-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၃၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၃၅


ရေခပ်သားများကို စပျစ်ရည် တိုက်ခိုင်း

ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်းလက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊ သင်သည် ရေခပ်အမျိုးသားတို့ အိမ်သို့သွား၍၊ သူတို့နှင့် နှုတ်ဆက်ပြီးမှ၊ ဗိမာန်တော် အခန်းတခန်းထဲသို့ခေါ်သွင်း၍ စပျစ် ရည်ကို တိုက်ပေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည် ဟာဗဇိညာသားဖြစ်သော၊ ယေရမိ၏သား ယာဇညာမှစ၍၊ သူ၏ ညီအစ်ကိုတို့နှင့် သားများအပေါင်း၊ ရေခပ်အမျိုးသား အပေါင်းတို့ကို ခေါ်၍၊ ဗိမာန်တော်အတွင်း၊ တံခါးစောင့် ရှလ္လုံသား မာသေယ၏ အခန်းအပေါ်၊ မှူးတော်မတ်တော် စည်းဝေးရာ အခန်းနားမှာ၊ ဘုရားသခင်၏လူ ဣဂဒါလိသား ဟာနန်၏သား တို့နေသော အခန်းထဲသို့ ဆောင်သွားပြီးလျှင်၊ ထိုရေခပ်အမျိုးသားတို့ရှေ့၌ ၊ စပျစ်ရည်နှင့် ပြည့်သောအိုးများနှင့် ခွက်ဖလားတို့ကို ထည့်၍၊ စပျစ်ရည်ကို သောက်ကြပါဟု သူတို့အားဆို၏။


ရေခပ်သားများ စပျစ်ရည် မသောက်

သူတို့ကလည်း၊ အ​ကျွန်ုပ်တို့သည် စပျစ်ရည်ကို မသောက်ပါ။ အကြောင်းမူကား၊ အ​ကျွန်ုပ်တို့အမျိုး၏ အဘရေခပ်၏သား ယောနဒပ်က၊ သင်တို့မှစ၍ သားစဉ်မြေးဆက်တို့သည် စပျစ်ရည်ကို မသောက်ရကြ။ အိမ်ကိုလည်း မဆောက်ရ၊ မျိုးစေ့ကိုလည်း မကြဲရ၊ စပျစ်ဥယျာဉ်ကိုလည်း မစိုက်ရ။ မရှိစေရကြ။ သင်တို့သည် ဧည့်သည် ဖြစ်လျက်နေသောပြည်၌ ၊ အသက်တာ ရှည်မည်အကြောင်း၊ တသက်လုံးတဲနှင့် နေရကြမည်ဟု အ​ကျွန်ုပ်တို့ကို မှာထားပါပြီ။ ထိုကြောင့်၊ အ​ကျွန်ုပ်တို့သည် မယားသားသမီးနှင့်တကွ တသက်လုံးစပျစ်ရည်ကို မသောက်။ နေစရာဘို့အိမ်ကိုလည်းမဆောက်။ စပျစ်ဥယျာဉ်မရှိ။ လယ်ယာမရှိ၊ မျိုးစေ့မရှိ။ ၁၀ တဲနှင့်သာနေ၍ အ​ကျွန်ုပ်တို့အမျိုး၏ အဘ ရေခပ်သားယောနဒပ် မှာထားသမျှသော စကားကို နားထောင်လျက်၊ အဘယောနဒပ် မှာထားသမျှအတိုင်း ပြုကြပါပြီ။ ၁၁ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤပြည်သို့လာသောအခါ၊ အ​ကျွန်ုပ်တို့က၊ လာကြ။ ယေရုရှလင်မြို့သို့ သွားကြကုန်အံ့။ ခါလဒဲ စစ်သူရဲတို့နှင့် ရှုရိစစ်သူရဲတို့ကို ကြောက်စရာရှိသည်ဟု အချင်းချင်းပြောဆို၍၊ ယခု ယေရုရှလင်မြို့၌ နေကြပါသည်ဟုဆိုကြ၏။


ရေခပ်သားများကဲ့သို့ နားမထောင်သောကြောင့် ဒဏ်ခတ်မည်
CROSS REFERENCES






၁၂ ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊ ၁၃ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်​ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒပြည်သူ ယေရုရှလင် မြို့သားတို့ရှိရာသို့သွား၍၊ သင်တို့သည် ငါ့စကားကို နားထောင်အံ့သောငှါ၊ ဆုံးမခြင်းကို မခံကြသလောဟု ထာဝရဘုရား မေးတော်မူ၏။ ၁၄ စပျစ်ရည်ကို မသောက်ရဟု ရေခပ်သား ယောနဒပ်သည် မိမိသားတို့၌ ထားသော ပညတ်စကားအတိုင်း၊ သူတို့သည်ကျင့်၍ ယနေ့တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲ နေလျက်၊ အဘ၏ ပညတ်စကားကို နားထောင်ကြ၏။ ငါသည်စောစောထ၍ သင်တို့ကို အထပ်ထပ် ပြောသော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ [A]၁၅ ငါ၏​ကျွန် ပရောဖက်အပေါင်းတို့ကိုလည်း၊ ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်လျက်၊ သင်တို့ အသီးအသီးလိုက်သော အဓမ္မလမ်းကို ရှောင်ကြလော့။ သင်တို့အကျင့်ကို ပြုပြင်ကြလော့။ အခြားတပါးသော ဘုရားနောက်သို့မလိုက်၊ ဝတ်မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင်တို့နှင့် သင်တို့၏ ဘိုးဘေးတို့အား ငါပေးသောပြည်၌ နေရကြလိမ့်မည်ဟု မှာလိုက်သော်လည်း၊ သင်တို့သည် နားကိုပိတ်လျက်၊ ငါ့စကားကို နားမထောင်ဘဲ နေကြပြီ။ ၁၆ ရေခပ်သားဖြစ်သော ယောနဒပ်၏ သားမြေးတို့သည် မိမိတို့အဘမှာ ထားသေ ာစကားအတိုင်း ကျင့်ကြ၍၊ ဤလူမျိုးသည် ငါ့စကားကို နားမထောင်သောကြောင့်၊ ၁၇ ဣသရေလအမျိုး၏ ဘုရား သခင် ကောင်းကင် ဗိုလ်​ခြေအရှင် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ခြိမ်းသမျှသော ဘေးဥပဒ်တို့ကို ယုဒပြည်သူ၊ ယေရုရှလင်မြို့သား အပေါင်းတို့အပေါ်သို့ ရောက်စေမည်။ အကြောင်းမူကား၊ ငါပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော်လည်း မထူးကြဟု မိန့်တော်မူ၏။


ရေခပ်သားများကို ဘုရားသခင် အမှုဆောင်စေမည်

၁၈ ရေခပ် အမျိုးသားတို့အားလည်း၊ ယေရမိဆင့်ဆိုသေ ာဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊ သင်တို့သည် သင်တို့အဘ ယောနဒပ်၏ ပညတ်စကားကို နားထောင်၍၊ သူစီရင်ထုံးဖွဲ့သမျှ အတိုင်း ကျင့်စောင့်သောကြောင့်၊ ၁၉ ရေခပ်သား ယောနဒပ်အမျိုး၌ ငါ့အမှုထမ်းတို့သည် အစဉ်ရှိကြလိမ့်မည် ဟု ဣသရေလ အမျိုး၏ ဘုရားသခင် ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.