုတည်တော်မူပြီ။ ဥာဏ်တော်အားဖြင့်မိုးကောင်းကင်ကိုကြက်တော်မူပြီ။ ၁၆ အသံတော်ကိုလွှတ်တော်မူသောအခါ၊ မိုးရေအသံဗလံဖြစ်တတ်၏။ မြေကြီးစွန်းမှမိုးတိမ်ကိုတက်စေတော်မူ၏။ မိုးရွာသည်နှင့်လျှပ်စစ်ပြက်စေတော်မူ၏။ လေကိုလည်းဘဏ္ဍာတော်တိုက်ထဲကထုတ်တော်မူ၏။ ၁၇ လူမည် သည်ကား၊ မိမိဥာဏ်အားဖြင့်တိရစ္ဆာန်ကဲ့သို့ဖြစ်၏။ [A] ရုပ်တုကိုသွန်းသောသူတိုင်းမိမိလုပ်သောရုပ်တုအားဖြင့်မှောက်မှားလျက်ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တုသည်မုသာဖြစ်၏။ သူ၌ လည်းထွက်သက်ဝင်သက်မရှိ။ ၁၈ ထိုသို့သောအရာတို့သည်အချည်းနှီးသက်သက်ဖြစ်ကြ၏။ လှည့်စားသောအရာလည်းဖြစ်ကြ၏။ စစ်ကြောခြင်းကိုခံရသည်ကာလကွယ်ပျောက်ကြလိမ့်မည်။ ၁၉ ယာကုပ်အမျိုးအဘို့ဖြစ်သောဘုရားသည်ထိုသို့သောအရာတို့နှင့်တူတော်မမူ။ ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းသောဘုရားဖြစ်တော်မူ၏။ ဣသရေလအမျိုးသည်အမွေခံတော်မူရာဖြစ်၏။ နာမတော်သည်ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားပေတည်း။



၂၀ အိုသံတူကြီး၊ သင်သည်ငါစစ်တိုက်စရာလက်နက်ဖြစ်၏။ သင့်ကိုငါကိုင်၍အတိုင်းတိုင်းအပြည်ပြည်တို့ကိုချိုးဖဲ့ပြီ။ ၂၁ သင့်ကိုကိုင်၍မြင်းနှင့်မြင်းစီးသူရဲကို၎င်း၊ ရထားနှင့်ရထားစီးသူရဲကို၎င်းငါချိုးဖဲ့ပြီ။ ၂၂ သင့်ကိုကိုင်၍ယောက်ျားမိန်းမတို့ကို၎င်း၊ အသက်ကြီးသောသူနှင့်အသက်ငယ်သူတို့ကို၎င်း၊ လူပျိုနှင့်အပျိုမတို့ကို၎င်းငါချိုးဖဲ့ပြီ။ ၂၃ သင့်ကိုလည်း ကိုင်၍သိုးထိန်းနှင့်သိုးစုကို၎င်း၊ လယ်လုပ်သောသူနှင့်နွားယှဉ်ကို၎င်း၊ ဗိုလ်များနှင့်မင်းများကို၎င်း၊ ငါချိုးဖဲ့ပြီ။ ၂၄ သို့ရာတွင်ဗာဗုလုန်မြို့သူ၊ ခါလဒဲပြည်သားအပေါင်းတို့သည်ဇိအုန်မြို့၌ ပြုလေသမျှသောဒုစရိုက်ရှိသည်အတိုင်း၊ ငါသည်သင်တို့ မျက်မှောက်၌ သူတို့အားအပြစ်ပေးမည်ဟုထာဝရဘုရားမိန့်တော်မူ၏။

၂၅ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဖျက်ဆီးတတ်သောသဘောရှိ၍၊ မြေကြီးတပြင်လုံးကိုဖျက်ဆီးတတ်သောတောင်ကြီး၊ သင့်တဘက်၌ ငါနေ၏။ သင့်အပေါ်မှာငါ၏လက်ကိုဆန့်လျက်ကျောက်တို့မှသင့်ကိုလှိမ့်ချ၍၊ မီးနှင့်ကျွမ်းလောင်သော တောင်ဖြစ်စေမည်။ ၂၆ တိုက်ထောင့်အထွဋ်ကျောက်၊ တိုက်မြစ်ကျောက်တစုံတခုကိုမျှသင်၏အထဲကမနှုတ်မယူရ၊ အစဉ်မပြတ်ပျက်စီးလျက်နေရလိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူ၏။ ၂၇ ထိုပြည်၌ အလံကိုထူကြလော့။ အပြည်ပြည်တို့၌ တံပိုးကိုမှုတ်၍၊ လူအမျိုးမျိုးတို့ကိုသူ၏တဘက်၌ ပြင်ဆင်ကြလော့။ အာရရတ်ပြည်၊ မိန္နိပြည်၊ အာရှကေနတ်ပြည်တို့ကို သူ၏တဘက်၌ စည်းဝေးစေကြလော့။ ဗိုလ်ချုပ်မင်းကိုခန့်ထား၍၊ အမွေးကြမ်းသောကျိုင်းကောင်ကဲ့သို့မြင်းစီးသူရဲတို့ကိုစစ်ချီစေကြလော။ ၂၈ လူမျိုးများတို့နှင့်တကွ၊ မေဒိရှင်ဘုရင်မှစ၍ဗိုလ်များ၊ မင်းများ၊ မေဒိနိုင်ငံသားများအပေါင်းတို့ကိုသူ၏ တဘက်၌ ပြင်ဆင်ကြလော။ ၂၉ ဗာဗုလုန်ပြည်သည်တုန်လှုပ်၍လိမ့်လိမ့်မည်။ ထိုပြည်သည်နေသူမရှိ။ သုတ်သင်ပယ်ရှားရာဖြစ်စေခြင်းငှါ၊ ထာဝရဘုရားကြံစည်တော်မသောအကြံရှိသမျှသည်ပြည့်စုံရလိမ့်မည်။ ၃၀ ဗာဗုလုန်စစ်သူရဲတို့သည်စစ်မပြိုင်ဘဲရဲတိုက်များ၌ နေကြ၏။ အားလျော့၍၊ မိန်းမကဲ့သို့ဖြစ်ကြ၏။ မြို့သားတို့နေရာတို့ကိုမီးရှို့၍၊ တံခါးကျင်တို့ကိုချိုးဖဲ့ကြ၏။ ၃၁-၃၂ ရန်သူတို့သည်မြို့တော်ကိုတဘက်တချက်တိုက်ဝင်ကြပြီဟူ၍၎င်း၊ လမ်းဝကိုပိတ်ထား၍ရေကန်နားမှာမီးရှို့ကြောင်းနှင့်စစ်သူရဲတို့သည်ကြောက်လန့်လျက်ရှိကြပြီဟူ၍၎င်း၊ ဗာဗုလုန်ရှင်ဘုရင်အားကြားလျှောက်အံ့သောငှါ၊ မင်းလုလင်ချင်းတယောက်ကိုတယောက်တွေ့ကြုံလျက်ပြေးလာကြ၏။ ၃၃ ဣသရေလအမျိုး၏ဘုရားသခင်ကကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်သတို့သမီးသည်စပါးနယ်ရသောကောက်နတ်တလင်းကဲ့သို့ဖြစ်၏။ စပါးရိတ်ရာအချိန်နီးပြီ။

၃၄ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည်ငါတို့ကိုကိုက်စား၍နှိပ်စက်ပါပြီ။ ငါတို့ကိုဟင်းလင်းသောအိုးဖြစ်စေပါပြီ။ နဂါးမျိုတတ်သကဲ့သို့ငါတို့ကိုမျို၍၊ ငါတို့ပျော်မွေ့စရာတို့နှင့်မိမိဝမ်းကိုပြည့်စေပါပြီ။ ငါတို့ကိုနှင်ထုတ်ပါပြီ။ ၃၅ ဇိအုန်မြို့သမီးက ငါ၏ကိုယ်နှင့်ငါ၏အသား၌ ပြုသောအဓမ္မအမှုတို့သည်ဗာဗုလုန်မြို့အပေါ်သို့ရောက်ပါစေဟူ၍၎င်း၊ ယေရုရှလင်မြို့အပေါ်သို့ ရောက်ပါစေဟူ၍၎င်း၊ ငါ၏အသွေးသည်ခါလဒဲပြည်သားတို့အပေါ်သို့ရောက်ပါစေဟူ၍၎င်းဆိုရ၏။ ၃၆ သို့ဖြစ်၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏အမှုကိုငါစောင့်မည်။ သင်ခံရသောအပြစ်ကိုပြန်ပေးမည်။ သူ၏ပင်လယ်ကို၎င်း၊ သူ၏စမ်းရေတွင်းကို၎င်း၊ ငါခန်း​ခြောက်စေမည်။ ၃၇ ဗာဗုလုန်မြို့သည်အမှိုက်ပုံ၊ မြေခွေးနေရာတွင်အံ့ဩဘွယ်ရာကဲ့ရဲ့သံပြုရာ၊ လူဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်။ ၃၈ ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြို့သားတို့သည်ခြင်္သေ့ကဲ့သို့ဟောက်သောအသံ၊ ခြင်္သေ့ငယ်ကဲ့သို့မြည်သောအသံကိုတညီတည်းပြုကြလိမ့်မည်။ ၃၉ သူတို့သည်ပျော်မွေ့ကြမည်အကြောင်းနှင့် နောက်တဖန်မနိုးဘဲအစဉ်မပြတ်အိပ်ပျော်မည့်အကြောင်း၊ သူတို့သည်ရွှင်လန်းအားကြီးသောအခါသောက်စရာတို့ငါတိုက်၍ ယစ်မူးစေမည်၊ ၄၀ အသေသတ်ခြင်းငှါဆွဲ၍ချသောသိုးသငယ်ကိုကဲ့သို့၎င်း၊ သိုးထီး၊ ဆိတ်ထီးတို့ကဲ့သို့၎င်း ငါဆွဲ၍ချမည်။ ၄၁ ရှေရှက်မြို့ကိုတိုက်၍ရလေပြီတကား။ မြေတပြင်လုံး၌ ကျော်စောသောမြို့ကိုလုယူလေပြီတကား။ ဗာဗုလုန်မြို့သည် အပြည်ပြည်တို့တွင်အံ့ဩရာဖြစ်လေပြီတကား။ ၄၂ ပင်လယ်သည်ဗာဗုလုန်ပြည်အပေါ်သို့တက်၍၊ များစွာသော လှိုင်းတံပိုးတို့သည်လွှမ်းမိုးကြပြီ။ ၄၃ မြို့များတို့သည်သုတ်သင်ပယ်ရှားရာအရပ်၊ သွေ့​ခြောက်သောလွင်ပြင်ဖြစ်ကြပြီ။ အဘယ်သူမျှမနေရ။ လူသားတစုံတယောက်၌ ထိုလမ်းကိုမလျှောက်ရ။ ၄၄ ဗာဗုလုန်မြို့၌ ဗေလဘုရားကိုလည်းငါသည် ဒဏ်ပေးမည်။ သူမျိုသောအရာတို့ကိုလည်းအန်စေမည်။ လူအမျိုးမျိုးတို့သည်နောက်တဖန်သူ့ထံမှမစည်းဝေးရကြ။ မြို့ရိုးလည်း ပြိုလဲလျက်ရှိရလိမ့်မည်။ ၄၅ ငါ၏လူတို့ဗာဗုလုန်မြို့ထဲကထွက်ကြလော့။ ထာဝရဘုရား၏ပြင်းစွာသောအမျက်တော်မှ အသီးအသီးကိုယ့်အသက်ကိုကယ်နှုတ်ကြလော့။ ၄၆ ထိုပြည်၌ ကြားရသောသိတင်းကြောင့်စိတ်မပျက်၊ ကြောက်လန့်ခြင်း မရှိကြနှင့်။ တနှစ်ထက်တနှစ်သိတင်းကြားရလျှင်မင်းချင်းတယောက်ကိုတယောက်လုယူ၍ညှဉ်းဆဲခြင်းအမှုရှိရလိမ့်မည်။ ၄၇ ထိုနောက်မှဗာဗုလုန်မြို့၌ ပြုလုပ်သောရုပ်တုဆင်းတုတို့ကိုငါသည်ဒဏ်ပေးသဖြင့်၊ တပြည်လုံးမိန်းမောတွေဝေ၍၊ သူရဲ အပေါင်းတို့သည်မြို့ထဲမှာလဲလျက်သေကြသောအချိန်ရောက်လာလိမ့်မည်။ ၄၈ ထိုသို့မြောက်မျက်နှာအရပ်ကလုယူသော သူတို့သည်ဗာဗုလုန်မြို့သို့ရောက်လာသောအခါမိုးမြေမှစ၍၊ အရပ်ရပ်၌ ရှိသမျှတို့သည်ရွှင်လန်းသောအသံကိုပြုကြလိမ့်မည်၊ ဟုထာဝရဘုရားမိန့်တော်မူ၏။ ၄၉ ဗာဗုလုန်မြို့ကြောင့်ဣသရေလအမျိုးသူရဲတို့သည်လဲ၍သေသကဲ့သို့၊ ဗာဗုလုန်မြို့ထဲမှာ ပြည်သားသူရဲအပေါင်းတို့သည်လဲ၍သေကြလိမ့်မည။ ၅၀ ဓါးဘေးနှင့်လွှတ်သောသူတို့သွားကြလော့၊ ရပ်၍မနေကြနှင့်၊ ဝေးသောအရပ်၌ ၊ ထာဝရဘုရားကိုအောက်မေ့၍၊ ယေရုရှလင်မြို့ကိုစိတ်စွဲလမ်းကြလော။ ၅၁ ငါတို့သည်ကဲ့ရဲ့သောအသံကိုကြားသောကြောင့်အရှက်ကွဲလျက်၊ မျက်နှာပျက်လျက်၊ နေကြရပါ၏။ တပါးအမျိုးသားတို့သည်ဗိမာန်တော်တွင်သန့်ရှင်းရာအရပ်ဌာနတော်တို့၏အထဲကိုဝင်ကြပါ၏။ ၅၂ သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ပြည်ကိုးကွယ်သော ရုပ်တုဆင်းတုတို့ကိုငါသည်ဒဏ်ပေး၍၊ တပြည်လုံး၌ ဒဏ်ချက်ထိသောသူတို့သည်ညည်းတွားကြသောအချိန်ရောက်လိမ့်မည်။ ၅၃ ဗာဗုလုန်မြို့သည်မိုးကောင်းကင်သို့တက်၍မြို့ရိုးအထွဋ်ကိုခိုင်ခံ့စွာတည်သော်လည်းငါစေလွှတ်၍၊ လုယူသောသူတို့သည်သူရှိရာသို့ရောက်ကြလိမ့်မည် ၊ ဟုထာဝရဘုရားမိန့်တော်မူ၏။ ၅၄ ဗာဗုလုန်မြို့မှငိုကြွေးသံကို၎င်း၊ ခါလဒဲပြည်မှ ပြင်းစွာသောပျက်စီးသံကို၎င်း၊ ကြားရ၏။ ၅၅ အကြောင်းမူကားထာဝရဘုရားသည်ဗာဗုုလုန်မြို့ကိုဖျက်ဆီး၍၊ သူပြုတတ်သောအသံကြီးကိုငြိမ်းစေတော်မူ၏။ သူ၏လှိုင်းတံပိုးတို့သည်အားကြီးသောရေကဲ့သို့ဟုန်းဟုန်းမြည်သဖြင့်ကြီးစွာသော အသံဗလံကိုပြုတတ်ကြ၏။ ၅၆ ဗာဗုလုန်မြို့ကိုတိုက်ဖျက်လုယူသောသူသည်ရောက်လျှင်၊ မြို့သားစစ်သူရဲတို့သည်ရန်သူတို့ လက်သို့ရောက်၍သူတို့ဆွဲကိုင်သောလေရှိသမျှတို့သည်ကျိုးကြ၏။ အကျိုးအပြစ်ကိုပေးတတ်သောထာဝရဘုရားသည်ဆက်စပ်ပေးတတ်သည်။ ၅၇ ဗာဗုလုန်မင်းသားသည်တိုင်ပင်မှူးမတ်၊ စစ်ကဲ၊ မင်းအရာရှိ၊ ခွန်အားကြီးသောသူတို့ကိုငါယစ်မူးစေသဖြင့်၊ သူတို့သည်နောက်တဖန်မနိုးဘဲအစဉ်မပြတ်အိပ်ပျော်ကြလိမ့်မည် ၊ ဟုကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားဟူ၍ဘွဲ့နာမ မရှိသောရှင်ဘုရင်မိန့်တော်မူ၏။ ၅၈ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒုကြီးသောဗာဗုလုန်မြို့ရိုးကိုအကုန်အစင်ဖြိုဖျက်၍၊ မြင့်သောမြို့တံခါးတို့ကိုလည်းမီးရှို့ကြလိမ့်မည်။ လူအမျိုးမျိုးတို့သည်အချည်းနှီး၍ လုပ်ဆောင်၍မီး၌ ပင်ပန်းခြင်းကိုခံရကြပြီ။

၅၉ ဗာဗုလုန်မြို့အပေါ်မှာရောက်လတံ့သောဘေးဥပဒ်အပေါင်းတည်းဟူသော၊ ဗာဗုလုန်မြို့ကိုရည်မှတ်၍ရေးထားသောဤစာကားလုံးအစုံတို့ကိုပရောဖက်ယေရမိသည်ရေးကူး၍၊ ၆၀ ယုဒရှင်ဘုရင်ဇေဒကိနန်းစံလေးနှစ်တွင်၊ ရှင်ဘုရင်နှင့်အတူဗာဗုလုန်မြို့သို့လိုက်သွားသော၊ မာသေယ၏သားဖြစ်သောနေရိ၏သားအတွင်းဝန်စရာယကိုမှာထားသောစကားဟူမူကား၊ ၆၁ သင်သည်ဗာဗုလုန်မြို့ကိုရောက်သောအခါ၊ ဤစကားအလုံးစုံတို့ကိုကြည့်ရှု၍ဖတ်ရမည်။ ထိုအခါသင်က၊ ထိုထာဝရဘုရားကိုယ်တော်သည်ဤအရပ်၌ လူမရှိ။ တိရစ္ဆာန်မရှိ၊ အစဉ်မပြတ်ဆိတ်ညံရာအရပ်ဖြစ်စေ၍၊ သုတ်သင်ပယ်ရှင်းမည့်အကြောင်းကို ချိန်းတော်မူမည်ဟုလျှောက်ဆိုရမည်။ ၆၃ ဤစာကိုအကုန်အစင်ဖတ်ပြီးလျှင်၊ စာပေါ်မှာကျောက်ကိုချည်ထား၍၊ ဥဖရတ်မြစ်အလယ်မှာချပစ်လျက်၊ ဗာဗုလုန်မြို့သည်ဤသို့နစ်ရလိမ့်မည်။ ငါရောက်စေသောဘေးဥပဒ်ထဲကနောက်တဖန်မထမြောက် ရ။ မြို့သူမြို့သားတို့သည်အားကုန်လျက်နေရကြလိမ့်မည် ၊ ဟုမြွက်ဆိုရမည့်အကြောင်းကိုယေရမိသည်မှာထားလေ၏။ ဤရွေ့ကားယေရမိစကားပေတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.