-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၁၂


မတရားသောသူတို့ အဘယ်ကြောင့် အောင်မြင်ကြသနည်း

အိုထာဝရဘုရား၊ အ​ကျွန်ုပ်သည် ကိုယ်တော်နှင့် တရားစကားကို ဆွေး​နွေးသောအခါ၊ ကိုယ်တော်သည် တရားတော်မူ၏။ သို့သော်လည်း၊ စစ်ကြောစီရင် တော်မူခြင်းအကြောင်းကို မေးလျှောက်ပါမည်။ မတရားသောသူတို့သည် အဘယ်ကြောင့်အကြံမြောက်ရ ကြပါသနည်း။ အလွန်သစ္စာပျက်သော သူအပေါင်းတို့သည် အဘယ်ကြောင့် ချမ်းသာရကြပါသနည်း။ ကိုယ်တော်သည် သူတို့ကို စိုက်တော်မူသဖြင့်၊ သူတို့သည် အမြစ်ကျ၍ ကြီးပွါးလျက် အသီးကို သီးကြပါ၏။ ကိုယ်တော်သည်သူတို့နှုတ်နှင့်နီး၍ နှလုံးနှင့် ဝေးတော်မူ၏။


မတရားသောသူတို့ကို ဆွဲထုတ်တော်မူပါ

အိုထာဝရဘုရား၊ ကိုယ်တော်သည် အ​ကျွန်ုပ်ကို သိမြင်တော်မူ၏။ အ​ကျွန်ုပ်သည် ကိုယ်တော်နှင့် သဘောတူကြောင်းကိုစစ်ကြောတော်မူပြီ။ သိုးတို့ကို ထုတ်သကဲ့သို့၊ ထိုမတရားသောသူတို့ကို အသေသတ်ခြင်းငှါ ဆွဲထုတ်တော်မူပါ။ သတ်ရသောနေ့အဘို့ ပြင်ဆင်တော်မူပါ။ ပြည်သားများပြုသော ဒုစရိုက်အပြစ်ကြောင့်၊ ပြည်သည် အဘယ်မျှ ကာလပတ်လုံး မြည်တမ်းရပါအံ့နည်း။ အရပ်ရပ်တို့၌ ရှိသော မြက်ပင်သည် အဘယ်မျှ ကာလပတ်လုံး ညှိုးနွမ်းရပါအံ့နည်း။ ငါတို့ခံရသော အကျိုးအပြစ်ကို ဘုရားသခင် မသိမမြင်ဟု ပြည်သားများ ဆိုသောကြောင့်၊ သားများနှင့် ငှက်များတို့သည် ပျောက်ပျက်ကြပါပြီ။ သင်သည် ခြေသည်တို့နှင့် ပြိုင်ပြေး၍ မောလျှင်မြင်းတို့နှင့် အဘယ်သို့ ပြိုင်နိုင်မည်နည်း။ စိုးရိမ်ခြင်းမရှိ၊ ငြိမ်ဝပ်စွာ နေရသောပြည်၌ မောလျှင်၊ ယော်ဒန်မြစ်၏ ဂုဏ်အသရေထဲမှာ အဘယ်သို့ ပြုလိမ့်မည်နည်း။ သင်၏ညီအစ်ကို၊ အဘ၏ အိမ်သူအိမ်သားတို့ပင် သင့်ကို သစ္စာဖျက်၍၊ သင့်နောက်သို့ အော်ဟစ်လျက် လိုက်ကြ၏။ သူတို့သည်ကောင်းသော စကားကို ပြောသော်လည်း မယုံနှင့်။


အဘယ်သူမျှချမ်းသာမရ
CROSS REFERENCES






ငါသည် ကိုယ်အိမ်ကိုစွန့်၍၊ ကိုယ်အမွေကို ပစ်ထားပြီ။ ငါအလွန်ချစ်သော အစ်မကိုသူ၏ ရန်သူ လက်သို့အပ်နှံပြီ။ ငါ့အမွေသည် တော၌ တွေ့သောခြင်္သေ့ကဲ့သို့ ငါ့အားဖြစ်၍၊ ငါ့ကိုဟောက်သောကြောင့် ငါမုန်းလေ၏။ ငါ့အမွေသည် ဇဘောသားရဲကဲ့သို့ ငါ့အားဖြစ်၏။ ပတ်လည်၌ ရှိသော သားရဲတို့သည် တိုက်ကြ၏။ လာကြ။ တောသားရဲအပေါင်းတို့၊ စည်းဝေးကြ။ ကိုက်စားခြင်းငှါ လာကြစေ။ ၁၀ များစွာသော သိုးထိန်းတို့သည် ငါ့စပျစ်ဥယျာဉ်ကို ဖျက်ဆီးကြပြီ။ [A] ငါရထိုက်သော အဘို့ကို ကျော်နင်းကြပြီ။ ငါရထိုက်သော နှစ်သက်ရာအဘို့ကို လူဆိတ်ညံ့ရာ တောဖြစ်စေကြပြီ။ ၁၁ သုတ်သင် ပယ်ရှင်းသောကြောင့်၊ လူဆိတ်ညံ့လျက်ရှိ၍၊ ငါ့အား ညည်းတွားလေ၏။ တပြည်လုံး ပျက်စီးသော်လည်း၊ အဘယ်သူမျှ ပမာဏာမပြုတတ်။ ၁၂ တော၌ မြင့်သော အရပ်အလုံးစုံတို့အပေါ်မှာ လုယက်သော သူတို့သည် တက်ကြပြီ။ အကယ်စင်စစ် ပြည်စွန်းတဘက်မှ တဘက်တိုင်အောင် ထာဝရဘုရား၏ ထားတော်သည် ဖျက်ဆီးသဖြင့်၊ အဘယ်သူမျှ ချမ်းသာမရ။ ၁၃ သူတို့သည် ဂျုံစပါးမျိုးစေ့ကိုကြဲ၍ ဆူးပင်ကို သာရိတ်ရကြ၏။ ပင်ပန်းစွာ ကြိုးစားသော်လည်း ကျေးဇူးမရှိကြ။ ထာဝရဘုရား၏ အမျက်တော်အရှိန်ကြောင့်၊ မိမိတို့ခံရသော အကျိုးကိုထောက်၍ ရှက်ကြလိမ့်မည်။


နားမထောင်သော လူမျိုးကို ရှင်းရှင်းဖျက်ဆီးမည်
CROSS REFERENCES






၁၄ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါပေးသနား၍၊ ငါ၏လူ ဣသရေလ အမျိုးပိုင်ထိုက်သော အမွေကို ထိခိုက်သော၊ ငါ၏ အိမ်နီးချင်းဆိုး အပေါင်းတို့ကို၊ သူတို့ပြည်ထဲက ငါနှုတ်မည်။ သူတို့ထဲကလည်း ယုဒအမျိုးကို ငါနှုတ်မည်။ ၁၅ နှုတ်ပြီးမှ တဖန် ငါသနား၍၊ အသီးအသီးတို့ကို မိမိတို့ ပိုင်ထိုက်သောမြေ၊ မိမိတို့နေရင်းပြည်သို့ ငါပြန်ပို့မည်။ [B]၁၆ ဗာလဘုရားကို တိုင်တည်၍ ကျိန်ဆိုစေခြင်းငှါ၊ သူတို့သည် ငါ၏လူမျိုးကို သွန်သင်ဘူးသည်နည်းတူ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု ငါ၏နာမကို တိုင်တည်၍ ကျိန်ဆိုခြင်းငှါ၊ ငါ့လူမျိုး၏ ဘာသာဓလေ့ကို ကြိုးစား၍သင်လျှင်၊ ငါ၏လူမျိုးထဲ၌ သူတို့ကို ငါတည်စေမည်။ ၁၇ သို့မဟုတ်၊ နားမထောင်ဘဲနေလျှင်၊ နားမထောင်သော လူမျိုးကို ငါသည် ရှင်းရှင်းနှုတ်ပယ်ဖျက်ဆီးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.