-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၁၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၁၇


ယုဒအပြစ်ကိုဒဏ်ခတ်မည်

ယုဒအမျိုး၏ အပြစ်သည် သံကညစ်၊ စိန်ချွန်နှင့် သူတို့နှလုံးပြား၌၎င်း၊ ယဇ်ပလ္လင်ဦးချို၌၎င်း အက္ခရာတင်၍ မှတ်သားလျက်ရှိ၏။ သူငယ်တို့ပင် မြင့်သောတောင်ပေါ်၊ စိမ်းသောသစ်ပင်နားမှာ ရှိသော ယဇ်ပလ္လင်များ၊ အာရှရပင်ကို အောက်မေ့တတ်ကြ၏။ အချင်းငါ၏တောင်၊ လယ်၌ ရှိသောသင်၏ ဥစ္စာနှင့် သိုထားသမျှသော ဥစ္စာကို၎င်း၊ ပြည်တရှောက်လုံး၌ သင်ပြစ် မှားရာ၊ မြင့်သောအရပ်တို့ကို၎င်း၊ လုယူသောသူတို့ လက်သို့ငါအပ်မည်။ သင့်ကိုယ်တိုင်လည်း ငါပေးသော အမွေမှ ရွေ့သွားရလိမ့်မည်။ သင်မသိသော ပြည်တွင်၊ ရန်သူလက်၌ သင့်ကို ငါ​ကျွန်ခံစေမည်။ အကြောင်းမူကား၊ အစဉ်လောင်သော ငါ၏အမျက်မီးကို သင်တို့သည် မွေးကြပြီ။


ကျိန်အပ်သောသူနှင့် ကောင်းကြီးခံအပ်သောသူ
CROSS REFERENCES





CROSS REFERENCES






ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူ ဖြစ်၏။ [A] ထိုသူသည် လွင်ပြင်၌ ရှိသော သစ်ပင်​ခြောက်ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှ မနေသောဆားမြေ၊ သွေ့​ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။ ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိ ကိုးစားရာအကြောင်း ဖြစ်စေသောသူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သောသူ ဖြစ်၏။ [B] ထိုသူသည်ကား၊ ရေရှိသောအရပ်၌ စိုက်၍ မြစ်နားမှာအမြစ်ဖြာသဖြင့်၊ ပူသောအရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုးခေါင်သောကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲအသီးကို သီးတတ်သော အပင်နှင့်တူ၏။


စိတ်နှလုံး အလွန်စဉ်းလဲယိုယွင်း

စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကိုအဘယ် သူသိနိုင်သနည်း။ ၁၀ ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သောအကျိုးအပြစ်ကို ပေးခြင်းငှါ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။ ၁၁ ကောရငှက်သည် မိမိမဥသောဥကို ဝပ်သကဲ့သို့၊ မတရားသဖြင့် ဥစ္စာဆည်းဖူးသောသူသည် အသက်ပျိုစဉ်ကပင်၊ ဆင်းရဲခြင်းသို့ရောက်၍ အဆုံး၌ကား၊ လူမိုက်ဖြစ်လိမ့်မည်။


ထာ၀ရဘုရား စွန့်ပစ်သူ အရှက်ကွဲလိမ့်မည်
CROSS REFERENCES






၁၂ ရှေ့ဦးစွာမှစ၍ မြင့်သောအရပ်၌ ဘုန်းကြီးတော်မူသော ရာဇပလ္လင်သည် ငါတို့ သန့်ရှင်းရာ ဌာနတော်အရပ်ဖြစ်၏။ ၁၃ အိုဣသရေလ အမျိုး၏ မြော်လင့်စရာအကြောင်း ဖြစ်သော ထာဝရဘုရား၊ ကိုယ်တော်ကို စွန့်ပစ်သောသူ အပေါင်းတို့သည် အရှက်ကွဲရကြပါလိမ့်မည်။ ငါ့ထံမှ ထွက်သွားသောသူတို့သည် မြေစာရင်းသို့ ဝင်ရကြပါလိမ့်မည်။ အကြောင်းမူကား၊ အသက်စမ်းရေတွင်း တည်းဟူသော ထာဝရဘုရားကို စွန့်ပစ်ကြသတည်း။ [C]


အကျွန်ုပ်ကိုကယ်တော်မူပါ

၁၄ အိုထာဝရဘုရား အ​ကျွန်ုပ်၏ အနာကို ငြိမ်းစေတော်မူပါ။ သို့ပြုလျှင်၊ အ​ကျွန်ုပ်သည် အနာငြိမ်းပါလိမ့်မည်။ အ​ကျွန်ုပ်ကို ကယ်တင်တော်မူပါ။ သို့ပြုလျှင်၊ အ​ကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော်သည် အ​ကျွန်ုပ်ချီးမွမ်းရာ ဖြစ်တော်မူ၏။ ၁၅ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အဘယ်မှာ ရှိသနည်း။ ယခုလာပါစေတော့ဟု ဤသူတို့သည် အ​ကျွန်ုပ်အား ဆိုတတ်ကြပါ၏။ ၁၆ အ​ကျွန်ုပ်သည် နောက်တော်သို့ လိုက်သော ဆရာ၏အရာကို မရှောင်ပါ။ အမင်္ဂလာနေ့ကို မတောင့် တပါ။ အ​ကျွန်ုပ် ဟောပြောချက်ကို ကိုယ်တော် သိတော်မူ၏။ ကိုယ်တော်မျက်မှောက်၌ ရှိပါ၏။ ၁၇ အ​ကျွန်ုပ်ကို ထိတ်လန့် စေတော်မမူပါနှင့်။ ဘေးရောက်သော ကာလ၌ ကိုယ်တော်သည် အ​ကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ၏။ ၁၈ အ​ကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့သည် အရှက်ကွဲကြပါစေသော်။ အ​ကျွန်ုပ်မူကား၊ အရှက်မကွဲပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော်။ အ​ကျွန်ုပ်မူကား၊ စိတ်မပျက်ပါစေနှင့်။ သူတို့အပေါ်မှာ ဘေးအန္တယ်ရာယ် ကာလကိုရောက်စေတော်မူပါ။ အထပ်ထပ် ဖျက်ဆီးတော်မူပါ။


ဥပုသ်နေ့စောင့်ကိုစောင့်ကြပါ
CROSS REFERENCES






၁၉ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ယုဒရှင်ဘုရင် ထွက်ဝင်သော အမျိုးသားချင်း မြို့တံခါးမှစ၍၊ ခပ်သိမ်းသော ယေရုရှလင်မြို့ တံခါးဝ၌ သွား၍ရပ်လျက်၊ ၂၀ လူများတို့အားပြောဆိုရမည်မှာ၊ ဤတံခါးတို့ဖြင့်ထွက်ဝင်သော ယုဒရှင်ဘုရင်များနှင့် ယုဒပြည်သူ ယေရုရှလင်မြို့သား များအပေါင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ၂၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဥပုသ်နေ့၌ [D] ဝန်ကိုမထမ်းမရွက်၊ ယေရုရှလင်မြို့ တံခါးဖြင့် မဆောင်မသွင်းမည်အကြောင်း၊ သတိပြုကြလော့။ ၂၂ ဥပုသ်နေ့၌ သင်တို့အိမ်ထဲက ဝန်ကို မထုတ်မဆောင်ကြနှင့်။ အဘယ်အလုပ်ကိုမျှ မလုပ်ကြနှင့်။ သင်တို့ဘိုးဘေးများကို ငါမှာထားသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေကြလော့။ ၂၃ ဘိုးဘေးတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲ နေကြ၏။ နားမကြား၊ ဆုံးမခြင်းကို မခံမည်အကြောင်း၊ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။ ၂၄ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဥပုသ်နေ့၌ ဤမြို့တံခါးဖြင့်ဝန်ကို မသွင်းမဆောင်၊ အဘယ်အလုပ်ကိုမျှ မလုပ်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည်တိုင်အောင်၊ ငါ့စကားကို စေ့စေ့နားထောင်လျှင်၊ ၂၅ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သောရထားစီး၊ မြင်းစီးရှင်ဘုရင်၊ မင်းသားမှစ၍၊ သူတို့မှူးမတ်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် ဤမြို့တံခါးများသို့ ဝင်လျက် ရှိကြလိမ့်မည်။ ဤမြို့သည်လည်း အစဉ်အမြဲ တည်လိမ့်မည်။ ၂၆ မီးရှို့ရာယဇ်မှစ၍ အခြားသောယဇ်များ၊ ပူဇော်သက္ကာများ၊ မီးရှို့ရာနံ့သာပေါင်း၊ ချီးမွမ်းရာယဇ်တို့ကို ထာဝရဘုရား၏ အိမ်တော်သို့ ဆောင်ခဲ့သောသူတို့သည် ယုဒမြို့များ၊ ယေရုရှလင်မြို့ ပတ်ဝန်ကျင်အရပ်များ၊ ဗင်္ယာမိန်ပြည်၊ မြေညီခရိုင်၊ တောင်ရိုးခရိုင်၊ တောင်မျက်နှာခရိုင်မှ လာကြလိမ့်မည်။ ၂၇ သို့မဟုတ်၊ ဥပုသ်နေ့၌ ဝန်ကိုထမ်းရ၍ ယေရုရှလင်မြို့ တံခါးများသို့မဝင်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည်တိုင်အောင်၊ သင်တို့သည် ငါ့စကားကို နားမထောင်လျှင်၊ ငါသည် ထိုမြို့တံခါးတို့ကိုမီးရှို့၍၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင်မြို့ ဘုံဗိမာန်တို့ကို လောင်ရလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.