-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၁၀


သာသနာပလူ တို့ကဲ့သို့ မဖြစ်ကြနှင့်

အိုဣသရေလ အမျိုးသားတို့၊ သင်တို့အား ထာဝရဘုရား မိန့်တော်မူသော စကားကို နားထောင်ကြလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သာသနာပလူတို့၏ ဘာသာဓလေ့၌ မကျင်လည်ကြနှင့်။ သာသနာပလူတို့ ထိတ်လန့်ကြောက်တတ်သော မိုးကောင်းကင် နိမိတ်တို့မှ မထိတ်လန့် မကြောက်ကြနှင့်။ လူအမျိုးမျိုးကျင့်သော အကျင့်ဓလေ့တို့သည် အချည်းအနှီးဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ သူတို့သည်တော၌ သစ်ပင်ကို ခုတ်လှဲ၍၊ ပုဆိန်နှင့် လုပ်တတ်သော လက်သမား၏ လက်ရာဖြစ်သော၊ ရွှေငွေနှင့် လှပစွာချယ်လှယ်ပြီးလျှင်၊ မလှုပ်ရှားစေခြင်းငှါ သံချွန်ကိုတူနှင့်ရိုက်ထားကြ၏။ သူသည် စွန်ပလွံပင်ကဲ့သို့ခိုင်မာ၍ စကားမပြောတတ်။ မိမိအလိုအလျောက် မသွားနိုင်သောကြောင့်၊ ထမ်း၍သွားရ၏။ ထိုအရာတို့ကို မကြောက်ကြနှင့်။ အန္တရာယ်ကို မပြုနိုင်။ ကျေးဇူးကိုလည်း မပြုနိုင်။


ကိုယ်တော်နှင့် အဘယ်သူမျှ မတူပါ
CROSS REFERENCES






အိုထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူမျှ မတူပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော်သည်လည်း၊ တန်ခိုးတော်အားဖြင့် ကြီးမြတ်တော်မူ၏။ အိုလူအမျိုးမျိုးတို့၏ဘုရင်၊ ကိုယ်တော်ကို ကြောက်သင့်သည်ဖြစ်၍၊ အဘယ်သူသည် မကြောက်ဘဲ နေရပါမည်နည်း။ [A] အမျိုးမျိုးသော ပညာရှိအပေါင်းတို့၌၎င်း၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့၌၎င်း ကိုယ်တော်နှင့်တူသောသူ တစုံတယောက်မျှ မရှိပါ။ သူတို့သည် တလုံးတဝတည်း တိရစ္ဆာန်သဘောနှင့် မိုက်သော သဘောရှိကြ၏။ သစ်သားသော်လည်း မိုက်သော အယူအဆကို ဆုံးမတတ်၏။ ထုလုပ်တတ်သောသူ၊ သွန်းတတ်သောသူ၏ လက်လုပ်ရာငွေပြားကိုတာရှုမြို့မှ၎င်း၊ ရွှေကိုလည်း ဥဖတ်မြို့မှ၎င်း၊ ဆောင်ခဲ့တတ်၏။ ပြာသောအထည်၊ မောင်းသောအထည် နှင့်ခြုံတတ်၏။ လိမ္မာသောသူ လုပ်ရာသက်သက် ဖြစ်သတည်း။


ထ၀ရဘုရားသာ မှန်သောဘုရား

၁၀ ထာဝရဘုရားမူကား၊ မှန်သောဘုရား၊ အသက်ရှင်သောဘုရား၊ နိစ္စထာဝရဘုရင် ဖြစ်တော်မူ၏။ အမျက်တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ၏။ လူအမျိုးမျိုးတို့သည် အမျက်တော်ကို မခံနိုင်ကြ။ ၁၁ သာသနာပလူတို့အား ပြောရသောစကားဟူမူကား၊ ကောင်းကင်နှင့် မြေကြီးကို မဖန်ဆင်းသော ဘုရားတို့သည် ဤကောင်းကင်အောက်၊ ဤမြေကြီးပြင်မှကွယ်ပျောက်ကြလိမ့်မည်။ ၁၂ ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ပညာတော်အားဖြင့် လောကဓါတ်ကို တည်တော်မူပြီ။ ဥာဏ်တော်အားဖြင့် မိုးကောင်းကင်ကို ကြက်တော်မူပြီ။ ၁၃ အသံတော်ကိုလွှတ်တော်မူသောအခါ၊ မိုးရေအသံဗလံ ဖြစ်တတ်၏။ မြေကြီးစွန်းမှ မိုးတိမ်ကို တက်စေတော်မူ၏။ မိုးရွာသည်နှင့် လျှပ်စစ်ပြက်စေတော်မူ၏။ လေကိုလည်း၊ ဘဏ္ဍာတော် တိုက်ထဲက ထုတ်တော်မူ၏။


လူသည် တိရစ္ဆာန်ကဲ့သို့ဖြစ်

၁၄ လူမည်သည်ကား၊ မိမိဥာဏ်အားဖြင့် တရစ္ဆာန်ကဲ့သို့ ဖြစ်၏။ ရုပ်တုကို သွန်းသောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက်ရှိ၏။ အကြောင်းမူကား၊ သွန်းသော ရုပ်တုသည် မုသာဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက်မရှိ။ ၁၅ ထိုသို့သောအရာတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ လှည့်စားသော အရာလည်း ဖြစ်ကြ၏။ စစ်ကြောခြင်းကိုခံရသည်ကာလ၌ ကွယ်ပျောက်ကြလိမ့်မည်။ ၁၆ ယာကုပ်အမျိုး၏ အဘို့သည် ထိုသို့သောအရာနှင့် တူတော်မမူ။ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသော ဘုရားဖြစ်တော်မူ၏။ ဣသရေလအမျိုးသည် အမွေခံတော်မူရာဖြစ်၏။ နာမတော်သည် ကောင်းကင် ဗိုလ်​ခြေရှင် ထာဝရဘုရားပေတည်။


လောက်လွှဲစာ ပစ်သကဲ့သို့ပစ်မည်

၁၇ အိုရဲတိုက်၌ နေသောသူ၊ မြေပေါ်မှာရှိသော သင်၏ ဥစ္စာပရိကံများကို စုသိမ်းလော့။ ၁၈ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုပင်ငါသည် လောက်လွှဲစာကို ပစ်သကဲ့သို့၊ ပြည်သားများကို လောက်လွှဲထဲက ပစ်၍၊ ရန်သူတို့လက်သို့ရောက်စေခြင်းငှါ ညှဉ်းဆဲမည်ဟု မိန့်တော်မူ၏။


ငါသည် ချိုးဖျက်ခြင်းခံ၍ အမင်္ဂလာ

၁၉ ငါသည် ချိုးဖျက်ခြင်းကို ခံရသောကြောင့် အမင်္ဂလာရှိ၏။ ငါ့အနာပြင်းလှ၏။ သို့သော်လည်း၊ ငါတွေ့သောဤ ဒုက္ခဝေဒနာကို ဆက်ဆက်ခံရမည်ဟု ငါဆို၏။ ၂၀ ငါ့တဲလည်းပျက်၏။ ငါ့ကြိုးရှိသမျှတို့လည်း ပြတ်ကြ၏။ ငါ့သားတို့လည်း ငါ့ထံမှထွက်သွား၍ ပျောက်ကြ၏။ နောက်တဖန် ငါ့တဲကို ဆောက်ရသောသူ၊ ငါ့ကုလားကာတို့ကို ဆွဲကာရသောသူမရှိ။


သိုးထိန်းတို့သည် တိရစ္ဆာန်သဘောရှိ

၂၁ အကြောင်းမူကား၊ သိုးထိန်းတို့သည် တိရစ္ဆာန်သဘောရှိ၍၊ ထာဝရဘုရားကို မရှာဖွေသောကြောင့် အကြံမမြောက်ရကြ။ [B] သိုးစုအပေါင်းတို့သည် အရပ်ရပ်သို့ ကွဲပြားရကြ၏။ ၂၂ အသံကိုကြားရ၏။ အနီးသို့လာ၏။ ယုဒမြို့တို့ကို ဖျက်ဆီး၍ မြေခွေးနေရာ တွင်းဖြစ်စေခြင်းငှါ၊ ကြီးသောအသံဗလံသည် မြောက်မျက်နှာက လာ၏။


လူသည် မိမိသွားရာလမ်းကို
CROSS REFERENCES






၂၃ အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို အစိုးရဘို့မဟုတ်။ သွားစဉ်အခါ မိမိ​ခြေရာတို့ကို မစီရင်တတ်သည်ကိုအ​ကျွန်ုပ် သိပါ၏။ ၂၄ အိုထာဝရဘုရား၊ အ​ကျွန်ုပ်ကို ဆုံးမတော်မူလျှင်၊ အကျိုးနည်းစေခြင်းငှါ အမျက်ထွက်တော် မမူပါနှင့်။ တရားတော်အတိုင်းသာ [C] ဆုံးမတော်မူပါ။ ၂၅ ကိုယ်တော်ကို မသိသော တပါးအမျိုးသား တို့အပေါ်သို့၎င်း၊ နာမတော်ကို ပဌနာမပြုသော အမျိုးအနွယ်တို့ အပေါ်သို့၎င်း၊ အမျက်တော်ကို သွန်းလောင်းတော်မူပါ။ အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကို အကုန်အစင် ကိုက်စား၍၊ သူ၏နေရာကို သုတ်သင် ပယ်ရှင်းကြပါပြီ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.