-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၃၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၃၇


ယေရမိစကားကို နားမထောင်ကြ

ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည်၊ ယုဒရှင်ဘုရင်အရာ၌ ခန့်ထားသော ယောယကိမ်သား ခေါနိအရာ၌ ၊ ယောရှိမင်းကြီး၏ သားဇေဒကိမင်းကြီးသည် နန်းထိုင်လေ၏။ ထာဝရဘုရားသည် ယေရမိအားဖြင့် မိန့်တော်မူသောစကားတော်တို့ကို၊ ထိုမင်း ကြီးအစရှိသော ​ကျွန်များ၊ ပြည်သူပြည်သားများတို့သည် နားမထောင်ဘဲ နေကြ၏။


ဇေဒကိမင်းက ယေရမိကို ဆုတောင်းခိုင်း

တရံရောအခါ ဇေဒကိမင်းကြီးသည်၊ ရှေလမိသား ယေဟုကလနှင့် ယဇ်ပုရောဟိတ် မာသေယသား ဇေဖနိတို့ကို၊ ပရောဖက် ယေရမိထံသို့ စေလွှတ်၍၊ ငါတို့အဘို့ ငါတို့ဘုရားသခင် ထာဝရဘုရားအား ဆုတောင်းပါလော့ဟု မှာလိုက်၏။ ထိုအခါ ယေရမိသည် ထောင်ထဲသို့ မရောက်သေး။ လူများတို့နှင့် ပေါင်းဖေါ်လျက် နေသေး၏။


ခါလဒဲလူတို့သည် ယေရုရှလင်မြို့ကို မီးရှို့ဖျက်ဆီးမည်

ယေရုရှလင်မြို့သို့ ဝိုင်းသောခါ လဒဲလူတို့သည်၊ အဲဂုတ္တုပြည်မှ ဖာရောဘုရင်၏ ဗိုလ်​ခြေများစစ်ချီ၍ လာကြောင်းကိုကြားလျှင်၊ ထိုမြို့မှ ထွက်သွားကြပြီ။ ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ပရောဖက် ယေရမိသို့ရောက်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကို မေးလျှောက်စေခြင်းငှါ၊ သင့်ကိုမှာလိုက်သော ယုဒရှင်ဘုရင်အား ဤသို့ပြန်ပြောလော့။ သင်တို့ကိုစစ်ကူခြင်းငှါ လာသော ဖာရောဘုရင်၏ ဗိုလ်​ခြေတို့သည်၊ သူတို့နေရင်း အဲဂုတ္တုပြည်သို့ ပြန်သွားကြလိမ့်မည်။ ခါလဒဲလူတို့သည် လာပြန်၍၊ ဤမြို့ကိုတိုက်ယူပြီးလျှင် မီးရှို့ကြလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ခါလဒဲလူတို့သည် ငါတို့ထံမှ ထွက်သွားကြလိမ့်မည်ဟု ဆို၍၊ ကိုယ်ကိုကိုယ် မလှည့်စားကြနှင့်။ သူတို့သည် ထွက်၍ မသွားရကြ။ ၁၀ ထိုမျှမက၊ သင်တို့ကို စစ်တိုက်သော ခါလဒဲစစ်သူရဲအပေါင်းတို့ကို သင်တို့သည် လုပ်ကြံသဖြင့်၊ သူတို့တွင် ဒဏ်ချက်ထိသောသူ သက်သက် ကျန်ကြွင်းသော်လည်း၊ သူတို့သည် အသီးအသီး မိမိတို့တဲ၌ ထ၍၊ ဤမြို့ကို မီးရှို့ကြလိမ့်မည်ဟု မိန့်တော်မူ၏။


ယေရမိကို ရိုက်ပြီးမှ ထောင်ချကြ

၁၁ ခါလဒဲ စစ်သူရဲတို့သည် ဖာရောဘုရင်၏ ဗိုလ်​ခြေတို့ကို ကြောက်ရွံ့၍၊ ယေရုရှလင်မြို့မှ ဆုတ်သွားကြသောအခါ၊ ၁၂ ယေရမိသည် မိမိအမျိုး၌ မိမိအမွေဥစ္စာကို ခံအံ့သောငှါ၊ ဗင်္ယာမိန်ပြည်သို့ သွားမည်ဟု အကြံရှိ၍ ယေရုရှလင်မြို့မှထွက်သွားလေ၏။ ၁၃ ဗင်္ယာမိန်တံခါးဝသို့ ရောက်သောအခါ၊ ဟာနနိသားဖြစ်သော ရှေလမိ၏သားကင်းမှူး ဣရိယက၊ သင်သည် ခါလဒဲလူတို့ ဘက်သို့ ကူးသွားပါသည်တကားဟု ဆိုလျက်၊ ပရောဖက် ယေရမိကို ဖမ်းဆီးလေ၏။ ၁၄ ယေရမိကလည်း၊ မဟုတ်ပါ။ ခါလဒဲလူတို့ဘက်သို့ ငါမကူးမသွားပါဟု ဆိုသော်လည်း၊ ဣရိယသည် နားမထောင်ဘဲ၊ ယေရမိကိုယူ၍ မင်းများထံသို့ ပို့ဆောင်လေ၏။ ၁၅ မင်းများတို့သည် အမျက်ထွက်၍ ယေရမိကို ရိုက်ပြီးမှ၊ စာရေးတော် ယောနသန်၏အိမ်၌ လှောင်ထားကြ၏။ ထိုအိမ်ကို လှောင်အိမ်လုပ်နှင့်သတည်း။


ဇေဒကိမင်းကြီးက ယေရမိကိုမေး

၁၆ ယေရမိသည် အိမ်အောက်မြေတွင်၊ လှောင်အိမ်ထဲသို့ ရောက်၍၊ နေ့ရက်များစွာ နေရသောနောက်၊ ၁၇ ဇေဒကိမင်းကြီးသည် လူကိုစေလွှတ်၍ ယေရမိကိုနှုတ်ပြီးမှ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် ရှိသလောဟု နန်းတော်၌ တိတ်ဆိတ်စွာ မေးမြန်းလျှင်၊ ယေရမိက၊ နှုတ်ကပတ်တော်ရှိပါ၏။ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင် လက်သို့ရောက်ပါလိမ့်မည်ဟုပြန်လျှောက်၏။ ၁၈ တဖန်ယေရမိက၊ အ​ကျွန်ုပ်သည် ကိုယ်တော်ကို ပြစ်မှားသလော။ ကိုယ်တော်၏ ကျွန်တို့ကို ပြစ်မှားသလော။ ဤလူမျိုးကို ပြစ်မှားသလော။ အဘယ်မည်သော အပြစ်ကြောင့် အ​ကျွန်ုပ်ကို လှောင်ထားကြသနည်း။ ၁၉ ဗာဗုလုန် ရှင်ဘုရင်သည် သင်တို့နှင့် ဤပြည်ကို မတိုက်မလာရဟု ဟောပြောသော သင်တို့၏ ပရောဖက်တို့သည် ယခုဘယ်မှာ ရှိကြသနည်း။ ၂၀ သို့ဖြစ်၍၊ အ​ကျွန်ုပ်သခင် အရှင်မင်းကြီး၊ နားထောင်တော်မူပါ။ အ​ကျွန်ုပ် တောင်းပန်သော စကားကို နားခံတော်မူပါ။ အ​ကျွန်ုပ်ကို သေစေခြင်းငှါ၊ စာရေးတော် ယောနသန်အိမ်သို့ ပြန်စေတော်မမူပါနှင့်၊ ဟုဇေဒကိမင်းကြီးကို လျှောက်ဆို၏။ ၂၁ ထိုအခါ ဇေဒကိမင်းကြီး အမိန့်တော်ရှိ၍၊ ယေရမိကို ထောင်ဝင်း၌ ထားကြ၏။ မြို့တွင်မုန့်မကုန်မှီတိုင်အောင်၊ မုန့်သည်တန်းမှ မုန့်တလုံးကို နေ့တိုင်းအစဉ်ပေးရ၏။ ထိုသို့ယေရမိသည် ထောင်ဝင်းထဲမှာ နေလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.