-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၂၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၂၅


နံနက်စောစောထ၍ပြောသော်လည်းနားမထောင်
CROSS REFERENCES






ယုဒရှင်ဘုရင်ယောရှိမင်းကြီးသား၊ ယောယကိမ်နန်းစံစတုတ္ထနှစ်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာနန်းစံပဌမနှစ်တွင်၊ ယုဒပြည်သားအပေါင်းတို့ကိုရည်မှတ်၍၊ ယေရမိသို့ရောက်လာသောနှုတ်ကပတ်တော်ကို၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့အား၊ ယေရမိဆင့်ဆိုဟောပြောရသည်ကား၊ ယုဒရှင်ဘုရင်အာမုန်သားယောရှိနန်းစံဆယ်သုံးနှစ်မှစ၍ ယခုတိုင်အောင်၊ အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံးထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာသည်အတိုင်း၊ ငါသည် စောစောထ၍အမိန့်တော်ကိုအထပ်ထပ်ဆင့်ဆိုသော်လည်း၊ သင်တို့သည်နားမထောင်ဘဲနေကြ၏။ ထာဝရဘုရားသည်လည်း၊ စောစောထ၍မိမိ​ကျွန်ပရောဖက်အပေါင်းတို့ကို၊ သင်တို့ရှိရာသို့အထပ်ထပ်စေလွှတ်တော်မူသော်လည်း၊ [A]သင်တို့သည်နားမထောင်ကြ။ အမိန့်တော်ကိုကြားခြင်းငှါနားကိုမလှည့်ဘဲနေကြ၏။ ထိုပရောဖက်တို့က၊ သင်တို့အသီးအသီးလိုက်သောလမ်းဆိုးနှင့်အကျင့်ဆိုးများကိုပယ်ရှား၍၊ သင်တို့နှင့်ဘိုးဘေးတို့အားထာဝရဘုရားသည်အမြဲပေးတော်မူသောပြည်၌ နေကြလော့။ အခြားတပါးသောဘုရားနောက်သို့လိုက်၍ဝတ်မပြု၊ မကိုးကွယ်ကြနှင့်။ ကိုယ်လက်နှင့်လုပ်သောအရာများအားဖြင့်၊ ငါ၏အမျက်ကိုမထွက်စေကြနှင့်။ ငါသည်လည်း၊ သင်တို့ကိုမညှဉ်းဆဲဟုဆင့်ဆိုကြ၏။


ယုဒပြည်သည်ဗာဗုလုန်ကျွန်အနှစ်ခုနစ်ဆယ်ခံမည်
CROSS REFERENCES






ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုသို့ဆင့်ဆိုကြသော်လည်း၊ သင်တို့သည်ကိုယ်၌ အကျိုးနည်းဖြစ်စေခြင်းငှါ၊ ကိုယ်လက်နှင့်လုပ်သောအရာများအားဖြင့်၊ ငါ၏အမျက်ကိုထွက်စေသောအခွင့်ရှိမည်အကြောင်း၊ ငါ့စကားကိုနားမထောင်ဘဲနေကြပြီ။ ထိုကြောင့်၊ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည်ငါ့စကားကိုနားမထောင်သောကြောင့်၊ ဤပြည်နှင့်ပြည်သားများကို၎င်း၊ ပတ်ဝန်းကျင်၌ ရှိသောလူအမျိုးမျိုးတို့ကို၎င်း၊ စစ်တိုက်စေခြင်းငှါ၊ ငါ၏​ကျွန်ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာအစရှိသောမြောက်ပြည်သားအမျိုးမျိုးအပေါင်းတို့ကိုငါမှာလိုက်၍ဆောင်ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး၍၊ ဤပြည်သားတို့ကိုအံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အစဉ်အမြဲလူဆိတ်ညံရာဖြစ်စေမည်။ ၁၀ ဤသူတို့တွင်ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင်သတို့သား၏အသံ၊ သတို့သမီး၏အသံ၊ ကြိတ်ဆုံသံနှင့်မီးခွက်အလင်းကိုငါကွယ်ပျောက်စေမည်။ ၁၁ ဤပြည်တရှောက်လုံးသည်လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည်အနှစ်ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ရကြလိမ့်မည်။ [B]


ဗာဗုလုန်နိုင်ငံကိုဒဏ်ခတ်မည်

၁၂ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ ဗာဗုလုန်ရှင်ဘုရင်နှင့်သူ၏နိုင်ငံတည်းဟူသော၊ ခါလဒဲတိုင်းနိုင်ငံ၏အပြစ်ကြောင့်၊ ငါသည်သူတို့ကိုဒဏ်ပေး၍၊ ထိုနိုင်ငံကိုအစဉ်အမြဲလူဆိတ်ညံရာအရပ်ဖြစ်စေမည်။ ၁၃ ငါခြိမ်းသောစကားများတည်းဟူသော၊ ယေရမိသည်ခပ်သိမ်းသောတိုင်းနိုင်ငံတို့တဘက်၌ ဟောပြော၍၊ ဤစာ၌ ရေးထားသောစကားရှိသမျှတို့ကို၊ ခါလဒဲတိုင်းနိုင်ငံအပေါ်မှာငါသက်ရောက်စေမည်။ ၁၄ များစွာသောလူမျိုးတို့နှင့်ကြီးသောရှင်ဘုရင်တို့သည်ခါလဒဲပြည်သားတို့ကိုစေစားကြလိမ့်မည်။ သူတို့ကျင့်သောအကျင့်၊ သူတို့ကိုယ်တိုင်ပြုသောအမှုနှင့်အလျောက်၊ အကျိုးအပြစ်ကိုငါဆပ်ပေးမည်။


လူမျိုးအပေါင်းအမျက်တော်စပျစ်ရေသောက်စေ

၁၅ ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကလည်း၊ အမျက်တော်စပျစ်ရည်ဖလားကိုငါ့လက်မှခံယူလော့။ ငါသည်သင့်ကိုစေလွှတ်သောလူမျိုးအပေါင်းတို့ကိုသောက်စေလော့။ ၁၆ သူတို့အလယ်သို့ငါစေလွှတ်သောဓါးကြောင့်၊ သူတို့သည်သောက်၍ယစ်မူးတိမ်းယိမ်းခြင်းသို့ရောက်ကြလိမ့်မည်ဟုငါ့အားမိန့်တော်မူသည်အတိုင်း၊ ၁၇ ငါသည်ထာဝရဘုရား၏လက်တော်မှထိုဖလားကိုခံယူ၍၊ ထာဝရဘုရားသည်ငါ့ကိုစေလွှတ်တော်မူသောလူမျိုးအပေါင်းတို့ကိုသောက်စေ၏။ ၁၈ ထိုလူမျိုးများဟူမူကား၊ ယနေ့ရှိသည်အတိုင်းလူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ ကျိန်ဆဲရာဖြစ်စေခြင်းငှါ၊ သောက်ရသောယေရုရှလင်မြို့သူ၊ ယုဒပြည်သား၊ ယုဒရှင်ဘုရင်များ၊ မှူးမတ်များ၊ ၁၉ အဲဂုတ္တုပြည်ကိုအစိုးရသောဖါရောဘုရင်အစရှိသောသူ၏ကျွန်၊ မှူးမတ်၊ ပြည်သူပြည်သား၊ သူတို့နှင့်ရောနှောသောတပါးအမျိုးသားရှိသမျှ၊ ၂၀ ဥဇမင်းအပေါင်း၊ ဖိလိတ္တိမင်းအပေါင်း၊ အာရှကေလုန်ပြည်သား၊ ဂါဇပြည်သား၊ ဧကြုန်ပြည်သား၊ ကျန်ကြွင်းသောအာဇုတ်ပြည်သား၊ ၂၁ ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်ပြည်သား၊ ၂၂ တုရုမင်းအပေါင်း၊ ဇိဒုန်မင်းအပေါင်း၊ ပင်လယ်တဘက်၌ အစိုးရသောမင်းများ၊ ၂၃ ဒေဓန်ပြည်သား၊ တေမပြည်သား၊ ဗုဇပြည်သား၊ ပါးမုန်းကိုရိတ်တတ်သောပြည်သားရှိသမျှ၊ ၂၄ အာရပ်မင်းအပေါင်း၊ တော၌ နေ၍အမျိုးမစစ်သောလူများကိုအစိုးရသောမင်းအပေါင်း၊ ၂၅ ဇိမရိမင်းအပေါင်း၊ ဧလံမင်းအပေါင်း၊ မေဒိမင်းအပေါင်း၊ ၂၆ တပါးနှင့်တပါးနီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ မြောက်ပြည်မင်းရှိသမျှတို့နှင့် မြေကြီးတပြင်လုံး၌ ရှိသမျှသောလောကီနိုင်ငံအပေါင်းပါကြသတည်း။ နောက်ဆုံး၌ ရှေရှက်ရှင်ဘုရင်သောက်ရမည်။ ၂၇ သင်တို့အလယ်သို့ငါစေလွှတ်သောဓါးကြောင့်သောက်၍ယစ်မူးကြ။ အော့အန်ကြ၊ လဲကြ၊ နောက်တဖန်မထကြနှင့်ဟုဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြအရှင်ထာဝရဘုရားမိန့်တော်မူကြောင်းကိုသူတို့အားဆင့်ဆိုလော့။ ၂၈ သူတို့သည်သောက်ခြင်းငှါ၊ ထိုဖလားကိုသင်၏လက်မှမခံ၊ ငြင်းပယ်လျှင်လည်း၊ စင်စစ်သောက်ရကြမည် ၊ ဟုကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားမိန့်တော်မူကြောင်းကိုသူတို့အားပြန်ပြောလော့။ ၂၉ အကြောင်းမူကား၊ ငါ၏နာမဖြင့်သမုတ်သောမြို့ကိုငါသည်အပြစ်ပေးစပြုလျှင်၊ သင်တို့သည်ဒဏ်အလျှင်းမခံဘဲနေရကြမည်လော။ ဒဏ်မခံဘဲမနေရကြ။ ငါသည်မြေကြီးသားရှိသမျှတို့အဘို့ဓါးကိုမှာလိုက်မည်ဟုကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။


ထာ၀ရဘုရားကြွေးကြော်တော်မူမည်

၃၀ ထိုကြောင့်၊ သင်သည်ပရောဖက်ပြုလျက်သူတို့အားဟောပြောရသောစကားများဟူမူကား၊ ထာဝရဘုရားသည်မြင့်သော အရပ်ကကြွေးကြော်တော်မူမည်။ သန့်ရှင်းသောဘုံဗိမာန်တော်ကအသံကိုလွှင့်တော်မူမည်။ ကျိန်းဝပ်တော်မူရာအရပ်ဌာနတဘက် ၌ ပြင်းစွာကြွေးကြော်တော်မူမည်။ စပျစ်သီးကိုနင်းနယ်သောသူများအော်ဟစ်သကဲ့သို့၊ မြေကြီးသားများတဘက်၌ အော်ဟစ်တော်မူမည်။ ၃၁ မြေကြီးစွန်းတိုင်အောင်အသံနှံ့ပြားလိမ့်မည်။ ထာဝရဘုရားသည်လူအမျိုးမျိုးတို့နှင့်တရားတွေ့စရာအကြောင်းရှိ၍၊ ခပ်သိမ်းသောသတ္တဝါတို့ကိုအမှုလုပ်တော်မူမည်။ ဆိုးသောသူတို့ကိုဓါးနှင့်ကွပ်မျက်စေခြင်းငှါအပ်တော်မူမည်ဟုထာဝရ ဘုရားမိန့်တော်မူ၏။


ဘေးသည်တပြည်မှတပြည်ကူးဆက်မည်

၃၂ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဘေးသည်တပြည်မှတပြည်သို့ကူးသွားလိမ့်မည်။ မြေ ကြီးအစွန်းအနားတို့မှပြင်းစွာသောလေဘွေသည်ထလိမ့်မည်။ ၃၃ ထိုအခါထာဝရဘုရားကွပ်မျက်တော်မူခြင်းကို၊ ခံရသောသူတို့သည်မြေကြီးတဘက်မှတဘက်တိုင်အောင်နှံ့ပြားကြလိမ့်မည်။ သူတို့ကိုမမြည်တမ်းရ။ မစုမပုံရ။ မသင်္ဂြိုလ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ဖြစ်ကြလိမ့်မည်။ ၃၄ အိုသိုးထိန်းတို့၊ ငိုကြွေးအော်ဟစ်ကြလော့။ အိုသိုးကြီးသိုးမြတ်တို့ပြာ၌ လူးလှိမ့်လျက်နေကြလော့။ သင်တို့ကိုသတ်ရသောအချိန်ရောက်လေပြီ။ အရပ်ရပ်သို့ငါမောင်းသဖြင့်သင်တို့သည်အဘိုးထိုက်သောတန်ဆာကျ သကဲ့သို့ဖြစ်ရကြလိမ့်မည်။ ၃၅ သိုးထိန်းတို့သည်ပြေးစရာလမ်းမရှိ။ သိုးကြီးသိုးမြတ်တို့သည်လွတ်ရာလမ်းကိုရှာ၍မတွေ့ရကြ။ ၃၆ သိုးထိန်းများငိုကြွေးသံနှင့်သိုးကြီးသိုးမြတ်များမြည်သံကိုကြားရ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည်သူတို့ ကျက်စားရာအရပ်ကိုဖျက်ဆီးတော်မူ၏။ ၃၇ ထာဝရဘုရားသည်ပြင်းစွာအမျက်ထွက်တော်မူသောအားဖြင့်ငြိမ်ဝပ်စွာ နေရာအရပ်တို့သည်လည်းပယ်ရှင်းဖျက်ဆီးခြင်းကိုခံရကြ၏။ ၃၈ ခြင်္သေ့သည်နေတော်မူရာခြုံကိုစွန့်သကဲ့သို့၊ ညှဉ်းဆဲသောသူ၏ပြင်းထန်ခြင်း၊ ပြင်းစွာအမျက်ထွက်ခြင်းအားဖြင့်၊ သူတို့ပြည်သည်လူဆိတ်ညံရာအရပ်ဖြစ်ရ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.