-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၅


ယေရုရှလင်မြို့သားတို့ ဆုံးမခြင်းငြင်းပယ်

ယေရုရှလင်မြို့ကို အပြစ်မှ ငါလွှတ်မည့်အကြောင်း၊ တရားသဖြင့် ကျင့်သောမြို့သား၊ သစ္စာစောင့်သော မြို့သား တစုံတယောက်မျှရှိလျှင်၊ ထိုသူကို တွေ့အံ့သောငှါ၊ မြို့လမ်းတို့၌ တောင်မြောက်ပြေး၍၊ ကျယ်သောအရပ်တို့၌ ရှာဖွေကြည့်ရှုကြလော့။ သူတို့က၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု ဆိုသော်လည်း၊ အကယ်စင်စစ် မဟုတ်မမှန် ကျိန်ဆိုတတ်ကြ၏။
CROSS REFERENCES






အိုထာဝရဘုရား၊ ကိုယ်တော်သည် သမ္မာတရား (a) [A]ကို ထောက်ရှုတော်မူသည် မဟုတ်လော။ ကိုယ်တော်သည် ဒဏ်ခတ်တော်မူသော်လည်း သူတို့သည် ညှိုးငယ်သော စိတ်မရှိကြပါ။ ဖျက်ဆီးတော်မူသော်လည်း၊ သူတို့သည် ဆုံးမခြင်းကို ငြင်းပယ်ကြပါပြီ။ မိမိတို့မျက်နှာကို ကျောက်ထက်သာ၍ မာစေကြပါပြီ။ ငါတို့သည်ပြန်၍ မလာဟု ငြင်းဆန်လျက် နေကြပါပြီ။


ဆင်းရဲသားများသာမက လူကြီးများလည်း အတူတူ

ငါကလည်း၊ အကယ်စင်စစ် ဤသူတို့သည် ဆင်းရဲသားဖြစ်ကြ၏။ ထာဝရဘုရား၏ တရားတော်ကို၎င်း၊ မိမိတို့ဘုရား သခင် စီရင်တော်မူရာကို၎င်း၊ မသိသောကြောင့် မိုက်ကြ၏။ လူကြီးများထံသို့ ငါသွား၍ ပြောမည်။ သူတို့သည် ထာဝရဘုရား၏ တရားတော်ကို၎င်း၊ မိမိတို့ဘုရားသခင် စီရင်တော်မူရာကို၎င်း သိကြ၏ဟု ဆိုသော်လည်း၊ သူတို့သည် ထမ်းပိုးတော်ကိုချိုး၍၊ အနှောင်အဖွဲ့တော်တို့ကို ဖျက်ကြပြီ။ ထိုကြောင့်၊ တောမှလာသော ခြင်္သေ့သည် သူတို့ကို သတ်လိမ့်မည်။ ညဦးယံ၌ လည်တတ်သော တောခွေးသည် သူတို့ကို ကိုက်စားလိမ့်မည်။ ကျားသစ်သည် သူတို့မြို့ကိုစောင့်၍၊ မြို့ပြင်သို့ထွက်သွားသော သူအပေါင်းတို့ကို အပိုင်းပိုင်း ကိုက်ဖြတ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့ပြစ်မှားသော အပြစ်များ၍၊ အကြိမ်ကြိမ်အထပ်ထပ် ဖေါက်ပြန်ကြပြီ။


ဝစွာကျွေးသောအခါ အပြစ်လုပ်ကြ

ထိုသို့သောအပြစ်မှ သင့်ကို အဘယ်သို့ ငါလွှတ်နိုင်သနည်း။ သင်၏သားသမီးတို့သည် ငါ့ကိုစွန့်၍၊ ဘုရားမဟုတ်သော သူတို့ကိုတိုင်တည်လျက် ကျိန်ဆိုကြပြီ။ ငါသည် ဝစွာကျွေးသောအခါ သူတို့သည် ပြည်တန်ဆာအိမ်၌ စည်းဝေး၍ မှားယွင်းကြပြီ။ ဝစွာစားရသော မြင်းကဲ့သို့ဖြစ်၍၊ အသီးအသီး အိမ်နီးချင်းမယားတို့ကို တပ်သောစိတ်နှင့် ဟီကြပြီ။ ထိုသို့သောအပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော။ ထိုသို့သောအမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ်ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။


ထာ၀ရဘုရားမရှိ၊ ဘေးဥပဒ်မရောက်ရဟုဆို

၁၀ မြို့ရိုးပေါ်သို့တက်၍ဖျက်ဆီးကြလော့။ ပျက်စီးခြင်းကိုမစဲစေကြနှင့်။ ​ခြေလက်တို့ကို ပယ်ရှင်းကြလော့။ ထာဝရဘုရား ဆိုင်တော်မမူ။ ၁၁ ဣသရေလအမျိုးနှင့် ယုဒအမျိုးတို့သည်၊ ငါ့ထံ၌ ခံဘူးသောသစ္စာကို ဖျက်ကြပြီဟု ထာဝရဘုရားမိန့်တော်မူ၏။ ၁၂ သူတို့က၊ ထာဝရဘုရားမရှိ။ ငါတို့အပေါ်၌ ဘေးဥပဒ်မရောက်ရ။ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေးကိုငါတို့ သည်မတွေ့ရကြ။ ၁၃ ပရောဖက်တို့သည် လေသက်သက် ဖြစ်ကြ၏။ သူတို့၌ နှုတ်ကပတ်တော်မရှိ။ သူတို့ဟောပြောသည်အတိုင်း သူတို့ခံရလိမ့်မည်ဟု ထာဝရဘုရားကို ငြင်းပယ်လျက် ဆိုတတ်ကြ၏။


ဣသရေလအမျိုးကို တိုက်စေဘို့ လူတမျိုးကို ငါဆောင်ခဲ့မည်
CROSS REFERENCES






၁၄ သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်​ခြေအရှင် ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည်ထိုသို့ဆိုသောကြောင့်၊ ငါ့စကားကိုသင်၏နှုတ်၌ မီးကဲ့သို့၎င်း၊ [B] ဤလူမျိုးကို ထင်းကဲ့သို့၎င်းငါဖြစ်စေ၍၊ သူတို့ကို မီးလောင်ရလိမ့်မည်။ ၁၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုဣသရေလအမျိုး၊ သင့်ကိုတိုက်စေဘို့ လူတမျိုးကို ဝေးသောအရပ်က ငါဆောင်ခဲ့မည်။ အားကြီးသောအမျိုး၊ ရှေးကာလ၌ ဖြစ်ဘူးသောအမျိုး၊ သူတို့စကားကိုသင်မသိနားမလည်သော အမျိုးဖြစ်လိမ့်မည်။ ၁၆ သူတို့မြှားတောင့်သည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသောသူ ဖြစ်ကြ၏။ ၁၇ ထိုသူတို့သည် သင်၏အသီးအနှံနှင့် သင်၏မုန့်ကို စားကြလိမ့်မည်။ သင်၏ သားသမီးတို့ကိုလည်း စားကြလိမ့်မည်။ သင်၏ သိုးနွားတို့ကိုလည်း စားကြလိမ့်မည်။ သင်၏ စပျစ်နွယ်ပင်နှင့်သင်္ဘောသဖန်းပင်ကိုလည်း စားကြလိမ့်မည်။ သင်ခိုလှုံ၍ ခိုင်ခံ့သော မြို့တို့ကိုလည်းတိုက်၍ လုပ်ကြံကြလိမ့်မည်။ ၁၈ သို့ရာတွင်၊ ထိုကာလ၌ ငါသည်သင်၏အမှုကို မဆုံးဖြတ်သေးဟု ထာဝရဘုရား မိန့်တော်မူ၏။


ထာ၀ရဘုရားက ငါ့ကိုမကြောက်ကြဟုဆို
CROSS REFERENCES






၁၉ သူတို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ငါတို့၌ ဤအမှုအလုံးစုံတို့ကိုအဘယ်ကြောင့်စီရင်တော်မူသနည်းဟုမေးကြသောအခါ၊ သင်တို့သည် ငါ့ကိုစွန့်ပစ်၍၊ ကိုယ်ပိုင်သောပြည်၌ တ​ကျွန်းတနိုင်ငံဘုရားတို့၏အမှုကို ဆောင်ရွက်သကဲ့သို့၊ ကိုယ်မပိုင်သောပြည်၌ တ​ကျွန်းတနိုင်ငံသားတို့၏ အမှုကို ဆောင်ရွက်ရကြလိမ့်မည်ဟု သင်သည် သူတို့အားဆင့်ဆိုရမည်။ ၂၀ ယာကုပ်အမျိုး နေရာယုဒပြည်၌ ဟောပြောကြွေးကြော်ရမည်မှာ၊ ၂၁ အိုမျက်စိရှိလျက်နှင့်မမြင်၊ နားရှိလျက်နှင့်မကြား၊ ဥာဏ်မဲ့သောလူမိုက်တို့၊ နားထောင်ကြလော့။ ၂၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပင်လယ်မလွန်နိုင်အောင် ဆီးတားဘို့ရာသဲကို ထာဝရ အပိုင်းအခြားခန့်ထားသောငါ့ကို၊ သင်တို့သည် မကြောက်ကြသလော။ [C] ငါ၏ ရှေ့တော်၌ မတုန်လှုပ်ကြသလော။ ပင်လယ်လှိုင်းတံပိုးတို့သည် ထ၍မနိုင်၊ ဟုန်း၍ မကျော်မလွန်နိုင်သော်လည်း၊ ၂၃ ဤလူမျိုးသည် ပြစ်မှားပုန်ကန်သော သဘောရှိ၍၊ အစဉ်ပုန်ကန်တတ်ကြ၏။ ၂၄ အချိန်တန်မှ အရင်မိုးနှင့် နောက်မိုးကိုရွာစေ၍၊ အသီးအနှံ သိမ်းမြဲသိမ်းရာကာလကို၊ ငါတို့အဘို့သိုထားတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရားကို ယခုကြောက်ကြကုန်အံ့ဟု သူတို့သည် စိတ်နှလုံးထဲ၌ မဆိုတတ်ကြ။


ထာ၀ရဘုရားသည် မစစ်ကြောဒဏ်မပေးဘဲ နေမည်လော
CROSS REFERENCES






၂၅ သင်တို့ ဒုစရိုက်သည် ထိုသို့သောအရာတို့ကို လွှဲ၍၊ သင်တို့အပြစ်သည် သင်တို့၏ မင်္ဂလာကို ဆီးတားလေသည်။ ၂၆ ဝပ်လျက်နေသော မုဆိုးကဲ့သို့ ချောင်းမြောင်းသော လူဆိုးတို့သည် ငါ၏လူတို့တွင် ရှိကြ၏။ လူတို့ကို ထောင်ခြင်းငှါထောင်ချောက်ကို ထားကြပြီ။ ၂၇ ငှက်ထောင်အိမ်သည် ငှက်တို့နှင့် ပြည့်သကဲ့သို့၊ သူတို့အိမ်သည် လှည့်စားခြင်းပရိယာယ်နှင့်ပြည့်၏။ ထိုသို့သူတို့သည် အားတိုးပွါး၍ ရတတ်ခြင်းသို့ ရောက်ရ၏။ ၂၈ ဝလျက်၊ မျက်နှာပြောင်လျက်ရှိကြ၏။ ဆိုးသောသူတို့ထက် သာ၍ ဆိုးကြ၏။ တရားသဖြင့် မစီရင်ကြ။ မိဘမရှိသော သူငယ်၏အမှုကို စောင့်၍ အနိုင်မပေးကြ။ ဆင်းရဲသောသူဘက်၌ တရားသဖြင့် မစီရင်ကြ။ ၂၉ ထိုသို့သောအပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော။ ထိုသို့သော အမျိုးကိုဒဏ်ပေး၍၊ ငါစိတ်ချင်ရဲ၍ မပြေဘဲနေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။ ၃၀ အံ့ဩရွံ့ရှာဘွယ်သောအမှုကို ပြည်တော်၌ ပြုကြ၏။ ၃၁ ပရောဖက်တို့သည် မဟုတ်မမှန် ဟောပြောကြ၏။ [D] ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သော အမှုကိုငါ၏ လူတို့သည် နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည်အဘယ်သို့ ပြုကြလိမ့်မည်နည်း။

_________________________
Footnotes


(a) သစ္စာတရား


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.