-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၃


ပြည့်တန်ဆာနှဖူးရှိ
CROSS REFERENCES





CROSS REFERENCES






ယောက်ျားစွန့်ပစ်သော မိန်းမသည် ထွက်သွား၍၊ အခြားသောသူ၏ မယားဖြစ်ပြီးမှ၊ အရင်လင်သည် ထိုမိန်းမကိုပြန်၍ယူ သင့်သလော။ ထိုသို့ပြုသော ပြည်သည် ညစ်ညူးသည် မဟုတ်လော [A] ဟု ဆိုလေ့ရှိလျက်နှင့်၊ သင်သည် များစွာသော ရည်းစားတို့၌ မှီဝဲ၍၊ မှားယွင်းသော်လည်း၊ ငါ့ထံသို့ပြန်လာပါ၊ [B] ဟုထာဝရဘုရား မိန့်တော်မူ၏။ မြင့်သော အရပ်များကို မျှော်ကြည့်၍၊ လင်မနေဘူးသော အရပ်တစုံတခုကို ရှာလော့။ အာရပ်လူသည် တော၌ စောင့်သကဲ့သို့၊ သင်သည်လမ်းတို့၌ စောင့်နေ၍၊ မတရားသောမေထုန် [C]အားဖြင့်၎င်း၊ အဓမ္မအမှုအားဖြင့်၎င်း၊ ပြည်ကိုညစ်ညူးစေပြီ။ မိုးခေါင်၍ နောက်မိုးတိုင်အောင် မရွာသော်လည်း၊ သင်သည် ပြည်တန်ဆာနဖူးရှိ၍ ရှက်ခြင်းသဘောကို ပယ်ရှားပြီ။ ယခုမှစ၍သင်က၊ အ​ကျွန်ုပ်အဘ၊ ကိုယ်တော်သည် အ​ကျွန်ုပ် အသက်ငယ်စဉ် စောင့်မပါပြီဟု ငါ့အား အော်ဟစ်ပါစေသော်။ ဘုရားသခင်သည် အစဉ် အမျက်ထွက်တော်မူမည်လော။ အဆုံးတိုင်အောင် အပြစ်ကို မှတ်တော်မူမည်လောဟု ဆိုပါစေသော်။ ထိုသို့ဆိုသော်လည်း၊ တတ်နိုင်သမျှအတိုင်း အဓမ္မအမှုကို ပြုပါသည်တကား။


ဘုရားကသူ့မိန်းမဣသရေလကိုကွာ
CROSS REFERENCES






ယောရှိမင်းကြီးလက်ထက်၊ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ဖောက်ပြန်သော ဣသရေလ အမျိုးပြုသော အမှုကို သင်မြင်ပြီလော။ မြင့်သော တောင်ရှိသမျှအပေါ်သို့ တက်၍၎င်း၊ စိမ်းသော သစ်ပင်ရှိသမျှအောက်၌ ၎င်း၊ ပြည်တန်ဆာ လုပ်လေပြီ။ သူသည် ထိုအမှုအလုံးစုံတို့ကို ပြုပြီးမှ၊ ငါ့ထံသို့ပြန်လာပါဟု ငါပြောသော်လည်း၊ သူသည်ပြန်၍မလာ။ ထိုအမှုကို သူ၏ညီမ၊ သစ္စာပျက်သော ညီမယုဒသည် ကြည့်မြင်လေ၏။ ဖောက်ပြန်သော ဣသရေလသည် မတရားသော မေထုန်ကို ပြု၍၊ မှားယွင်းသော အပြစ်များကြောင့်၊ သူနှင့်ငါကွာ၍ ဖြတ်စာကို အပ်သော်လည်း၊ [D] သစ္စာပျက်သော ညီမယုဒသည်လည်း၊ မကြောက်ဘဲသွား၍ ပြည်တန်ဆာ လုပ်ကြောင်းကို ငါမြင်ရ၏။ သူသည် မတရားသော မေထုန်ကိုပြု၍ အလွန်လော်လည် သောအားဖြင့် ပြည်ကိုညစ်ညူးစေ၍၊ ကျောက်နှင့်၎င်း၊ သစ်တုံးနှင့်၎င်း မှားယွင်းလေ၏။ ၁၀ ထိုမျှလောက် အပြစ်ရှိသော်လည်း၊ သစ္စာပျက်သော ညီမယုဒသည် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ပြန်၍ မလာ၊ ပြန်လာ ဟန်ဆောင်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။


အပြစ်ရှိကြောင်းကို ဝန်ချရုံမျှသာပြုလော့

၁၁ တဖန် ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ သစ္စာပျက်သောယုဒသည် ဖောက်ပြန်သော ဣသရေလ ထက်အပြစ် ကြီး၏။ ၁၂ သင်သည်သွား၍ မြောက်မျက်နှာသို့ ဟစ်ကြော်ရမည့်စကားဟူမူကား၊ အိုဖောက်ပြန်သော ဣသရေလ၊ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်၌ ငါသည် မျက်မုန်းကျိုးခြင်းကို မပြု၊ ကရုဏာစိတ်သဘောရှိ၏။ အစဉ် အမျက်ထွက်တတ် သည်မဟုတ်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ၁၃ သင်သည် ငါ့စကားကိုနားမထောင်၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍၊ စိမ်းသော သစ်ပင်ရှိသမျှအောက်၌ တွေ့သော ဧည့်သည်တို့နှင့် မှားယွင်းသော အပြစ်ရှိကြောင်းကို ဝန်ချရုံမျှသာပြုလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။


ယေရုရှလင်မြို့သို့ ပြန်ပို့ဆောင်မည်
CROSS REFERENCES






၁၄ အိုဖောက်ပြန်သော သူငယ်တို့၊ ပြန်လာကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် သင်၏ လင်ဖြစ်သော်လည်း၊(a) [E]သင်တို့မြို့များထဲက တမြို့လျှင် လူတယောက်၊ အမျိုးသားချင်းအစုစုထဲက တစုလျှင် လူနှစ်ယောက်ကိုရွေးယူ၍ ဇိအုန်မြို့သို့ ပို့ဆောင်မည်။ ၁၅ ငါသည် နှစ်သက်သောသူတို့ကို သင်းအုပ်အရာ၌ ခန့်ထား၍၊ သူတို့သည် ဥာဏ်ပညာနှင့်ပြည့်စုံလျက် သင်တို့ကို အုပ်ကြလိမ့်မည်။ ၁၆ ထိုကာလတွင် သင်တို့သည်ပြည်တော်၌ တိုးပွါးများပြားသောအခါ၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ဟူ၍၊ နောက်တဖန်မပြောမဆိုရ။ ထိုသေတ္တာကို စိတ်မစွဲလမ်း၊ မအောက်မေ့၊ မပြုစုရ။ နောက်တဖန်မလုပ်ရဟု ထာဝရဘုရား မိန့်တော်မူ၏။ ၁၇ ထိုအခါ ယေရုရှလင်မြို့ကို ထာဝရဘုရား၏ ပလ္လင်ဟူ၍ ခေါ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်း၊ ထာဝရဘုရား၏ နာမတော်ကိုအမှီပြု၍၊ ထိုပလ္လင်သို့ စည်းဝေးကြလိ့မ်။ နောက်တဖန် မိမိတို့၌ ဆိုးသော စိတ်နှလုံး ခိုင်မာခြင်း သဘောသို့လိုက်၍ မကျင့်ရကြ။ ၁၈ ထိုကာလ၌ ယုဒအမျိုးသည် ဣသရေလ အမျိုးနှင့် ပေါင်းဖေါ်လျက်၊ မြောက်မျက်နှာ အရပ်က တစုတည်းလာ၍၊ သင်တို့ဘိုးဘေးများ အမွေခံဘို့ ငါပေးဘူးသော ပြည်သို့ ရောက်ကြလိ့မ်မည်။ ၁၉ ငါသည်သင့် ကိုသားတို့တွင် အဘယ်သို့ထားရအံ့နည်း။ သာယာသောပြည်၊ တိုင်းနိုင်ငံအပေါင်းတို့၏အထွဋ်၊ ဘုန်းကြီးသော အမွေခံရာပြည်ကို သင့်အား အဘယ်သို့ ပေးရအံ့နည်းဟု ငါမေးသောအခါ၊ သင်သည် ငါ့ကို အ​ကျွန်ုပ်အဘဟူ၍ ခေါ်ရလိမ့်မည်။ ငါ့ထံမှလွှဲ၍ မသွားရဟု ငါပြန်ပြော၏။


ဣသရေလအမျိုးသည် ဘုရားထံလာ

၂၀ အိုဣသရေလအမျိုး၊ မယားသည် မိမိခင်ပွန်း၌ သစ္စာဖျက်သကဲ့သို့၊ အကယ်စင်စစ် သင်တို့သည်ငါ၌ သစ္စာပျက်ကြပြီဟု ထာဝရ ဘုရားမိန့်တော်မူ၏။ ၂၁ ဣသရေလ အမျိုးသားတို့သည် မြင့်သောအရပ်တို့၌ ငိုကြွေး၍ တောင်းပန်သော အသံကိုငါကြားရပြီ။ အကြောင်းမူကား၊ သူတို့သည် လမ်းလွဲ၍၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားကို မေ့လျော့ကြပြီ။ ၂၂ အိုဖောက်ပြန်သောသူငယ်၊ သင်တို့ ပြန်လာကြလော့။ ဖောက်ပြန်ရာများကို ငါပြုပြင်မည်။ သူတို့ကလည်း၊ အ​ကျွန်ုပ်တို့သည် ကိုယ်တော်ထံသို့ လာကြပါ၏။ ကိုယ်တော်သည် အ​ကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်တော်မူ၏။ ၂၃ အကယ်စင်စစ် ကုန်းများနှင့် တောင်ရိုးများတို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ အကယ်စင်စစ် အ​ကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဣသရေလ အမျိုးကိုကယ်တင်ရာ အကြောင်းဖြစ်တော်မူ၏။ ၂၄ ရှက်ဘွယ်သောအရာသည် အ​ကျွန်ုပ်တို့၏ ဘိုးဘေးဥစ္စာတည်းဟူသော သူတို့သိုးနွား၊ သားသမီးများကိုအ​ကျွန်ုပ်တို့ငယ်သော အရွယ်ကပင်စား၍ ကုန်ပါပြီ။ ၂၅ အ​ကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရကြ၏။ အသရေပျက်ခြင်း၌ နစ်မွန်းကြ၏။ အကြောင်းမူကား၊ အ​ကျွန်ုပ်တို့သည် ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် ဘိုးဘေးနှင့်တကွ အ​ကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင်။ အ​ကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဆိုကြ၏။

_________________________
Footnotes


(a)

၁၄ בָּעַ֣לְתִּי bā·‘al·tî ကိုမြန်မာကျမ်းစာအုပ်၌ "ငါသည်သင်တို့ကို ရွံရှာဘူးသော်လည်း" ဟုရေးထားသည်။ ထိုအရာကို "အုပ်ချုပ်" သို့မဟုတ် "လင်"ဟု နှစ်မျိုးဖြင့် ဘာသာပြန်နိုင်သည်။ မူရင်းဟေဗြဲနှင့် အင်္ဂလိပ်ကျမ်းစာအုပ်များ၌၊ "ငါသည်သင်၏ လင်ဖြစ်သော်လည်း" သို့မဟုတ် "ငါသည် သင်၏သခင် ဖြစ်သော်လည်း" ဟုတွေ့ရသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.