-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၄

ထာ၀ရဘုရားက ဣသရေလကို ပြန်လာခွင့်ပေး

အိုဣသရေလအမျိုး၊ သင်သည် ပြန်လာလိုလျှင် ငါ့ထံသို့ ပြန်လာပါ။ သင်၏ ရွံရှာဘွယ်တို့ကို ပယ်လိုလျှင် ငါ့ထံမှမရွှေ့ရ။ သင်ကလည်း၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု သစ္စာစောင့်ခြင်း၊ တရားစီရင်ခြင်း၊ ​ဖြောင့်မတ်ခြင်းအားဖြင့် ကျိန်ဆိုလိမ့်မည်။ လူအမျိုးမျိုးတို့သည်လည်း၊ ထိုဘုရားသခင်အားဖြင့် မိမိတို့ကို ကောင်းကြီးပေး၍၊ ထိုဘုရားသခင်ကို အမှီပြုလျက် ဝါကြွားကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။


နှလုံးအရေဖျားလှီးကြ
CROSS REFERENCES






ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့အား မိန့်တော်မူသည်ကား၊ သင်တို့၏လယ်ကို ထွန်ကြလော့။ ဆူးပင်တို့တွင် မျိုးစေ့ကို မကြဲကြနှင့်။ အိုယုဒပြည်သူ ယေရုရှလင် မြို့သားတို့၊ ထာဝရဘုရားအဘို့ အလိုငှါ၊ အရေဖျားလှီး မင်္ဂလာကိုခံ၍၊ သင်တို့ နှလုံးအရေဖျားကို လှီးဖယ်ကြလော့။ [A] သို့မဟုတ်၊ သင်တို့၏ အကျင့်မကောင်းသောကြောင့်၊ ငါ့အမျက်သည် မီးကဲ့သို့ထွက်၍ အဘယ်သူမျှ မငြိမ်းနိုင်အောင် လောင်လိမ့်မည်။


ကြီးစွာသော ပျက်စီးခြင်း မြောက်မျက်နှာမှ ဆောင်ခဲ့မည်

ယုဒပြည်၌ တံပိုးမှုတ်ကြလော့ဟု ယေရုရှလင်မြို့မှစ၍ တပြည်လုံး ကြွေးကြော်၍ သိတင်းကြားကြလော့။ စည်းဝေး၍ ခိုင်ခံ့သော မြို့များအတွင်းသို့ ဝင်ကြကုန်အံ့ဟု အရပ်ရပ်၌ အနှံ့အပြား ကြွေးကြော်ကြလော့။ ဇိအုန်တောင်ပေါ်မှာ အလံကိုထူကြလော့။ လွတ်အောင်ပြေးကြလော့။ ရပ်၍မနေကြနှင့်။ အကြောင်းမူကား၊ ကြီးစွာသော ပျက်စီးခြင်းဘေးဥပဒ်ကို မြောက်မျက်နှာမှ ငါသည် ဆောင်ခဲ့မည်။ ခြင်္သေ့သည် မိမိနေရာခြုံထဲက ထွက်လာပြီ။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးသောသူသည် လမ်း၌ လာဆဲရှိ၏။ သင်၏ပြည်ကို လူဆိတ်ညံ့ရာအရပ် ဖြစ်စေခြင်းငှါ၊ သူသည် မိမိနေရာမှ ထွက်လာသည်ဖြစ်၍၊ သင်၏မြို့တို့သည် လူမနေနိုင်အောင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ထိုအကြောင်းကြောင့် လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ငိုကြွေးမြည်တမ်း၍ အော်ဟစ်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၌ ပြင်းစွာသော အမျက်တော်သည် ငါတို့မှာလွှဲရှောင်၍ မသွားသေး။ ထိုအခါ ရှင်ဘုရင်နှင့် မှူးမတ်တို့သည် စိတ်ပျက်ကြလိမ့်မည်။ ယဇ်ပုရောဟိတ်တို့သည် မိန်းမောတွေဝေလျက်၊ ပရောဖက်တို့သည် ထိတ်လန့်လျက် ရှိကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။


ဘုရားက လှည့်စားပြီဟု ယေရမိဆို

၁၀ ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ သံလျက်သည် အသက်ကို ထိသည်တိုင်အောင် ခွင်းသော်လည်း၊ သင်တို့သည် ငြိမ်သက်ခြင်း ရှိကြလိမ့်မည်ဟု ကိုယ်တော်သည် မိန့်တော်မူသောအားဖြင့်၊ ဤလူများနှင့်တကွ ယေရုရှလင်မြို့သားတို့ကို အလွန်လှည့် စားတော်မူပါပြီတကားဟု လျှောက်ဆို၏။


ပူသောလေလာလိမ့်မည်

၁၁ ထိုကာလ၌ ဤလူများနှင့် ယေရုရှလင်မြို့သားတို့ကို ရည်မှတ်၍ ဆိုရမည်ကား၊ ပူသောလေသည်တော၌ မြင့်သောအရပ်က ငါ၏ လူမျိုးသတို့သမီး ထံသို့လာလိမ့်မည်။ အမှော် (a) လွှင့်စေခြင်း၊ သန့်ရှင်းစေခြင်းငှါ လာသောလေမဟုတ်။ ၁၂ ထိုလေထက် ပြင်းသောလေသည်၊ ငါ့အလိုကို ပြည့်စုံစေခြင်းငှါ လာလိမ့်မည်။ ယခုပင် သူတို့ကို ငါကိုယ်တိုင် စစ်ကြောစီရင်မည်။၁၃ လာသောမင်းသည် မိုးတိမ်ကဲ့သို့ လာလိမ့်မည်။ သူ၏ရထားတို့သည် လေဘွေကဲ့သို့ ဖြစ်ကြ၏။ သူ၏မြင်းတို့သည် လင်းယုန်ထက်သာ၍ လျှင်မြန်ကြ၏။ ငါတို့သည် အမင်္ဂလာရှိကြ၏။ ပျက်စီးခြင်းသို့ ရောက်ကြပြီ။


ယေရုရှလင်မြို့အပေါ် ဒုက္ခရောက်မည်

၁၄ အိုယေရုရှလင်မြို့၊ သင်သည် ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ၊ သင်၏ စိတ်နှလုံးကို ဒုစရိုက်အပြစ်နှင့် ကင်းစင်စေလော့။ သင်၏ အဓမ္မအကြံစည်တို့သည် အဘယ်မျှကာလပတ်လုံး သင်၏အထဲ၌ တည်နေရမည်နည်း။ ၁၅ ဒန်ပြည်၌ အသံကိုကြားရ၏။ ဧဖရိမ်တောင်ပေါ်မှာ ဒုက္ခသိတင်းကို ဟစ်ကြော်ကြ၏။ ၁၆ အပြည်ပြည်တို့၌ သိတင်းကြားကြလော့။ ယေရုရှလင်မြို့ကို ရည်မှတ်၍ ကြွေးကြော်ကြလော့။ ကင်းစောင့်တို့သည် ဝေးသော ပြည်ကလာ၍၊ ယုဒမြို့များတဘက်၌ ထူးကြလိမ့်မည်။ ၁၇ လယ်ကို စောင့်သောသူများကဲ့သို့၊ ထိုသူတို့သည် ယုဒပြည်ကို ဝန်းရံကြ၏။ အကြောင်းမူကား၊ ထိုပြည်သည် ငါ့ကိုပုန်ကန်ပြီ။ ၁၈ သင်လိုက်သော ထုံးစံနှင့် သင်ကျင့်သော အကျင့်တို့သည်၊ သင့်အပေါ်မှာ ဤအမှုကို သက်ရောက်စေပြီ။ သင်သည် ထိုသို့သောအမှုနှင့်တွေ့၍ ခါးစပ်သောစိတ်၊ နာကြည်းစိတ်ရှိရာ၏ဟု ထာဝရဘုရား မိန့်တော်မူ၏။


ငါ့အသဲသည်နာ၏

၁၉ ငါ့အသည်းသည် နာ၏။ ငါ့အသည်းသည် နာ၏။ ငါ့နှလုံး အရေဖျားလည်း နာ၏။ ငါ့အထဲ၌ ငါ့နှလုံး ပူဆွေး၏။ ငါသည် တိတ်ဆိတ်စွာ မနေနိုင်။ အကြောင်းမူကား၊ အိုငါ့ဝိညာဉ်၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ၏။ ၂၀ ပျက်စီးပြီ၊ ပျက်စီးပြီဟု အထပ်ထပ် ဟစ်ကြော်ရ၏။ တပြည်လုံး ပျက်စီးပြီ။ ငါ၏တဲတို့သည် ခဏခြင်းတွင် ပျက်စီးကြပြီ။ ၂၁ ငါသည် အဘယ်မျှ ကာလပတ်လုံး အလံကို မြင်ရအံ့နည်။ အဘယ်မျှ ကာလပတ်လုံး တံပိုးသံကို ကြားရအံ့နည်း။ ၂၂ အကယ် စင်စစ် ငါ၏လူတို့သည် ထိုင်းမှိုင်း၍ ငါ့ကိုမသိကြ။ မိုက်သောသူငယ်ဖြစ်၍ ဥာဏ်မရှိကြ။ မကောင်းသော အမှုတို့၌ လိမ္မာကြ၏။ ကောင်း သောအမှုတို့ကို မပြုတတ်ကြ။


တပြည်လုံးပျက်စီးလိမ့်မည်

၂၃ ငါသည် မြေကြီးကိုကြည့်ရှု၍ လွတ်လပ်လဟာဖြစ်၏။ မိုးကောင်ကင်ကိုလည်း ငါကြည့်ရှု၍ အလင်းမရှိ။ ၂၄ တောင်တို့ကိုလည်း ငါကြည့်ရှု၍၊ သူတို့နှင့်တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက် နေကြ၏။ ၂၅ ငါကြည့်ရှု၍ လူမရှိ။ မိုးကောင်ကင် ငှက်အပေါင်းတို့သည် ပြေးကြပြီ။ ၂၆ ငါကြည့်ရှု၍ ဝပြောသောပြည်သည် တောဖြစ်လေပြီ။ မြို့များတို့သည် ပြိုပျက်လျက် ရှိကြ၏။ ထာဝရဘုရားရှေ့၊ ပြင်းစွာသော အမျက်တော်ရှေ့၌ ထိုသို့သော အခြင်းအရာတို့သည် ဖြစ်ရကြ၏။ ၂၇ ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံး ပျက်စီးရာဖြစ်လိမ့်မည်။ ပျက်စီးခြင်းကို ငါမဆီးတား၊ ၂၈ ထိုကြောင့်၊ မြေကြီးသည် ညည်းတွားလိမ့်မည်။ မိုးကောင်းကင်လည်း နက်လိမ့်မည်။ ငါသည် ပြောပြီးမှ နောင်တမရှိ။ ကြံပြီးမှ အကြံမပျက်ရ။ ၂၉ မြင်းစီးသူရဲနှင့် လေးကိုင်သူရဲတို့ ဟစ်သောအသံကြောင့်၊ မြို့သားအပေါင်းတို့သည် တောအုပ်သို့ ပြေးသွားကြ၏။ ကျောက်ပေါ်သို့ တက်ကြ၏။ မြို့ရှိသမျှတို့ကို စွန့်ပစ်၍ နေသော သူတယောက်မျှ မရှိရ။


ပျက်စီးခြင်းသို့ ရောက်သောအခါ ဘာမျှအကျိုးမရှိ

၃၀ သင်သည် ပျက်စီးခြင်းသို့ ရောက်သောအခါ၊ အဘယ်သို့ ပြုလိမ့်မည်နည်း။ နီမောင်းသော အဝတ်ကို ဝတ်သော်၎င်း၊ ရွှေတန်ဆာကို ဆင်သော်၎င်း၊ သင်၏ မျက်နှာစုတ်ပဲ့သည့် တိုင်အောင် ဆေးသုတ်သော်၎င်း၊ သင်၏တင့်တယ်ခြင်းကို အချည်းနှီးပြ၏။ သင်၏ရည်းစားတို့သည် သင့်ကိုစွန့်၍၊ သင်၏အသက်ကို သတ်ခြင်းငှါ ရှာကြံကြ၏။ ၃၁ အကယ်စင်စစ် သားဖွားသော မိန်းမညည်းသံ၊ သားဦးဖွားသော မိန်းမ၏ ဝေဒနာခံရာအသံကဲ့သို့၊ ဇိအုန်သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့သမီးက၊ အ​ကျွန်ုပ်သည် အမင်္ဂလာရှိပါ၏။ လူသတ်များကြောင့်အ​ကျွန်ုပ် စိတ်ပျက်ပါ၏ဟု မိမိလက်ဝါးကိုဖြန့်၍ ငိုကြွေးလျက်နေ၏။

_________________________
Footnotes


၁၁ (a) အမှော်ဟူသော စကားလုံးသည် အမှိုက်ဟုဆိုလိုခြင်းလော၊ အင်္ဂလိပ်ကျမ်းစာအုပ်များ၌ winnow လှေ့ သို့မဟုတ် fan မှုတ်၊ တိုက်ဟု တွေ့ရသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.