-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၃၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၃၀


ဣသရေလ အမျိုးသားတို့ကို ပြန်ဆောင်မည်

ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အား ငါပြောသမျှသော စကားတို့ကို ရေးထားလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုသိမ်းသွားခြင်းကို ခံရသော ငါ၏လူ ဣသရေလ အမျိုးနှင့် ယုဒအမျိုးသားတို့ကို ငါဆောင်ခဲ့ရသော အချိန်ကာလသည် ရောက်လိမ့်မည်။ သူတို့ဘိုးဘေးတို့အား ငါပေးသော ပြည်သို့ ငါပြန်လာစေသဖြင့်၊ သူတို့သည် ပိုင်ရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။


ယာကုပ်အမျိုး၌ အမှုရောက်သောနေ့

ဣသရေလ အမျိုးနှင့် ယုဒအမျိုးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသော စကားဟူမူကား၊ ငါသည် ထိတ်လန့်ခြင်း စကားသံကို ကြားရ၏။ ငြိမ်သက်ခြင်းမရှိ။ ကြောက်ရွံ့ဘွယ်သော အကြောင်းသာရှိ၏။ ယောက်ျားသည် သားဖွားတတ်သလောဟု မေးမြန်းကြည့်ရှုကြလော့။ မိန်းမသည် သားဖွားခြင်းဝေဒနာကို ခံရသောအခါ၊ မိမိခါး၌ လက်တင်သကဲ့သို့ ယောက်ျားတိုင်းပြု၍၊ ခပ်သိမ်းသောသူတို့သည် မျက်နှာပျက်လျက် ရှိကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ အလိုလေး၊ ထိုနေ့ရက်ကား၊ ခိုင်းနှိုင်းစရာမရှိ။ ကြီးသောနေ့ရက်ဖြစ်၏။ ယာကုပ်အမျိုး၌ အမှုရောက်သော နေ့ရက်ဖြစ်၏။ သို့ရာတွင်၊ သူတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။


ဣသရေလအမျိုး၏ ထမ်းပိုးကို ချိုးပယ်မည်

ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနေ့ရက်၌ သူတို့ထမ်းရသော ထမ်းပိုးကို သူတို့လည်ပင်းမှ ငါချိုးပယ်မည်။ သူတို့ကို ချည်နှောင်သော ကြိုးများကိုငါဖြတ်မည်။ တပါးအမျိုးသားတို့သည် နောက်တဖန် သူတို့ကို မစေစားရကြ။ သူတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏ အမှုကို၎င်း၊ သူတို့အဘို့ ငါပေါ်ထွန်းစေလတံ့သော ရှင်ဘုရင် ဒါဝိဒ်၏အမှုကို၎င်း၊ ဆောင်ရွက်ရကြမည်။


ဣသရေလအမျိုးသည် ငြိမ်ဝပ်ချမ်းသာလိမ့်မည်

၁၀ သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုငါ့​ကျွန် ယာကုပ်၊ မကြောက်နှင့်။ အိုဣသရေလအမျိုး၊ စိတ်မပျက်နှင့်။ သင့်ကိုဝေးသော အရပ်မှ၎င်း၊ သင်၏ အမျိုးသားတို့ကို သိမ်းသွားရာပြည်မှ၎င်း၊ ငါနှုတ်ယူဆောင်ခဲ့သဖြင့်၊ ယာကုပ်အမျိုးသည် ပြန်လာ၍၊ ​ခြောက်လှန့်သောသူမရှိ၊ ငြိမ်ဝပ် ချမ်းသာစွာနေရလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၁၁ တဖန်မိန့်တော်မူသည်ကား၊ သင့်ကိုကယ်တင်ခြင်းငှါ၊ သင်နှင့်အတူငါရှိ၏။ ငါသည် သင့်ကို ငါကွဲပြားစေသော တိုင်းနိုင်ငံရှိသမျှတို့ကို ဆုံးစေသော်လည်း၊ သင့်ကိုမဆုံးစေ။ သို့ရာတွင်၊ အပြစ်ကို ရှင်းရှင်းမလွတ်ဘဲ၊ အတော်အတန်ဆုံးမမည်။


ဣသရေလအမျိုး၏ အနာသည် ပျင်းလှ၏

၁၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အနာသည် ပျောက်ခဲ၏။ သင်ခံရသော ဝေဒနာသည် ပြင်းလှ၏။ ၁၃ သင့်အနာကို စည်းအံ့သောငှါ အဘယ်သူမျှ သင့်အမှုကိုမစောင့်။ အနာပျောက်စေနိုင်သော ဆေးကို အဘယ်သူမျှမကု။ ၁၄ သင်၏ မိတ်ဆွေရှိသမျှတို့သည် သင့်ကိုမေ့လျော့၍ မမေးမရှာဘဲ နေကြ၏။ သင့်အပြစ်သည်ကြီး၍၊ သင်ပြုသော ဒုစရိုက်သည် များပြားသောကြောင့်၊ ရန်သူပေးတတ်သော အနာနှင့် သင့်ကို ငါနာစေပြီ။ ကြမ်းတမ်းသောသူ ပေးတတ်သော ဒဏ်ကိုငါပေးပြီ။ ၁၅ သင်သည်အနာကို ခံရသည်ဖြစ်၍၊ အဘယ်ကြောင့် ငိုကြွေးသနည်း။ သင်၏ အပြစ်ကြီးသောကြောင့်၊ သင်ခံရသော ဝေဒနာသည် ပျောက်ခဲ၏။ သင်ပြုသော ဒုစရိုက်များ ပြားသောကြောင့်၊ ဤသို့ငါဆုံးမရ၏။


ဣသရေလအမျိုးကို ကိုက်စားသူ ဘုရားကဒဏ်ခတ်မည်

၁၆ သို့ရာတွင်၊ သင့်ကိုကိုက်စားသောသူ အပေါင်းတို့သည် ကိုက်စားခြင်း၊ သင်၏ ရန်သူအပေါင်းတို့သည် သိမ်းသွားခြင်း၊ သင့်ကိုလုယူ ဖျက်ဆီးသောသူ အပေါင်းတို့သည် လုယူဖျက်ဆီးခြင်းကို ခံရကြမည်။ ၁၇ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတပါးတို့က၊ သင်သည် စွန့်ပစ်ခြင်းကို ခံရသောသူဟူ၍၎င်း၊ အဘယ်သူမျှ မကြည့်ရှုမပြုစုသော ဇိအုန်မြို့ဟူ၍၎င်း ခေါ်သော်လည်း၊ သင်၏ အနာရောဂါများကို ငါပျောက်စေ၍၊ ကျန်းမာ ပကတိဖြစ်စေမည်။


ယာကုပ်အမျိုးကိုပြန်တည်ဆောက်မည်

၁၈ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်းသွားခြင်းကိုခံရသော ယာကုပ်အမျိုးသားတို့၏ တဲများကို ငါဆောင်ခဲ့ဦးမည်။ သူတို့အိမ်များကို သနားဦးမည်။ မြို့သည်လည်း၊ မိမိကုန်းပေါ်မှ တဖန် တည်လျက်ရှိလိမ့်မည်။ နန်းတော်၌ လည်း၊ ရှေးထုံးစံအတိုင်းနေကြလိမ့်မည်။ ၁၉ ထိုသူတို့အထဲက ကျေးဇူးကို ချီးမွမ်းခြင်းအသံ၊ ရွှင်မြူးသောသူတို့၏ အသံသည် ထွက်လိမ့်မည်။ ငါသည်သူတို့ကို မနည်းစေဘဲ များပြားစေမည်။ နှိမ့်ချခြင်းသို့မရောက်၊ ချီးမြှောက်ခြင်းသို့ ရောက်စေမည်။ ၂၀ အမျိုးသားတို့သည် အရင်ကဲ့သို့ဖြစ်၍၊ ပရိသတ်တို့သည် ငါ့ရှေ့မှာ တည်ကြလိမ့်မည်။ ညှဉ်းဆဲသောသူ အပေါင်းတို့ကို ငါသည်အပြစ်ပေးမည်။ ၂၁ သူတို့၏မင်းသည် သူတို့အမျိုးဖြစ်လိမ့်မည်။ သူတို့အထဲက ပေါ်ထွန်းသောသူသည်သူတို့ကို အုပ်စိုးရလိမ့်မည်။ ငါသွေးဆောင်၍ သူတို့ သည် ငါ့ထံသို့ ချဉ်းကပ်ကြလိမ့်မည်။ ငါ့ထံသို့ ချဉ်းကပ်လိုသောငှါ၊ အဘယ်သူသည်မိမိစိတ်ကို တန်းစေသနည်း။ ၂၂ ထိုအခါသင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ ဘုရားသခင် ဖြစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။


ထာ၀ရဘုရား၏ လေဘွေတော်တိုက်မည်

၂၃ ထာဝရဘုရား၏ လေဘွေတော်သည် ပူသောအရှိန်နှင့် ထွက်၏။ ပြင်းစွာသော လေဘွေဖြစ်၍၊ မတရားသောသူတို့ ခေါင်းပေါ်မှာ ပြင်းစွာ တိုက်လိမ့်မည်။ ၂၄ ထာဝရဘုရားသည် လက်စသတ်၍၊ အကြံအစည်တော်ကို ပြည့်စုံစေတော်မမူမှီပြင်းစွာသော အမျက်တော်မငြိမ်းရ။ နောင်ကာလ၌ သင်တို့သည် နားလည်ကြလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.