-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၂၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၂၉


ယေရမိမှ အသိမ်းခံသော သူများထံပေးစာ

ရှင်ဘုရင်ယေခေါနိနှင့်တကွ မိဖုရားအစရှိသော မိန်းမစိုးများ၊ ယုဒပြည် ယေရုရှလင်မြို့ မှူးတော်မတ်တော်များ၊ လက်သမား၊ ပန်းဘဲသမားများတို့သည် ယေရုရှလင်မြို့မှ သွားသောနောက်၊ ယုဒရှင်ဘုရင် ဇေဒကိသည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာထံ၊ ဗာဗုလုန်မြို့သို့ စေလွှတ်သော ရှာဖန်သားဧလာသာနှင့် ဟိလခိသားဂေမရိတွင်၊ ပရောဖက်ယေရမိသည် စာရေး၍ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွားခြင်းကို ခံရသော အသက်ကြီးသူ၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ဆင်းရဲသား ကျန်ကြွင်းသမျှတို့နေရာသို့ ယေရုရှလင်မြို့မှ ပေးလိုက်သော စာဟူမူကား၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရားသည်၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားစေတော်မူသော သူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ အိမ်တို့ကိုဆောက်၍ နေရာချကြလော့။ ဥယျာဉ်တို့ကိုစိုက်၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌ ခေါင်းပါးခြင်းမရှိ၊ တိုးပွားများမည်အကြောင်း၊ မယားနှင့်နေ၍ သားသမီးကို ဖွားမြင်ကြလော့။ သားသမီးတို့ကိုလည်း၊ အချင်းချင်းတယောက်ကို တယောက်ပေးစား၍၊ တဖန်သားသမီးကို ဖွားမြင်စေကြလော့။ ငါသည် သင်တို့ကို သိမ်းသွားစေသော မြို့သည်လည်း၊ ငြိမ်သက်ခြင်း ရှိမည်အကြောင်းကိုပြုစု၍၊ ထိုမြို့အဘို့အလိုငှါ၊ ထာဝရဘုရားအား မေတ္တာပို့ကြလော့။ ထိုမြို့၏ ငြိမ်သက်ခြင်းအားဖြင့်၊ သင်တို့သည်လည်းငြိမ်သက်ခြင်း ရှိကြလိမ့်မည်။ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့တွင်ရှိသော ပရောဖက်ဆရာ၊ အနာဂတ်ဆရာတို့သည် သင်တို့ကိုမလှည့် စားကြစေနှင့်။ သင်တို့မြင်စေသော အိပ်မက်တို့ကိုလည်း မယုံမှတ်ကြနှင့်။ တဖန်မိန့်တော်မူသည်ကား၊ ထိုဆရာတို့သည် ငါစေလွှတ်သောသူ မဟုတ်ဘဲ၊ ငါ့နာမကိုအမှီပြု၍ မုသာစကားကို ဟောပြောတတ်၏။


အနှစ်ခုနစ်ဆယ် စေ့သောအခါ ပြန်ခွင့်ပြုမည်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၀ တဖန်မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌ အနှစ်ခုနစ်ဆယ် စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ဂတိကောင်းကို တည်စေ၍၊ သင်တို့ကို ဤပြည်သို့ ပို့ဆောင်ဦးမည်။ [A] ၁၁ တဖန်မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှါ၊ ကြံစည်သောအကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကို ရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှါသာ၊ သင်တို့အဘို့ ကြံစည်သော အကြံတို့ကိုငါသိ၏။ ၁၂ တဖန်မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။ [B] ၁၃ ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့် ရှာလျှင် တွေ့ကြလိမ့်မည်။ [C] ၁၄ ငါသည်လည်း၊ သင်တို့အတွေ့ကိုခံမည်။ အထက်က ငါနှင်ထုတ်၍ သင်တို့ခံရသော သိမ်းသွားခြင်းအမှုကို ငါသည် ဖြေရှင်းခြင်းငှါ၊ တိုင်းနိုင်ငံ အရပ်ရပ်တို့မှ သင်တို့ကို ငါစုသိမ်းပြီးလျှင်၊ အထက်က ငါနှင်ထုတ်၍ သင်တို့ရှုံးသောပြည်သို့ တဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရ ဘုရား မိန့်တော်မူ၏။


ယေရုရှလင်မြို့၌ ကျန်ရစ်သောသူတို့ကိုညှဉ်းဆဲမည်
CROSS REFERENCES






၁၅ ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရှင်ဘုရင်မှစ၍၊ ဤမြို့၌ နေသောသူ အပေါင်းတည်းဟူသော၊ သင်တို့နှင့်အတူသိမ်းသွားခြင်းကို မခံရသော သင်တို့ညီအစ်ကိုများကို ရည်မှတ်၍၊၁၆ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့အပေါ်မှာ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ကို ငါစေလွှတ်မည်။ မစားနိုင်အောင်အလွန်ညံ့သော သင်္ဘောသဖန်းသီးကဲ့သို့ ငါဖြစ်စေမည်။၁၇ သူတို့ကိုဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့်ငါညှဉ်းဆဲမည်။ ငါနှင်ရာ အရပ်ရပ်တို့၌ လူအမျိုးမျိုးတို့တွင်၊ သူတို့သည် ကျိန်ဆဲရာ၊ အံ့ဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အသရေရှုတ်ချရာဖြစ်မည်အကြောင်း၊ မြေ ပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့၏ နှောင့်ရှက်ခြင်းသို့ သူတို့ကိုငါအပ်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။၁၈ အကြောင်းမူကား၊ ငါသည် စောစောထ၍၊ အထပ်ထပ်မှာထားစေလွှတ်သော ငါ၏ကျွန် ပရောဖက်တို့၏စကားကို၊ သူတို့သည်နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။ [D]


ပရောဖက်အတုများ အသတ်ခံရမည်
CROSS REFERENCES






၁၉ ထို့ကြောင့် သိမ်းသွားခြင်းကိုခံရ၍၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ ငါစေလွှတ်သောသူ အပေါင်းတို့၊ ထာဝရဘုရား၏ စကားကို နားထောင်ကြလော့ဟု မိန့်တော်မူ၏။ ၂၀ ထာဝရဘုရားသည် ငါတို့အဘို့ ပရောဖက်များကို ဗာဗုလုန်မြို့၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ဆိုကြသည်ဖြစ်၍၊ [E] ၂၁ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏နာမကို အမှီပြု၍၊ သင်တို့အား မုသာစကားကို ဟောပြောသော ကောလာယသားအာဟပ်နှင့် မာသေယသား ဇေဒကိတို့ကို၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လက်သို့ငါအပ်၍၊ ထိုမင်းသည် သူတို့ကို သင်တို့မျက်မှောက်၌ သတ်လိမ့်မည်။ ၂၂ ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားအပေါင်းတို့က၊ ဗာဗုလုန်ရှင်ဘုရင်သည် မီးရှို့သော ဇေဒကိနှင့် အာဟပ်ကဲ့သို့၊ ထာဝရဘုရားသည် သင့်ကို ဖြစ်စေတော်မူပါစေဟု ထိုသူတို့ကို ပုံဆောင်၍ ကျိန်ဆဲကြလိမ့်မည်။ ၂၃ အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုကြပြီ။ သူ့မယားတို့ကိုပြစ်မှားကြပြီ။ ငါမမှာထားဘဲ၊ ငါ၏နာမကိုအမှီ ပြု၍ မုသာစကားကို ဟောပြောကြပြီ။ ငါသိသည် အတိုင်းသက်သေဖြစ်သည် ဟု ထာဝရဘုရား မိန့်တော်မူ၏။


ရှေမာယပေးလိုက်သောစာ

၂၄ နဟေလံရွာသား ရှေမာယကိုလည်း ပြောရမည်မှာ၊ ၂၅ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်​ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါ၏နာမကို အမှီပြု၍၊ ယဇ်ပုရောဟိတ် မာသေယသား၊ ဇေဖနိအစရှိသော ယဇ်ပုရောဟိတ်များတို့နှင့် ယေရုရှလင်မြို့သား ရှိသမျှတို့ကို စာပေးလိုက်၍၊ ၂၆ သင်သည် ဗိမာန်တော်၌ လူစောင့်ကို ခန့်ထားသဖြင့်၊ ပရောဖက်လုပ်သော အရူးရှိသမျှကို ထောင်ထဲမှာ လှောင်၍ ထိပ်ခတ်စေခြင်းငှါ၊ ထာဝရဘုရားသည် ယဇ်ပုရောဟိတ် ယောယဒ၏ကိုယ်စား သင့်ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားတော်မူ၏။ ၂၇ သို့ဖြစ်၍၊ သင်တို့တွင်ပရောဖက်လုပ်သော အာနသုတ်ရွာသား ယေရမိကို အဘယ်ကြောင့် မဆုံးမသနည်း။ ၂၈ သူကလည်း၊ ဤအမှုကြာလိမ့်မည်။ အိမ်တို့ကိုဆောက်၍ နေရာချကြလော့။ ဥယျဉ်တို့ကိုစိုက်၍ အသီးကိုစားကြလော့ဟု ဗာဗုလုန်မြို့၌ နေသောငါတို့ကိုမှာလိုက်ပါပြီးတကားဟု၂၉ ရှေမာယပေးလိုက်သော စာကို ယဇ်ပုရောဟိတ် ဇေဖနိသည် ပရောဖက် ယေရမိရှေ့မှာဖတ်လေ၏။


ငါမစေလွှတ်ဘဲ ရှေမာယသည် ပရောဖက်ပြု
CROSS REFERENCES






၃၀ ထိုအခါ နဟေလံရွာသား ရှေမာယကို ရည်မှတ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ၃၁ ငါမစေလွှတ်ဘဲ ရှေမာယသည် သင်တို့အား ပရောဖက်ပြု၍ မုသာ၌ ခိုလှုံစေသောကြောင့်၊ [F] ၃၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ နဟောလံရွာသား ရှေမာယနှင့်သူ၏ အမျိုးကို ငါသည်ဒဏ်ပေးမည်။ ဤအမျိုးသားတို့တွင်၊ သူ၏လူတယောက်မျှ နေရသောအခွင့်မရှိရ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် ထာဝရဘုရားကို ပုန်ကန်စေခြင်းငှါ၊ သွန်သင်သောကြောင့်၊ ငါ၏လူမျိုး၌ ငါပြုလတံ့သော ကျေးဇူးကို သူသည်မမြင်ရဟု သိမ်းသွားခြင်းကို ခံရသောသူအပေါင်းတို့ကို စာပေးလိုက်ရမည်အကြောင်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊ မှာထားတော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.