-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၅၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၅၀


ဗာဗုလုန်ကိုတိုက်မည်
CROSS REFERENCES






ထာဝရဘုရားသည် ဗာဗုလုန်မြို့နှင့် ခါလဒဲပြည်ကို ရည်မှတ်၍၊ ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူသောစကားတည်းဟူမူကား၊ လူမျိုးတို့တွင် သိတင်းကြားပြောကြလော့။ ဝှက်၍မထားဘဲ အလံကိုထူ၍ ကြော်ငြာကြလော့။ ကြားပြောရသော စကားဟူမူကား၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ။ ဗေလဘုရားသည် အရှက်ကွဲပြီ။ မေရောဒပ်ဘုရားသည် ကျိုးပြီ။ ဗာဗုလုန်ရုပ်တု ဆင်းတုတို့သည် အရှက်ကွဲ၍ ကျိုးပဲ့လျက်ရှိကြ၏။ လူတမျိုးသည် မြောက်မျက်နှာမှ လာ၍ဗာဗုလုန်ပြည်ကို သုတ်သင်ပယ် ရှားလိမ့်မည်။ [A] နေသောသူမရှိရ၊ တိရစ္ဆာန်တို့သည် အကုန်အစင် ထွက်သွားကြလိမ့်မည်။


ဣသရေလနှင့်ယုဒအမျိုးသားတို့ဘုရားရှာမည်

ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ယုဒအမျိုးသားတို့နှင့်ပေါင်းဘက်၍ လာကြလိမ့်မည်။ မျက်ရည်ကျလျက်၊ ခရီးသွားလျက်၊ သူတို့၏ဘုရားသခင်ထာဝရဘုရားကို သွား၍ရှာကြလိမ့်မည်။ ဇိအုန်မြို့သို့မျက်နှာပြု၍ လမ်းကိုရှာကြလိမ့်မည်။ အစဉ်မမေ့လျော့ရသေ ာပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ချဉ်းကပ်၍ မိဿဟာယဖွဲ့ကြလိမ့်မည်။


ငါ့လူတို့ပျောက်သောသိုးများ

ငါ၏လူတို့သည် ပျောက်သောသိုးများ ဖြစ်ကြပြီ။ သိုးထိန်းတို့သည် တောင်များပေါ်မှာ လမ်းလွဲစေကြပြီ။ သူတို့ကို တွေ့ကြုံရသမျှသောသူတို့သည် ကိုက်စားကြပြီ။ ရန်သူတို့က သူတို့သည်တရားသောငြိမ်ဝပ်ရာ၊ ဘိုးဘေးတို့ခိုလှုံရာထာဝရဘုရားကို ပြစ်မှားသောကြောင့် ငါတို့သည်ကိုက်စားသော်လည်း မလွန်ကျူးဟုပြောဆိုကြပြီ။


ဗာဗုလုန်မြို့မြောက်ဖက်မှတိုက်မည်

ဗာဗုလုန်မြို့ထဲက ပြေးကြလော့။ ခါလဒဲပြည်မှ ထွက်သွားကြလော့။ သိုးစုရှေ့၌ သိုးထီးကဲ့သို့ပြုကြလော့။ အကြောင်းမူကား၊ မြောက်မျက်နှာအရပ်၌ ကြီးစွာသောတိုင်းနိုင်ငံအစုအဝေးကိုငါနှိုးဆော်၍၊ ဗာဗုလုန်မြို့သို့ဆောင်ခဲ့မည်။ သူတို့ သည်မြို့တဘက်၌ တပ်ခင်းကျင်း၍တိုက်ယူကြလိမ့်မည်။ သူတို့ပစ်သောမြှားတို့သည်လိမ္မာသောစစ်သူရဲ၏မြှားကဲ့သို့ဖြစ်၍မမှန်ဘဲမနေရ။ ၁၀ ခါလဒဲပြည်သည်လုယူရာဖြစ်၍၊ လုယူသောသူတို့သည်ဝကြလိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူ၏။ ၁၁ ငါ၏အမွေကိုဖျက်ဆီးသောသူတို့၊ သင်တို့သည်ဝမ်းမြောက်ရွှင်လန်းကြပြီ။ ကျက်စားသောနွားမကဲ့သို့ခုန်ကြပြီ။ မြင်းထီးကဲ့သို့ဟီကြပြီ။ ၁၂ ထိုကြောင့်၊ သင်တို့အမိသည်မိန်းမောတွေဝေလိမ့်မည်။ သင်တို့ကိုမွေးဖွားသောသူသည်အရှက်ကွဲလိမ့်မည်။ ပြည်တကာတို့တွင်အယုတ်ဆုံးသောပြည်၊ သုတ်သင်သောအရပ်၊ သွေ့​ခြောက်သောလွင်ပြင်ဖြစ်ရလိမ့်မည်။ ၁၃ ထာဝရ ဘုရား၏အမျက်တော်ကြောင့်နောက်တဖန်လူမနေရ။ ဆိတ်ညံသောအရပ်သက်သက်ဖြစ်ရလိမ့်မည်။ ဗာဗုလုန်မြို့နားမှာလျှောက်သွားသောသူတိုင်းအံ့ဩ၍၊ သူခံရသောဘေးဥပဒ်ကိုထောက်လျက်၊ ကဲ့ရဲ့သံကိုပြုကြလိမ့်မည်။ ၁၄ ဗာဗုလုန်ပတ်လည်၌ တပ်ခင်းကျင်းကြလော့။ သူသည်ထာဝရဘုရားကိုပြစ်မှားသောကြောင့်၊ လေးသမားအပေါင်းတို့၊ မြှားကိုမနှမြောဘဲပစ်ကြလော့။ ၁၅ မြို့ပတ်လည်၌ ကြွေးကြော်ကြလော့။ သူသည်ဝန်ချပြီ။ မြို့ရိုးနှင့်ပြအိုးတို့သည်ပြိုလဲကြပြီ။ ထာဝရဘုရား၏အမျက်တော်ပြေခြင်းအမှုဖြစ်၍၊ သူ့ကိုအပြစ်နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြုဘူးသည်အတိုင်းသူ၌ ပြုကြလော့။ ၁၆ ဗာဗုလုန်မြို့၌ မျိုးစေ့ကြဲသောသူနှင့်စပါးရိတ်သောသူတို့ကိုပယ်ဖြတ်ကြလော့။ ညှဉ်းဆဲတတ်သောဓါးကိုကြောက်သောကြောင့်၊ အသီးအသီးတို့သည်မိမိတို့လူမျိုးနေရာသို့ပြန်သွား၍၊ မိမိတို့ပြည်သို့ပြေးကြလိမ့်မည်။


ဣသရေလကိုသူ၏နေရင်းအရပ်သို့ငါဆောင်ခဲ့ဦးမည်

၁၇ ဣသရေလသည်အရပ်ရပ်သို့လွင့်ပြေးရသောသိုးဖြစ်၏။ ခြင်္သေ့တို့သည်နှောင့်ယှက်ကြပြီ။ အာရှုရိရှင်ဘုရင်သည်ရှေ့ဦးစွာကိုက်စားပြီ။ နောက်မှဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည်သူ၏အရိုးတို့ကိုချိုးဖဲ့ပြီ။ ၁၈ ထိုကြောင့်၊ ဣသရေလအမျိုး ၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည်အာရှုရိရှင်ဘုရင်ကိုဒဏ်ပေးသည်နည်းတူ၊ ဗာဗုလုန်ရှင်ဘုရင်နှင့်သူ၏နိုင်ငံကိုဒဏ်ပေးမည်။ ၁၉ ဣသရေလကိုသူ၏နေရင်းအရပ်သို့ငါဆောင်ခဲ့ဦးမည်။ သူသည်ကရမေလတောင်နှင့်ဗာရှန်တောင်ပေါ်မှာကျက်စား၍၊ ဧဖရိမ်တောင်နှင့်ဂိလဒ်တောင်ပေါ်မှာဝလိမ့်မည်။ ၂၀ ထိုကာလအခါဣသရေလအပြစ်ကိုစစ်ကြောသော်လည်းအပြစ်မပေါ်ရာ။ ယုဒဒုစရိုက်တို့ကိုရှာ၍မတွေ့ရာ။ ငါချန်ထားသောသူတို့၏အပြစ်ကိုငါ​ဖြေရှင်းမည်ဟုထာဝရဘုရားမိန့်တော်မူ၏။


ဗာဗုလုန်မြို့ကိုတရားစီရင်မည်

၂၁ ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သောပြည်သားတို့ရှိရာသို့စစ်ချီကြလော့။ သုတ်သင်ပယ်ရှင်း၍သူတို့အမျိုးအနွယ်ကို အကုန်အစင်ဖျက်ဆီးကြလော့။ ငါမှာထားသမျှအတိုင်းပြုကြလော့ ၊ ဟုထာဝရဘုရားမိန့်တော်မူ၏၊ ၂၂ ထိုပြည်၌ စစ်တိုက်ခြင်းငှါအသံ၊ ကြီးစွာသောဖျက်ဆီးခြင်းအသံကိုကြားရ၏။ ၂၃ မြေတပြင်လုံးကိုရိုက်နှက်သောသံတူသည်ကျိုးပြတ်လေပြီတကား၊ ဗာဗုလုန်မြို့သည်လူမျိုးတို့တွင်အံ့ဩရာဖြစ်လေပြီတကား။ ၂၄ အိုဗာဗုလုန်မြို့၊ သင့်အဘို့ကျော့ကွင်းကိုငါထောင် ထားသဖြင့်၊ သင်သည်သတိလစ်၍ကျော့မိပြီ။ ထာဝရဘုရား၏အာဏာတော်ကိုဆန်သောကြောင့်ရန်သူတွေ့၍တိုက်ယူပြီ။၂၅ ထာဝရဘုရားသည်လက်နက်တိုက်တော်ကိုဖွင့်၍၊ အမျက်တော်လက်နက်တို့ကိုထုတ်တော်မူပြီ။ ဤအမှုကား၊ ကောင်း ကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားသည်၊ ခါလဒဲပြည်၌ ပြုတော်မူသောအမှုပေတည်း။ ၂၆ မြို့တဘက်မှတဘက်တိုင်အောင် တိုက်ကြလော့။ စပါးကျီတို့ကိုဖွင့်၍စပါးပုံများကဲ့သို့ပုံထားလျက်၊ အလျှင်းမကြွင်းစေခြင်းငှါရှင်းရှင်းဖျက်ဆီးကြလော့။ ၂၇ သူ၏နွားဥသဘ(နွားထီး)ရှိသမျှတို့ကိုသတ်ကြလော့။ သတ်ရာအရပ်သို့ဆင်းသွားစေကြလော့။ သူတို့သည်အမင်္ဂလာရှိကြ၏။ အကယ်စင်စစ်သူတို့အချိန်၊ ဆုံးမခြင်းကိုခံရသောအချိန်ရောက်လေပြီ။ ၂၈ ငါတို့ဘုရားသခင်ထာဝရဘုရား၏အမျက်တော်ပြေခြင်း၊ ဗိမာန်တော်ကိုဖျက်ဆီးသောအပြစ်နှင့်အလျောက်ဒဏ်ပေးခြင်း၊ သိတင်းကိုဇိအုန်မြို့၌ ကြားပြောအံ့သောငှါ၊ ဗာဗုလုန်ပြည်မှာပြေးလွတ်သောသူတို့၏အသံကိုကြားရ၏။ ၂၉ လေးသမားတို့ကိုဗာဗုလုန်မြို့သို့ခေါ်ကြလော့။ ပစ်တတ်သောသူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချကြလော။ မြို့သူမြို့သားတယောက်ကိုမျှမလွတ်စေနှင့်။ ထိုမြို့ကျင့်သောအကျင့်နှင့်အလျောက်အပြစ်ပေးကြလော့။ သူပြုဘူးသမျှအတိုင်းသူ၌ ပြုကြလော့။ သူသည်ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရား၊ ထာဝရဘုရား၏တဘက်၌ ဝါကြွားပြီတကား။ ၃၀ ထိုကြောင့်၊ မြို့သားလုလင်တို့သည်လမ်းမတို့၌ လဲနေ၍၊ ထိုနေ့တွင်စစ်သူ ရဲအပေါင်းတို့သည်ဆုံးရှုံးကြလိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူ၏။ ၃၁ ကောင်းကင်ဗိုလ်ခြေသခင်အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုမာနကြီးသောသူ၊ သင့်တဘက်၌ ငါနေ၏။ အကယ်စင်စစ်သင်၏အချိန်၊ ဆုံးမခြင်းကိုခံရသောအချိန်ရောက်လေပြီ။ မာနကြီးသောသူသည်ထိမိ၍လဲပြီးမှအဘယ်သူမျှမကြွရ။ ငါသည်လည်းသူ့နေရာမြို့တို့ကိုမီးရှို့၍သူပတ်လည်၌ နေသောသူအပေါင်းတို့ကိုလောင်လိမ့်မည်ဟုမိန့်တော်မူ၏။


ဗာဗုလုန်မြို့၌ ဓါးဘေးရောက်လိမ့်မည်

၃၃ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့နှင့်တကွယုဒပြည်အမျိုးသားတို့သည်ညှဉ်းဆဲခြင်းကိုခံရကြပြီ။ သူတို့ကိုသိမ်းသွားသောသူရှိသမျှတို့သည်ချုပ်ထားပြီးလျှင်၊ ငါတို့သည်မလွှတ်ဟုငြင်းပယ်လျက်နေကြပြီ။ ၃၄ သို့ရာတွင်၊ သူတို့ကိုရွေးနှုတ်သောသခင်သည်အားကြီး၏။ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရား တည်းဟူသောဘွဲ့နာမရှိတော်မူ၏။ ထိုသခင်သည်သူတို့အမှုကိုကျပ်တည်းစွာစောင့်၍ပြည်တော်ကိုငြိမ်ဝပ်စေလျက်၊ ဗာဗုလုန်မြို့သူမြို့သားတို့ကိုနှောင့်ယှက်လျက်ပြုတော်မူမည်။ ၃၅ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဓါးဘေးသည်ခါလဒဲပြည်သူ၊ ဗာဗုလုန်မြို့သားတို့နှင့်တကွမင်းများ၊ ပညာရှိများအပေါ်သို့သင့်ရောက်လိမ့်မည်။ ၃၆ ဓါးဘေးသည်မိစ္ဆာဆရာတို့အပေါ်သို့ ရောက်၍၊ သူတို့သည်အရူးဖြစ်ကြလိမ့်မည်။ ဓါးဘေးသည်ထိုမြို့သားစစ်သူရဲတို့အပေါ်သို့ရောက်၍၊ သူတို့သည်စိတ်ပျက်ကြလိမ့်မည်။ ၃၇ ဓါးဘေးသည်မြင်းများ၊ ရထားများ၊ မြို့ထဲမှာနေသောလူအမျိုးမျိုးရှိသမျှတို့အပေါ်သို့ရောက်၍၊ သူတို့သည်မိန်းမ ကဲ့သို့ဖြစ်ကြလိမ့်မည်။ ဓါးဘေးသည်မြို့ဘဏ္ဍာအပေါ်သို့ရောက်၍ရန်သူတို့သည်လုယူကြလိမ့်မည်။ ၃၈ ခန်း​ခြောက်ခြင်းဘေးသည်မြို့၏ရေတို့အပေါ်သို့ရောက်၍ခန်း​ခြောက်လိမ့်မည်။ အကြောင်းမူကား၊ ထိုပြည်သည်ရုပ်တုတို့နှင့်အပြည့်ရှိ၏။ ပြည်သားတို့သည်ဆင်းတုတို့ကိုအမှီပြု၍ဝါကြွားကြ၏။ ၃၉ ထိုကြောင့်၊ တောသားရဲတို့သည်တောခွေးတို့နှင့်တကွထိုမြို့၌ နေကြလိမ့်မည်။ ကုလားအုပ်ငှက်တို့သည်လည်းနေရာကျလိမ့်မည်။ နောက်တဖန်အဘယ်သူမျှမနေရ။ ကာလအစဉ်အဆက်လူနေရာမဖြစ်ရ။ ၄၀ သောဒုံမြို့နှင့်ဂေါမရမြို့မှစ၍နီးစပ်သောမြို့များကိုဘုရားသခင်ဖျက်ဆီးတော်မူသဖြင့်လူဆိတ်ညံသကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမနေရ၊ လူသားတစုံတယောက်မျှနေရာမကျရ ၊ ဟုထာဝရဘုရားမိန့်တော်မူ၏။


မြောက်မျက်နှာအရပ်မှာဗာဗုလုန်တိုက်မည်

၄၁ ကြည့်ရှုလော့။ လူမျိုးတမျိုးသည်မြောက်မျက်နှာမှလာ၏။ ကြီးစွာသောလူမျိုးနှင့်များစွာသောရှင်ဘုရင်တို့သည်မြေ ကြီးစွန်းတို့မှပေါ်လာကြ၏။ ၄၂ လေးနှင့်လှံတို့ကိုလက်စွဲကြ၏။ ကြမ်းကြုတ်သောအမျိုးဖြစ်၍သနားခြင်းကရုဏာမရှိ။ သူတို့စကားသံသည်သမုဒ္ဒ​ရာမြည်သံကဲ့သို့ဟုန်းတတ်၏။ အိုဗာဗုလုန်သတို့သမီး၊ စစ်သူရဲကဲ့သို့တပ်ခင်းကျင်းလျက်မြင်းစီး၍သင်ရှိရာသို့ချီလာကြလိမ့်မည်။ ၄၃ သူတို့၏သိတင်းကိုဗာဗုလုန်ရှင်ဘုရင်သည်ကြား၍လက်အားလျော့၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဖွားသောမိန်းမခံရသကဲ့သို့ပြင်းစွာသောဝေဒနာကို၎င်းခံရ၏။ ၄၄ ခြင်္သေ့သည်ယော်ဒန်မြစ်၏ဂုဏ်အသရေမှတက်သ ကဲ့သို့၊ ရန်သူသည်ကျောက်နှင့်ပြည့်စုံသောနေရာသို့တက်သောအခါနေသောသူသည်ချက်ချင်းပြေးမည်အကြောင်းကိုငါပြုမည်။ ရွေးချယ်သောသူကိုလည်းဗာဗုလုန်မြို့အပေါ်မှာငါခန့်ထားမည်။ ငါနှင့်အဘယ်သူတူသနည်း။ ငါအချိန်ကိုအဘယ်သူချိန်းချက်မည်နည်း။ အဘယ်မည်သောသိုးထိန်းသည်ငါရှေ့မှာရပ်နိုင်သနည်း။ ၄၅ သို့ဖြစ်၍၊ ထာဝရဘုရားသည်ဗာဗုလုန်မြို့တဘက်၌ ကြံစည်တော်မူသောအကြံ၊ ခါလဒဲပြည်တဘက်၌ ကြံစည်တော်မူသောအကြံတို့ကိုနားထောင်ကြလော့။ အကယ်စင်စစ်ရန်သူသည်အားမရှိသောထိုသိုးတို့ကိုလုယက်လိမ့်မည်။ အကယ်စင်စစ်သူတို့ရှိရာသို့လာ၍ကျက်စားရာအရပ်ကိုဖျက်ဆီးလိမ့်မည်။ ၄၆ ဗာဗုလုန်မြို့ကိုတိုက်ယူသောအသံကြောင့်မြေကြီးလှုပ်ရှား၏။ အော်ဟစ်သောအသံကိုလူအမျိုးမျိုးတို့သည်ကြားရကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.