-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၄၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၄၈


မောဘပြည်နှင့်ဆိုင်သောဘုရား၏စကား

ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားသည်၊ မောဘပြည်ကိုရည်မှတ်၍မိန့်တော်မူသည်ကား၊ နေဗောမြို့သည်အမင်္ဂလာရှိ၏။ ပျက်စီးခြင်းသို့ရောက်လေ၏။ ကိရယိသိမ်မြို့သည်ရှုံး၍လုယူခြင်းကိုခံရ၏။ မိသဂပ်မြို့သည်လည်းရှုံး၍စိတ်ပျက်လေ၏။ မောဘပြည်သည်နောက်တဖန်ဟေရှဘုန်မြို့၌ မဝါကြွားရ။ ရန်သူတို့က၊ မောဘပြည်ကိုပြည်မဖြစ်စေခြင်းငှါပယ်ရှားကြကုန်အံ့။ ရန်ပြုမည့်အကြံနှင့်ကြံစည်ကြ၏။ အိုမာဒမေနမြို့၊ သင်သည်လည်းပျက်စီးရမည်။ ဓါးဘေးသည်သင့်ကိုလိုက်လိမ့်မည်။ ဟောရနိမ်မြို့၌ လည်းညှဉ်းဆဲခြင်းနှင့်ပြင်းစွာသောပျက်စီးခြင်းရှိ၍၊ အော်ဟစ်သောအသံကိုကြားရ၏။ မောဘပြည်သည်ပျက်စီးခြင်းသို့ရောက်၍၊ သူငယ်တို့သည်မြည်တမ်းသောအသံကိုပြုကြ၏။ ငိုကြွေးသောအသံသည်လုဟိတ်တောင်ပေါ်သို့တက်ရ၏။ ဟောရနိမ်မြို့သို့ဆင်းရာအရပ်၌ လည်း၊ ဆုံးရှုံးခြင်းအသံကိုရန်သူတို့သည်ကြားရ၏။ အသက်လွတ်အံ့သောငှါပြေးကြလော။ လွင်ပြင်၌ ရရှိသောသစ်ပင်​ခြောက်ကဲ့သို့ဖြစ်ကြလော့။ သင်သည်မိမိဆည်းဖူးသောဘဏ္ဍာဥစ္စာကိုကိုးစားသောကြောင့်၊ သူတပါးလက်သို့ရောက်ရလိမ့်မည်။ ခေမုရှဘုရားကိုလည်းသူ၏မင်း၊ သူ၏ယဇ်ပုရောဟိတ်တို့နှင့်တကွသိမ်းသွားကြလိမ့်မည်။ လုယူသောသူသည်မြို့များအစဉ် အတိုင်းရောက်လာ၍မြို့တစ်မြို့မှမလွတ်ရ။ ချိုင့်နှင့်တကွလွင်ပြင်သည်လည်း၊ ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။ ထိုသို့ထာဝရ ဘုရားမိန့်တော်မူပြီး။ မောဘပြည်သည်လွတ်ရာသို့ပြေးရအောင်ငှက်တောင်တို့ကိုပေးလော့။ မြို့တို့သည်နေသောသူမရှိ။ လူဆိတ်ညံရာဖြစ်ရလိမ့်မည်။ ၁၀ ထာဝရဘုရား၏အမှုတော်ကိုကြိုးစား၍မဆောင်သောသူသည်ကျိန်ဆဲခြင်းကိုခံစေ။ လူ့အသက်ကိုမသတ်ဘဲမိမိဓါးကိုသိမ်းရုပ်သောသူသည်ကျိန်ဆဲခြင်းကိုခံစေ။

၁၁ မောဘသည်အိုးတလုံမှတလုံးသို့မပြောင်း၊ တ​ကျွန်းတနိုင်ငံသို့ယူသွားခြင်းကိုမခံ၊ ငယ်သောအရွယ်မှစ၍ငြိမ်လျက်၊ မိမိအဖတ်အနည်ပေါ်၌ နေရာကျလျက်ရှိသောကြောင့်၊ မိမိအရသာသည်တည်နေ၏။ မွှေးသောအနံ့လည်းမပျက်။ ၁၂ သို့ရာ တွင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ စောင်း၍ထားတက်သောသူတို့ကိုသူ့ထံသို့ငါစေလွတ်ရသောအချိန်ရောက်လိမ့်မည်။ သူတို့သည်မောဘကိုစောင်း၍ထားပြီးလျှင်သူ၏အိုးတို့ကိုသွန်၍ရေဘူးတို့ကိုခွဲကြလိမ့်မည်။ ၁၃ ဣသရေလအမျိုးသည်မိမိခိုလှုံသောဗေသလဘုရားကြောင့်ရှက်ရသကဲ့သို့၊ မောဘအမျိုးသည်လည်းခေမုရှဘုရားကြောင့်ရှက်ရလိမ့်မည်။ ၁၄ ငါတို့သည် အားကြီးသောသူ၊ စစ်တိုက်ခြင်းငှါတတ်စွမ်းနိုင်သောငှါတတ်နိုင်စွမ်းသောသူဖြစ်ကြ၏ဟုသင်တို့သည်အဘယ်သို့ပြောဆိုကြလိမ့်နည်း။ ၁၅ မောဘပြည်သည်ပျက်စီးပြီ။ မြို့တို့သည်ကျွမ်းလောက်ကြပြီ။ သူရွေးချယ်သောလုလင်တို့သည်ကွပ်မျက်ခြင်းကို ခံအံ့သောငှါဆင်းသွားကြပြီ ၊ ဟုကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားဟူ၍ဘွဲ့နာမရှိသောရှင်ဘုရင်မိန့်တော်မူ၏။ ၁၆ မောဘကိုလုပ်ကြံသောအချိန်နီးပြီ။ သူခံရသောဘေးသည်အလျှင်အမြန်လာ၏။ ၁၇ သူ့ပတ်လည်၌ နေသောသူအပေါင်းတို့၊ သူ့အတွက်မြည်တမ်းကြလော့။ သူ၏နာမကိုသိသောသူအပေါင်းတို့၊ တန်ခိုးကြီးသောလှံတံ၊ အသရေတင့်တယ်သောတံဖျာသည် ကျိုးလေပြီတကားဟုပြောဆိုကြလော့။ ၁၈ ဒိဘုန်မြို့၌ နေသောသတို့သမီး၊ သင်ခံစားရသော၊ စည်းစိမ်မှဆင်း၍အငတ်ခံလျက်ထိုင်လော့။ မောဘကိုလုယူသောသူသည်သင်ရှိရာသို့လာ၍၊ သင်၏ရဲတိုက်တို့ကိုဖျက်ဆီးလိမ့်မည်။ ၁၉ အိုအာရော်မြို့စား၊ လမ်းနားမှာရပ်၍ကြည့်ရှုကြလော့။ အဘယ်အမှုရှိသနည်း ၊ ဟုပြေးသောယောက်ျားနှင့်အသက်လွတ်သောမိန်းမကို မေးမြန်းလော့။ ၂၀ မောဘသည်စိတ်ပျက်လေ၏။ ပြိုလဲလျက်ရှိ၏။ ငိုကြွေးမြည်တမ်းကြလော့။ မောဘသည်ပျက်စီးကြောင်းကိုအာနုန်မြို့၌ ကြားပြောကြလော့။ ၂၁ လွင်ပြင်နှင့်တကွဟောလုန်မြို့၊ ယဟာဇမြို့မေဖတ်မြို့၊ ၂၂ ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသိမ်မြို့၊ ၂၃ ကိရယသိမ်မြို့ဗကဂမုလမြို့ဗက်မောင်မြို့၊ ၂၄ ကေရုတ်မြို့၊ ဗောဇရမြို့မှစ၍ မောဘပြည်၌ ရှိသောမြို့၊ အနီးအဝေးရှိသမျှတို့သည်အပြစ်ဒဏ်ကိုခံရကြ၏။ ၂၅ မောဘ၏ဦးချိုသည်ပြတ်လေပြီ။ သူ၏ လက်ရုံးသည်ကျိုးလေပြီ။ သူ၏လက်ရုံးသည်ကျိုးလေပြီဟုထာဝရဘုရားမိန့်တော်မူ၏။ ၂၆ မောဘသည်ထာဝရဘုရား တဘက်၌ ဝါကြွားသောကြောင့်သူတို့ယစ်မူးစေကြလော့။ သူသည်မိမိအန်ဖက်၌ လူလည်း၍ကဲ့ရဲ့ခြင်းကိုခံရ၏။ ၂၇ သင်သည်ဣသရေလကဲ့ရဲ့ပြီမဟုတ်လော။ သို့ရာတွင်သူသည်သူခိုးနှင့်ပေါင်းဖေါ်သော်ကိုတွေ့ဘူးသလော။ သူ၏အကြောင်းကိုပြော လေရာ၌ သင်သည်ခေါင်းကိုညိတ်ပါသည်တကား။ ၂၈ မောဘပြည်၌ နေသောသူတို့၊ မြို့တို့ကိုစွန့်၍၊ ကျောက်ကြား၌ နေကြလော့။ မြေတွင်းဝမှာအသိုက်လုပ်တတ်သောချိုးငှက်ကဲ့သို့ပြုကြလော့။

၂၉ မောဘ၏မာနကိုငါတို့သည်ကြားသိကြ၏။ အလွန်ကြီးမားသောမာနဖြစ်၏။ မာနကြီးခြင်း၊ ထောင်လွှားစော်ကားခြင်း၊ စိတ်နှလုံးမြင့်ခြင်းရှိသော်လည်း၊ ၃၀ သူ၏ဒေါသအမျက်ထွက်ခြင်းကိုငါသိသည်ဖြစ်၍၊ သူသည်အချဉ်းနှီးသက်သက် ဝါကြွားသောစကားကိုပြောလျက်နှင့်မိမိအလိုမပြည့်စုံရာဟုထာဝရဘုရားမိန့်တော်မူ၏။ ၃၁ ထို့ကြောင့်၊ မောဘအတွက်ငါသည်ညည်းတွားမြည်တမ်းမည်။ မောသပြည်တပြည်လုံးအတွက်ငိုကြွေးမည်။ ကိရဟရက်မြို့သားတို့အတွက်ညည်းတွားခြင်းရှိရမည်။ ၃၂ အိုစိဗမာစပျစ်နွယ်ပင်ယာဇာမြို့အတွက်မျက်ရည်ကျသည်ထက်သင့်အတွက်ငါသည်မျက်ရည်ကျမည်။ သင်၏ အညွန့်တို့သည့်ပင်လယ်ကိုလွန်၍၊ ယာဇာပင်လယ်တိုင်အောင်ရောက်ကြ၏။ ဖျက်ဆီးသောသူသည်သင်၏သစ်သီးနှင့်စပျစ်သီးတို့ကိုလုယူ၏။ ၃၃ ဝပြောသောလယ်ပြင်နှင့်မောဘပြည်ထဲမှာဝမ်းမြောက်ခြင်းပျက်လေပြီ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်ရည် ကိုငါပျက်စေပြီ။ ကြွေးကြော်သံကိုပြု၍စပျစ်သီးကိုမနင်းရ။ ကြွေးကြော်သောအသံလည်းကြွေးကြော်သောအသံမဟုတ်ရ။ ၃၄ ဟေရှဘုန်မြို့ငိုကြွေးသံမှစ၍ဧလာလေမြို့၊ ယာဟတ်မြို့တိုင်အောင်၎င်း၊ ဇောရမြို့မှစ၍ဟောရနိမ်မြို့တိုင်အောင်၎င်း၊ သုံးနှစ်အသက်ရှိသောနွားမမြည်သံကဲ့သို့အသံလွင့်ကြ၏။ အကြောင်းမူကား၊ နိမရိမ်ရေကန်တို့သည်လည်းဆိတ်ညံလျက်ရှိကြ၏။ ၃၅ မောဘပြည်၌ မြင့်သောအရပ်ပေါ်မှာပူဇော်သောသူ၊ မိမိဘုရားတို့အားနံ့သာပေါင်းကိုမီးရှို့သောသူတို့ကိုငါပြတ်စေမည်၊ ဟုထာဝရဘုရားမိန့်တော်မူ၏။ ၃၆ ထို့ကြောင့်၊ ငါနှလုံးသည်မောဘပြည်အတွက်ပုလွေကဲ့သို့မြည်ရလိမ့်မည်။ ငါ့နှလုံးသည် ကိရဟရက်မြို့သားတို့အတွက်ပုလွေကဲ့သို့မြည်ရလိမ့်မည်။ သူတို့ဆည်းပူသောဘဏ္ဍာဥစ္စာပျက်စီးပြီ။ ၃၇ လူတိုင်းဆံပင်တိုလျက်၊ မုဆိတ်ကိုရိတ်လျက်၊ လက်၌ ရှနလျက်၊ ခါး၌ လျှော်တေအဝတ်ကိုဝတ်လျက်ရှိရ၏။ ၃၈ အသုံးမရသောအိုးကိုခွဲတက်သကဲ့သို့မောဘပြည်ကိုငါခွဲသောကြောင့်မောဘပြည်အိမ်အမိုးများအပေါ်၌ ၎င်း၊ လမ်းများ၌ ၎င်း၊ ညည်းတွားမြည်တမ်းခြင်း၊ နှံ့ပြားရမည်ဟုထာဝရဘုရားမိန့်တော်မူ၏။ ၃၉ သူတို့ကလည်းမောဘသည်ပြိုပျက်လေပြီတကား၊ ရှက်၍ဆုတ်သွားလေပြီတကားဟုညည်းတွားမြည်တမ်းကြလိမ့်မည်။ မောဘသည်အရှက်ကွဲ၍ကဲ့ရဲ့ခြင်းကိုခံရလျက်ပတ်လည်၌ နေသောသူအပေါင်းတို့၏ ကြောက်လန့်စရာအကြောင်းဖြစ်ရလိမ့်မည်။

၄၀ ထာဝရဘုရားမိန့်တော်မူသည်ကားရန်သူသည်လင်းယုန်ပျံသကဲ့သို့ပျံလာ၍၊ အတောင်တို့နှင့်မောဘပြည်ကိုအုပ်မိုးလိမ့်မည်။ ၄၁ မြို့တို့ကိုလုပ်ကြံ၍ရဲတိုက်တို့ကိုတိုက်ယူသောကြောင့်ထိုနေ့၌ မောဘအမျိုးသူရဲတို့စိတ်နှလုံးသည်၊ သားဖွားခြင်း ဝေဒနာကိုခံရသောမိန်းမ၏စိတ်နှလုံးကဲ့သို့ဖြစ်ရလိမ့်မည်။ ၄၂ မောဘသည်ထာဝရဘုရားတဘက်၌ ဝါကြွားသောကြောင့်၊ နောက်တဖန်ပြည်မဖြစ်နိုင်အောင်ပျက်စီးရလိမ့်မည်။ ၄၃ အိုမောဘအမျိုးသား၊ သင်သည်ကြောက်လန့်ဖွယ်သောအရာ၊ မြေတွင်း၊ ကျော့ကွင်းထဲသို့ရောက်လေပြီ။ ၄၄ ကြောက်လန့်ဘွယ်သောအရာမှပြေးသောသူသည်မြေတွင်းထဲသို့ကျလိမ့်မည်။ မြေတွင်းမှလွတ်သောသူသည်ကျော့ကွင်း၌ ကျော့မိလိမ့်မည်။ ဆုံးမခြင်းကိုခံရသောနှစ်ကာလကိုမောဘပြည်သို့ငါရောက်စေမည်ဟုထာဝရဘုရားမိန့်တော်မူ၏။ ၄၅ ပြေးသောသူတို့သည်အားကုန်သောကြောင့်၊ ဟေရှဘုန်မြို့အရိပ်ကိုခိုကြသော်လည်း ရှိဟုန်ဘုရင်နေရာဟေရှဘုန်မြို့မှမီလျှံထွက်သဖြင့်၊ မာနထောင်လွှားသောသူတို့၏အထွဋ်မှစ၍မောဘပြည်အစွန်းတိုင်အောင်လောင်လိမ့်မည်။ ၄၆ အိုမောဘပြည်သင်သည်အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည်အကျိုးနည်းကြပြီ။ သင်တို့၏သားသမီးများကိုသိမ်းသွင်းကြပြီ။ ၄၇ သို့ရာတွင်၊ သိမ်းသွားခြင်းကိုခံရသောမောဘအမျိုးသားတို့ကိုနောင်ကာလ၌ ငါဆောင်ခဲ့ဦးမည်ဟုထာဝရဘုရားမိန့်တော်မူ၏။ ဤရွေ့ကား၊ မောဘခံရသောအပြစ်တရားပေတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.