-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၁၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၁၈


ယေရမိကို အိုးထိန်းသမားထံသွားခိုင်း
CROSS REFERENCES






ယေရမိသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ သင်သည်ထ၍ အိုးထိန်းသမားအိမ်သို့ သွားလော့။ ထိုအရပ်၌ ငါ့စကားကို ငါကြားစေမည်ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်သွား၍၊ အိုးထိန်းစက်နှင့်လုပ်လျက် ရှိသော အိုးထိန်းသမားကို တွေ့၏။ အိုးမြေဖြင့် လုပ်သောအိုးသည်၊ အိုးထိန်းသမားလက်၌ ပျက်စီးသောကြောင့်၊ သူသည် အလိုအလျောက် အသစ်ပြုပြင်၍၊ အခြားသောအိုးကို လုပ်ပြန်လေ၏။ ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုဣသရေလအမျိုး၊ အိုးထိန်းသမားပြုသကဲ့သို့ သင်တို့ကို ငါမပြုနိုင်သလော။ အိုဣသရေလအမျိုး၊ အိုးမြေသည် အိုးထိန်းသမားလက်၌ ရှိသကဲ့သို့၊ သင်တို့သည် ငါ့လက်၌ ရှိကြ၏။ [A]


ဘုရားနောင်တရမည်

အကြင်တိုင်းနိုင်ငံကို နှုတ်ပယ်ဖြိုချဖျက်ဆီးခြင်းငှါ ငါအမိန့်တော်ရှိ၏။ ငါ့အမိန့်တော်နှင့် ဆိုင်သော ထိုတိုင်းနိုင်ငံသည် မိမိဒုစရိုက်ကို စွန့်ပစ်လျှင်၊ ငါကြံစည်သော ဘေးဒဏ်ကို ငါနောင်တရမည်။ အကြင်တိုင်းနိုင်ငံကိုတည်ထောင်ပြုစုခြင်းငှါ ငါအမိန့်တော်ရှိ၏။ ၁၀ ထိုတိုင်းနိုင်ငံသည် ငါ့စကားကိုနားမထောင်၊ ငါ့မျက်မှောက်၌ ဒုစရိုက်ကိုပြုလျှင်၊ သူ၏အကျိုးအလိုငှါ ပြုစုမည်ဟူသော စကား၌ပါသော ကျေးဇူးကို ငါနောင်တရမည်။


သင်တို့လမ်းမှပြန်လာကြလော့

၁၁ ယခုမှာ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့အဘို့ဘေးဒဏ်ကို ငါပြင်ဆင်၏။ သင်တို့ကို ဆန့်ကျင်ဘက်ပြု၍ငါကြံစည်၏။ သို့ဖြစ်၍၊ ဆိုးသောလမ်းမှ အသီးအသီး ပြန်လာကြလော့။ သင်တို့လိုက်သော လမ်းနှင့် သင်တို့ကျင့်သောအကျင့်ကို ​ဖြောင့်စေကြလော့ဟု ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား ဆင့်ဆိုလော့။


သူတို့ကမြော်လင့်စရာမရှိဟုဆိုကြ

၁၂ သူတို့ကလည်း၊ မြော်လင့်စရာမရှိ။ ငါတို့သည်ကိုယ်အလိုသို့လိုက်မည်။ ငါတို့၌ ဆိုးသောစိတ်နှလုံးခိုင်မာခြင်းရှိသည်အတိုင်း၊ အသီးအသီးပြုမည်ဟုဆိုကြ၏။


ငါ၏လူတို့သည် ငါ့ကိုစွန့်ကြပြီ

၁၃ သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့သောအမှုကို အဘယ်သူ ကြားဘူးသနည်းဟု သာသနာပလူတို့တွင်မေးကြလော့။ ဣသရေလ သတို့သမီးကညာသည် အလွန်စက်ဆုပ်ရွံရှာဘွယ်သော အမှုကို ပြုလေပြီ။ ၁၄ လွင်ပြင်၌ ရှိသော ကျောက်ကိုမစွန့်၊ လေဗနုန်တောင်၏ မိုးပွင့်ကို အဘယ်သူစွန့်မည်နည်း။ အခြားတပါးသော အရပ်မှစီးလာ၍ ချမ်းဧသောမြစ်ရေသည် ခန်း​ခြောက်လိမ့်မည်လော။ ၁၅ ငါ၏လူတို့သည် ငါ့ကိုမေ့လျော့၍၊ အချည်းနှီးသော အရာရှေ့မှာနံ့သာပေါင်းကို မီးရှို့ကြပြီ။ ရှေးကာလမှစ၍ လိုက်ဘူးသောလမ်းတို့၌ လဲတတ်သောကြောင့်၊ အခြားသောလမ်း၊ မြေမဖို့သောလမ်းသို့လိုက်ကြပြီတကား။


ငါသည်သူတို့ကိုစွန့်၍ကျောပြမည်

၁၆ ထိုသို့ပြု၍၊ မိမိတို့ပြည်ကိုလူဆိတ်ညံရာအရပ်၊ အစဉ်ကဲ့ရဲ့သံကြားရာအရပ်ဖြစ်စေသဖြင့်၊ လမ်း၌ လျှောက်သွားသောသူ အပေါင်းတို့သည်အံ့ဩ၍၊ မိမိတို့ခေါင်းကိုညှိတ်ကြလိမ့်မည်။ ၁၇ ငါသည်အရှေ့လေကဲ့သို့သူတို့ကိုရန်သူရှေ့မှာလွင့်စေမည်။ ဘေးရောက်သောကာလ၌ သူတို့အားမျက်နှာကိုမပြ၊ ကျောကိုပြမည်။


ယေရမိကိုဆန့်ကျင်ကြ

၁၈ သူတို့ကလည်းလာကြ။ ယေရမိတဘက်၌ ကြံစည်ကြကုန်အံ့။ ယဇ်ပုရောဟိတ်သည်တရားအမှု၌ ၎င်း၊ ပညာရှိသောသူသည်အကြံပေးခြင်းအမှု၌ ၎င်း၊ ပရောဖက်သည်ဟောပြောခြင်းအမှု၌ ၎င်းအရှုံးမခံကြ။ လာကြ။ ယေရမိကိုလျှာနှင့်ရိုက်ကြကုန်အံ့။ သူ၏စကားကိုနားမထောင်ဘဲနေကြကုန်အံ့ဟုဆိုကြ၏။


သူတို့ကိုတရားစီရင်တော်မူပါ

၁၉ အိုထာဝရဘုရား၊ အ​ကျွန်ုပ်ကိုကြည့်ရှုတော်မူပါ။ အ​ကျွန်ုပ်နှင့်ရန်တွေ့သောသူတို့၏စကားကိုမှတ်တော်မူပါ။ ၂၀ ကျေးဇူးပြုသောအတွက်အပြစ်ပေးသင့်ပါမည်လော။ သူတို့သည်အ​ကျွန်ုပ်အသက်ဘို့တွင်းကိုတူးကြပါပြီ။ အ​ကျွန်ုပ်သည်သူတို့ အကျိုးအလိုငှါလျှောက်၍၊ သူတို့မှအမျက်တော်ကိုလွှဲခြင်းငှါ၊ ရှေ့တော်၌ ရပ်နေကြောင်းကိုအောက်မေ့တော်မူပါ။ ၂၁ ထိုကြောင့်၊ သူတို့ကိုဓါးဘေးသို့၎င်း၊ သူတို့သားသမီးများကိုမွတ်သိပ်ခြင်းသို့၎င်းအပ်တော်မူပါ။ သူတို့မိန်းမတို့သည်သားများဆုံး၍ မုဆိုးမဖြစ်ကြပါစေသော်။ လူကြီးတို့သည်အသေသတ်ခြင်းကိုခံရ၍၊ လူတို့လည်းစစ်တိုက်ပွဲ၌ ဓါးဖြင့်ဆုံးကြပါစေသော်။ ၂၂ စစ်တိုက်သောရန်သူများကိုသူတို့ရှိရာသို့ချက်ချင်းရောက်စေတော်မူသောအခါ၊ သူတို့အိမ်သားများအော်ဟစ်ကြပါစေ သော။ အကြောင်းမူကား၊ အ​ကျွန်ုပ်ကိုထောင်ခြင်းငှါ၊ တွင်းကိုတူးကြပါပြီ။ အ​ကျွန်ုပ်သွားရာလမ်း၌ ကျော့ကွင်းကိုဝှက်ထားကြပါပြီ။ ၂၃ အိုထာဝရဘုရား၊ အ​ကျွန်ုပ်အသက်ကိုသတ်ခြင်းငှါ၊ သူတို့ကြံစည်သမျှကိုကိုယ်တော်သိတော်မူ၏။ သူတို့ကို အပြစ်မှလွှတ်တော်မမူပါနှင့်။ မျက်မှောက်တော်၌ သူတို့အပြစ်ကိုချေတော်မမူပါနှင့်။ ရှေ့တော်၌ ဆုံးရှုံးကြပါစေသော်။ အမျက်တော်ထွက်သောအခါ၊ သူတို့ကိုစီရင်တော်မူပါ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.