-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၄၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၄၉


အမ္မုန်အမျိုးသားတို့နေရာရဗ္ဗာမြို့ပျက်စီးမည်

အမ္မုန်အမျိုးသားတို့ကိုရည်မှတ်၍ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလ၌ သားမရှိသလော။ အမွေခံမရှိသ လော။ မိလကုံဘုရားသည်ဂဒ်ပြည်ကိုအဘယ့်ကြောင့်သိမ်းယူသနည်း။ သူ့တပည့်တို့သည်ဂဒ်မြို့၌ အဘယ့်ကြောင့်နေကြသနည်း။ ထို့ကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်အမျိုးသားတို့နေရာရဗ္ဗာမြို့၌ စစ်တိုက်ခြင်းအသံကိုငါကြားစေသောအချိန်ရောက်လိမ့်မည်။ ထိုမြို့သည်ပျက်စီးရာပုံဖြစ်၍၊ သူ၏သမီးတို့သည်လည်းမီးရှို့ခြင်းကိုခံရလိမ့်မည်။ ထိုအခါဣသရေလအမျိုး၏နေရာကို၊ သိမ်းယူသောသူတို့သည်ဣသရေလသည်တဖန်သိမ်းယူရလိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူ၏။


ရှေဘုန်မြို့၊ အာဣမြို့၊ အိုရဗာမြို့တို့

ဟေရှဘုန်မြို့၊ ညည်းတွားမြည်တမ်းလော့။ အာဣမြို့ပျက်စီးပြီ။ အိုရဗာမြို့သမီးတို့၊ ငိုကြွေးကြလော့။ လျှော်တေအဝတ်ကိုဝတ်လျက်မြည်တမ်းလျက်၊ ခြံနားမှာတောင်မြောက်ပြေးကြလော့။ အကြောင်းမူကား၊ မိလကုံဘုရားသည်သူ၏ ယဇ်ပုရောဟိတ်၊ သူ၏မင်းများနှင့်တကွ၊ သိမ်းသွားခြင်းကိုခံရ၏။ ငါ့ထံသို့အဘယ်ရန်သူရောက်လိမ့်မည်နည်း၊ ဟုအောက်မေ့လျက်၊ မိမိစည်းစိမ်၌ ကိုးစားလျက်ဖောက်ပြန်သောသတို့သမီး၊ သင်သည်ချိုင့်တို့၌ အဘယ့်ကြောင့်ဝါကြွားသနည်း။ သင်၏ချိုင့်သည်အသွေးစီးရာဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်​ခြေသခင်အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်ပတ်လည်၌ နေသောသူအပေါင်းတို့ကြောင့်ကြောက်လန့်သောအကြောင်းကိုသင်၌ ငါဖြစ်စေမည်။ သင်တို့အသီးအသီးရှိသမျှသည် နှင်ထုတ်ခြင်းကိုအတည့်အလင်းခံရကြလိမ့်မည်။ ကွဲပြားသောသူတို့ကိုစုဝေးစေသောသူလည်းမရှိရ။ သို့သော်လည်း၊ သိမ်းသွားခြင်းကိုခံရသောအမ္မုန်အမျိုးသားတို့ကိုနောက်တဖန်၊ ငါဆောင်ခဲ့ဦးမည်ဟုထာဝရဘုရားမိန့်တော်မူ၏။


ဧဒုံပြည်နှင့်ဆိုင်သောဘုရား၏အမိန့်တော်

ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားသည်ဧဒုံပြည်ကိုရည်မှတ်၍မိန့်တော်မူသည်ကား၊ တေမန်ပြည်၌ ပညာကုန်သ လော။ ပညာသတိရှိသောသူတို့သည်အကြံမပေးနိုင်သလော။ သူတို့ဥာဏ်သည်ဆုံးသလော။ အိုဒေဒန်မြို့သူမြို့သားတို့ ဆုတ်၍ပြေးသွားကြလော့။ နက်နဲသောအရပ်၌ နေကြလော့၊ ဧသောတွေ့ရသောဘေး၊ ဆုံးမခြင်းကိုခံရသောအချိန်ကိုငါရောက်စေမည်။ စပျစ်သီးကိုဆွတ်သောသူတို့သည်သင်ရှိရာသို့လာလျှင်သူတပါးလိုက်၍ဆွတ်စရာဘို့ကျန်ကြွင်းစေကြလိမ့်မည်မ ဟုတ်လော။ ညအခါသူခိုးလာလျှင်၊ စိတ်ပြေလောက်အောင်သာလုယူကြလိမ့်မည်မဟုတ်လော။ ၁၀ ဧသော၏အဝတ်ကိုငါချွတ်ဦးမည်၊ သူသည်ပုန်း၍မနေနိုင်အောင်သူကွယ်သောနေရာအရပ်တို့ကိုငါလှန်မည်။ သူ၏အမျိုးအနွယ်၊ ညီအစ်ကို၊ အိမ်နီး ချင်းတို့သည်ပျက်စီး၍၊ သူကိုယ်တိုင်လည်းပျောက်ရလိမ့်မည်။ ၁၁ သင်၌ မိဘမရှိသောသူငယ်တို့ကိုထားခဲ့လော့၊ ငါစောင့်မမည်။ သင်၏မုဆိုးမတို့သည်ငါ့ကိုခိုလှုံကြစေ။ ၁၂ ထာဝရဘုရားမိန့်တော်မူသည်ကားခွက်ဖလားကိုမသောက်ထိုက်သော သူတို့သည်၊ အကယ်၍သောက်ကြသည်မှန်လျှင်၊ သင်သည်အပြစ်ကိုမခံဘဲရှင်းရှင်းလွတ်ရမည်လော၊ မလွတ်ဘဲမနေရ၊ စင်စစ်သောက်ရမည်။ ၁၃ ဗောဇရပြည်သည်အံ့ဩရာ၊ ကဲ့ရဲ့ရာ၊ လူဆိတ်ညံ့ရာ၊ ကျိန်ဆဲရာဖြစ်ရလိမ့်မည်။ သူ၏မြို့အလုံးစုံတို့ သည်လည်း၊ အစဉ်သုတ်သင်ပယ်ရှင်းရာဖြစ်ရကြလိမ့်မည် ၊ ဟုငါသည်ကိုယ်ကိုတိုင်တည်၍ကျိန်ဆိုပြီ ၊ ဟုထာဝရဘုရားမိန့်တော်မူ၏။


လင်းယုန်ကဲ့သို့မြင့်သောအရပ်၌ အသိုက်လုပ်သော်လည်း

၁၄ ထာဝရဘုရားကြွေးကြော်တော်မူသံကိုငါကြား၏။ သင်တို့သည်စည်းဝေး၍ဧဒုံပြည်ကိုတိုက်ခြင်းငှါစစ်ချီ၍လာကြလော့ ၊ ဟုတပါးအမျိုးသားတို့ထံသို့သံတမန်ကိုစေလွှတ်တော်မူပြီ။ ၁၅ တပါးအမျိုးသားတို့တွင်သင်သည်ယုတ်မာမည်အကြောင်း

နှင့်လူတို့တွင်အသရေရှုတ်ချခြင်းကိုခံရမည်အကြောင်းငါပြုမည်။ ၁၆ ကျောက်ကြားတို့၌ နေ၍တောင်ထိပ်ကိုခိုလှုံသောသူ ဖြစ်သောကြောင့်သင်၏ကြောက်မက်ဘွယ်သောအခြင်းအရာ၊ သင်၏မာနသည်သင့်ကိုလှည့်စားပြီ။ သင်သည်လင်းယုန်ကဲ့သို့မြင့်သောအရပ်၌ အသိုက်ကိုလုပ်သော်လည်း၊ ထိုအရပ်မှသင့်ကိုငါနှိမ့်ချမည်ဟုထာဝရဘုရားမိန့်တော်မူ၏။ [A] ၁၇ ဧဒုံပြည်သည်အံ့ဩရာဖြစ်၍လျှောက်သွားသောသူတိုင်းအံ့ဩကြလိမ့်မည်။ သူခံရသောဘေးဥပဒ်အပေါင်းတို့ကြောင့်ကဲ့ရဲ့သံကိုပြုကြလိမ့်မည်။ ၁၈ သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍နီးစပ်သောမြို့တို့၏ပျက်စီးခြင်းကဲ့သို့ဖြစ်၍၊ ဧဒုံပြည်၌ အဘယ် သူမျှမနေရ၊ လူသားတစုံတယောက်မျှနေရာမကျရဟုထာဝရဘုရားမိန့်တော်မူ၏။ ၁၉ ခြင်္သေ့သည်ယောဒန်မြစ်၏ဂုဏ်အ သေရေမှတက်သကဲ့သို့၊ ရန်သူသည်ကျောက်နှင့်ပြည့်စုံသောနေရာသို့တက်သောအခါနေသောသူသည်ချက်ချင်းပြေးမည်အ ကြောင်းကိုငါပြုမည်။ ရွေးချယ်သောသူကိုလည်းဧဒုံပြည်အပေါ်မှာငါခန့်ထားမည်။ ငါနှင့်အဘယ်သူတူသနည်း။ ငါ့အချိန်ကိုအဘယ်သူချိန်းချက်မည်နည်း။ အဘယ်မည်သောသိုးထိန်းသည်ငါ့ရှေ့မှာရပ်နိုင်သနည်း၊ ၂၀ သို့ဖြစ်၍ထာဝရဘုရားသည်ဧဒုံပြည်တဘက်၌ ကြံစည်တော်မူသောအကြံ၊ တေမန်ပြည်သားတို့တဘက်၌ ကြံစည်သောအကြံအစည်တို့ကိုနားထောင်ကြလော့။ အကယ်စင်စစ်ရန်သူသည်အားမရှိသောထိုသိုးတို့ကိုလုယက်လိမ့်မည်၊ အကယ်စင်စစ်သူတို့ရှိရာသို့လာ၍ကျက်စားရာအရပ်တို့ကိုဖျက်ဆီးလိမ့်မည်။ ၂၁ သူတို့ပြိုလဲသောအသံကြောင့်မြေကြီးလှုပ်ရှား၏။ သူတို့အော်ဟစ်သောအသံကိုပင်လယ်နီတိုင် အောင်ကြားရ၏။ ၂၂ ရန်သူသည်တက်၍လင်းယုန်ကဲ့သို့ပျံလျက်ဗေါဇရမြို့ကိုအတောင်တို့နှင့်ဖြန့်မိုးလိမ့်မည်။ ထိုနေ့၌ ဧဒုံပြည်သားသူရဲတို့၏ စိတ်နှလုံးသည်၊ သားဖွားခြင်းဝေဒနာကိုခံရသောမိန်းမ၏စိတ်နှလုံးကဲ့သို့ဖြစ်လိမ့်မည်။



၂၃ ဒမာသက်မြို့ကိုရည်မှတ်သောစကားဟူမူကား၊ ဟာမတ်မြို့နှင့်အာပဒ်မြို့တို့သည် မကောင်းသော သိတင်းကို ကြားသောကြောင့်၊ အရှက်ကွဲ၍စိတ်ပျက်လျက်ရှိကြ၏။ ပင်လယ်တိုင်အောင်စိုးရိမ်စရာရှိသောကြောင့်ငြိမ်ဝပ်ခြင်းသို့မရောက်နိုင်။ ၂၄ ဒမာသက်မြို့သည်အားလျော့ပြီ။ ပြေးအံ့သောငှါကိုယ်ကိုလှည့်ပြီ၊ တုန်လှုပ်လျက်နေ၏။ ဒုက္ခဆင်းရဲကို၎င်း၊ သား ဖွားသောမိန်းမခံရသကဲ့သို့၊ ပြင်းစွာသောဝေဒနာကို၎င်းခံရ၏။ ၂၅ အသေရေရှိသောမြို့၊ ငါဝမ်းမြောက်စရာမြို့သည် အဘယ်ကြောင့်မကျန်ကြွင်းရသနည်း။ ၂၆ သို့ဖြစ်၍ထိုမြို့သားလုလင်တို့သည်လမ်းမတို့၌ လဲ၍ထိုနေ့တွင်စစ်သူရဲအပေါင်းတို့သည်ဆုံးရှုံးကြလိမ့်မည်။ ၂၇ ငါသည်လည်းဓမ္မာသတ်မြို့ရိုးကိုမီးရှို့၍၊ ဗဟာ်ဒဒ်နန်းတော်တို့ကိုလောင်စေမည် ၊ ဟုကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။

၂၈ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာလုပ်ကြံသောကေဒါပြည်နှင့်ဟာဇော်နိုင်ငံတို့ကိုရည်မှတ်၍ထာဝရဘုရားမိန့်တော်မူသည် ကားထကြလော့။ ကေဒါပြည်သို့သွား၍အရှေ့မျက်နှာအရပ်သားတို့ကိုလုယူကြလော့။ ၂၉ သူတို့တဲများနှင့်သိုးစုများကို၎င်း၊ ကုလားကာများ၊ အသုံးအဆောင်များ၊ ကုလားအုပ်များကို၎င်း၊ သိမ်း၍ယူသွားရကြမည်။ သူတို့ပတ်လည်၌ ကြောက်လန့်စရာအကြောင်းကိုကြွေးကြော်ရကြမည်။ ၃၀ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဟာဇော်ပြည်သားတို့ဝေးစွာပြေးကြလော့။ နက်နဲသောအရပ်တို့၌ နေကြလော့။ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည်သင်တို့ကိုရည်ဆောင်၍စီရင်မည်ဟုသင်တို့တဘက်၌ ကြံစည်သောအကြံအစည်ရှိ၏။ ၃၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထကြလော့။ ငြိမ်ဝပ်စွာနေ၍စိုးရိမ်စရာမရှိသော လူမျိုး၊ မြို့တံခါးနှင့်ကန့်လန့်ကျင်ကိုမသုံးတတ်၊ အပေါင်းအဖေါ်မရှိ၊ တခြားစီနေတတ်သောလူမျိုးနေရာသို့သွားကြလော့။ ၃၂ သူတို့ကုလားအုပ်အစရှိသောတိရစ္ဆာန်အပေါင်းတို့သည်လုယူရာဖြစ်ကြလိမ့်မည်။ ပါးမုန်းကိုရိတ်တတ်သောလူမျိုးကို အရပ်ရပ်သို့ငါကွဲပြားစေမည်။ အရပ်ရပ်တို့မှသူတို့၌ ဘေးဥပဒ်ကိုငါရောက်စေမည်ဟုထာဝရဘုရားမိန့်တော်မူ၏။ ၃၃ ဟာဇော်ပြည်သည်မြေခွေးနေရာ၊ လူဆိတ်ညံရာအစဉ်ဖြစ်၍၊ အဘယ်သူမျှမနေရ၊ လူသားတစုံတယောက်မျှနေရာမကျရ။ ၃၄ ယုဒရှင်ဘုရင်ဇေဒကိမင်းနန်းစံစက၊ ဧလံပြည်ကိုရည်မှတ်သောထာဝရဘုရား၏နှုတ်ကပတ်တော်သည်ပရောဖက်ယေရမိသို့ ရောက်လာ၍၊ ၃၅ ကောင်းကင်ဗိုလ်​ခြေထာဝရဘုရားမိန့်တော်မူသည်ကားဧလံ၏လေးတည်းဟူသောသူ၏အစွမ်းသတ္တိ အထွတ်အမြတ်ကိုငါချိုးမည်။ ၃၆ အရပ်လေးမျက်နှာတို့ကလေလေးမျိုးကိုဧဒံပြည်သို့ငါဆောင်ခဲ့မည်။ ထိုလေတို့ရှေ့မှာ ပြည်သားများကိုငါလွှင့်မည်။ ထိုသို့နှင်ထုတ်သောဧလံပြည်သားမရောက်သောတိုင်းနိုင်ငံတခုမျှမရှိရ။ ၃၇ ဧလံပြည်သားတို့ကိုရန်သူတို့ရှေ့မှာ၎င်း၊ သူတို့အသက်ကိုရှာသောလူတို့ရှေ့မှာ၎င်း၊ ငါကြောက်လန့်စေ၍ပြင်းစွာသောငါ၏ရှေ့မှာငါ၏အမျက် တည်းဟူသောဘေးဥပဒ်တို့အပေါ်သို့ရောက်စေမည်၊ သူတို့ကိုမဖျက်ဆီးမှီတိုင်အောင်သူတို့နောက်သို့ဓါးကိုလွှတ်လိုက်မည်၊ ဟုထာဝရဘုရားမိန့်တော်မူ၏၊ ၃၈ ဧလံပြည်၌ ငါ၏ပလ္လင်ကိုတည်ထား၍ရှင်ဘုရင်နှင့်မင်းသားတို့ကိုသုတ်သင်ပယ်ရှားမည်၊ ဟုထာဝရဘုရားမိန့်တော်မူ၏။ ၃၉ သို့ရာတွင်သိမ်းသွားခြင်းကိုခံရသောဧလံအမျိုးသားတို့ကိုနောင်ကာလ၌ ငါဆောင်ခဲ့ဦးမည်၊ ဟုထာဝရဘုရားမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.