-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၂၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၂၇


ဘုရားသခင်က ယုဒပြည်ကို နေဗုခဒ်နေဇာလက်သို့ အပ်ပြီ
CROSS REFERENCES






ယုဒရှင်ဘုရင် ယောရှိသား ဇေဒကိ မင်းနန်းထိုင်စက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊ ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ ကြိုးနှင့်ထမ်းပိုးများကိုလုပ်၍၊ သင်၏လည်ပင်း၌ တပ်လော့။ ယုဒရှင်ဘုရင် ဇေဒကိထံ ယေရုရှလင်မြို့သို့ ရောက်လာသော သံတမန်တို့တွင်၊ ထိုကြိုးနှင့် ထမ်းပိုးတို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်းသို့ ပေးလိုက်လော့။ ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင်တို့အရှင်များတို့အား ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင် ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် မဟာတန်ခိုးနှင့် လက်ရုံးကိုဆန့်လျက်၊ မြေကြီးကို၎င်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကို၎င်း၊ ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အား ပေး၏။ ယခုမှာ ဤပြည်ရှိသမျှတို့ကို ငါ​ကျွန် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ ငါအပ်ပေးပြီ။ သူစေစားဘို့ရာ တောတိရစ္ဆာန်များကိုလည်း ငါပေးပြီ။ [A] သူ၏နိုင်ငံ ဆုံးချိန်မရောက်မှီတိုင်အောင်၊ ဤပြည်သားအပေါင်းတို့သည် သူ၏အမှုနှင့် သူ၏သားမြေးအမှုကို ဆောင်ရွက်ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာသောလူမျိုးတို့နှင့် ကြီးသော ရှင်ဘုရင်တို့သည် သူ့ကို စေစားကြလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အစေခံကိုမခံ၊ သူ၏ထမ်းပိုးကို မထမ်းလိုသော တိုင်းနိုင်ငံရှိသမျှကို သူ၏လက်၌ ဆုံးရှုံးစေခြင်းငှါ၊ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါအပြစ်ပေးမည်။


ပရောဖက်အတုတို့၏ စကား နားမထောင်ကြနှင့်
CROSS REFERENCES






သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေခံကိုမခံရဟု သင်တို့အား ပြောတတ်သော ပရောဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာဆရာ၊ ပြုစားတတ်သော ဆရာတို့၏စကားကို နားမထောင်ကြနှင့်။ [B] ၁၀ ထိုသူတို့သည် သင်တို့ကို၊ သင်တို့ပြည်မှ အဝေးသို့ ရွှေ့သွားစေခြင်းငှါ၎င်း၊ သင်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်းငှါ၎င်း၊ မုသာစကားကို ဟောပြောတတ်ကြ၏။ ၁၁ ဗာဗုလုန် ရှင်ဘုရင်၏ ထမ်းပိုးကိုထမ်း၍၊ သူ၏အစေကို ခံသောလူမျိုးတို့အား မိမိတို့ပြည်၌ နေရသောအခွင့်ကို ငါပေးသဖြင့်၊ သူတို့သည် မိမိတို့မြေ၌ လုပ်၍ နေရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။


ယေရမိက ဇေဒကိမင်းအား ဗာဗုလုန်အစေခံဘို့ပြော

၁၂ ထိုစကားတော်ရှိသမျှကို ငါပြန်၍ ယုဒရှင်ဘုရင် ဇေဒကိအား လျှောက်ဆိုသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်၏ ထမ်းပိုးကိုထမ်း၍၊ သူနှင့်သူ၏လူများ အစေကိုခံလျက်၊ အသက်ချမ်းသာပါလော့။ ၁၃ ဗာဗုလုန် ရှင်ဘုရင်၏ အစေကို မခံသောလူမျိုးကို ထာဝရဘုရား ရည်မှတ်၍ မိန့်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် ကိုယ်တော်၏ လူတို့သည် ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် အဘယ်ကြောင့် သေရပါမည်နည်း။ ၁၄ သင်တို့သည် ဗာဗုလုန်ရှင်ဘုရင်၏ အစေကို မခံရဟု သင်တို့အား ဟောပြောသော ပရောဖက်တို့၏ စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသာစကားကို ဟောပြောတတ်ကြ၏။ ၁၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့နှင့် သင်တို့အား ဟောပြောသော ပရောဖက်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်းငှါ၊ ငါမ စေလွှတ်ဘဲ သူတို့သည် ငါ့နာမကိုအမှီပြု၍ မုသာစကားကို ဟောပြောတတ်ကြ၏။


ယဇ်ပုရောဟိတ်နှင့် လူများလည်း ဗာဗုလုန်ကျွန်ခံဘို့ပြော

၁၆ ယဇ်ပုရောဟိတ်တို့နှင့် လူအပေါင်းတို့အားလည်း၊ ထာဝရဘုရား၏ အမိန့်တော်ကို ငါပြန်ပြောသည်ကား၊ ကာလမကြာမမြင့်မှီ၊ ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့မှ တဖန်ဆောင်ခဲ့လိမ့်မည်ဟု သင်တို့အား ဟောပြောသော ပရောဖက်တို့၏စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသာစကားကို ဟောပြောတတ်ကြ၏။ ၁၇ သူတို့၏စကားကို နားမထောင်ကြနှင့်။ ဗာဗုလုန်ရှင်ဘုရင်၏ အစေကိုခံ၍၊ အသက်ချမ်းသာကြလော့။ ဤမြို့သည် အဘယ်ကြောင့် ပျက်စီးခြင်းသို့ရောက်ရမည်နည်း။ ၁၈ သူတို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကိုခံ၍၊ ပရောဖက်မှန်လျှင်၊ ဗိမာန်တော်၌၎င်း၊ နန်းတော်၌၎င်း၊ ယေရုရှလင်မြို့၌၎င်း၊ ကျန်ကြွင်းသေးသော တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ယူ၍ မသွားရမည်အကြောင်း၊ ကောင်းကင်ဗိုလ်​ခြေအရှင် ထာဝရဘုရားအား တောင်းပန်ကြလော့။


ဗိမာန်တော်တန်ဆာရှိသမျှ ဗာဗုလုန်မြို့သို့ သိမ်းသွားမည်

၁၉ ဗာဗုန်လုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင် ယောယကိမ်နှင့် ယေခေါနိအစရှိသော ယုဒပြည် ယေရုရှလင်မြို့ မှူးတော်မတ်တော် အပေါင်းတို့ကို၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောအခါ၊ ၂၀ ထိုရှင်ဘုရင်သည် မသိမ်းမယူ၊ ဗိမာန်တော်၌၎င်း၊ နန်းတော်၌၎င်း၊ ယေရုရှလင်မြို့၌၎င်း၊ ကျန်ကြွင်းသေးသောတိုင်၊ ရေကန်၊ ရေကန်အ​ခြေအမြစ်များ၊ ကျန်ကြွင်းသေးသော တန်ဆာများတို့ကို ရည်မှတ်၍၊ ၂၁ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ၂၂ ထိုတန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွားရလိမ့်မည်။ ငါအကြည့်အရှုမကြွလာမှီတိုင်အောင်၊ ထိုမြို့၌ ရှိနေရကြလိမ့်မည်။ ငါကြွလာသောအခါ၊ ထိုတန်ဆာတို့ကို ငါဆောင်ခဲ့၍၊ ဤအရပ်၌ ပြန်ထားမည်ဟု မိန့်တော်မူ၏။ [C]



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.