၂ ထာဝရဘုရား၏ နှုတ်ကပတ်တော် အတိုင်း၊ ယဇ်ပလ္လင်တဖက်၌ ကြွေးကြော်လျက်၊ အိုယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်းမျိုး၌ ယောရှိ အမည်ရှိသောသူကို ဖွားမြင်လိမ့်မည်။ သင့်အပေါ်မှာ နံ့သာပေါင်းကို မီးရှို့၍၊ မြင့်သောအရပ်၌ ယဇ်ပုရောဟိတ် လုပ်သောသူတို့ကို ထိုသူသည် သင့်အပေါ်မှာ ပူဇော်၍၊ လူသေအရိုးတို့ကို မီးရှို့လိမ့်မည်၊ ဟုမိန့်တော်မူကြောင်းကို ဆင့်ဆို၏။
၂၄ အာမုန်မင်းကြီး တဘက်၌ သင်းဖွဲ့သောသူ အပေါင်းတို့ကို၊ ပြည်သူ ပြည်သားတို့သည် ကွပ်မျက်၍၊ သားတော် ယောရှိကို ခမည်းတော်အရာ၌ နန်းတင်ကြ၏။
၁ ယောရှိသည် အသက် ရှစ်နှစ် ရှိသော် နန်းထိုင်၍၊ ယေရုရှလင်မြို့၌ သုံးဆယ့်တစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဗောဇကတ်မြို့သား အဒါယ၏သမီး ယေဒိဒအမည်ရှိ၏။
၁ ယောရှိသည် အသက် ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ အသက် သုံးဆယ် တနှစ်စိုးစံလေ၏။
၁၀ မောရှေကလည်း၊ အိုဘုရားရှင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်းမရှိပါ။ ကိုယ်တော်ကျွန်အား မိန့်တော်မူသောအခါ၌ပင် မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေး ပြောတတ်သောသူ ဖြစ်ပါ၏၊ ဟုထာဝရဘုရားအား လျှောက်ဆို၏။
၁၂ မောရှေကလည်း၊ ဣသရေလ အမျိုးသားတို့သည် အကျွန်ုပ်ပြောသော စကားကို နားမထောင်ဘဲ နေသည်ဖြစ်၍၊ အရေဖျားလှီးခြင်းကိုမခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ်၏စကားကို ဖာရောမင်းသည် အဘယ်သို့ နားထောင်ပါမည်နည်း၊ ဟုထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။
၃၀ မောရှေကလည်း၊ အကျွန်ုပ်သည် အရေဖျားလှီးခြင်းကို မခံသော နှုတ်ရှိသည်ဖြစ်၍၊ ဖာရောဘုရင်သည် အကျွန်ုပ်စကားကို အဘယ်သို့ နားထောင်ပါလိမ့်မည်နည်း၊ ဟုထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။
၆ အချင်းလူသား သင်သည် ဆူးပင်အမျိုးမျိုးနှင့် တွေ့၍၊ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကို မကြောက်နှင့်။ သူတို့ စကားကိုလည်း မကြောက်နှင့်။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သူတို့စကားကို မကြောက်နှင့်။ သူတို့ မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်၊
၉ သင်၏နဖူးကို ကျောက်ထက်မက စိန်ထက်သာ၍ ခိုင်မာစေပြီ။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သင်သည် မကြောက်နှင့်။ သူတို့ မျက်နှာရည်ကြောင့် သင်စိတ်မပျက်နှင့်၊ ဟုမိန့်တော်မူ၏။
sနားထောင်သည် ဖြစ်စေမထောင်သည် ဖြစ်စေဟောပြောလော့
၁၂ ဘုရားသခင်က၊ အကယ်စင်စစ် ငါသည် သင့်ဘက်၌ ရှိလိမ့်မည်။ ငါသည် သင့်ကို စေလွှတ်ခြင်း လက္ခဏာ သက်သေဟူမူကား၊ သင်သည် ထိုလူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ပြီးလျှင်၊ ဤတောင်ပေါ်မှာ ဘုရားသခင်အား ဝတ်ပြုရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။
၆ အားယူ၍ ရဲရင့်ခြင်း ရှိကြလော့၊ မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ ဘုရားသခင်ဖြစ်၍၊ သင်တို့နှင့်အတူ ကိုယ်တိုင် ကြွတော်မူမည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ၊ ဟုဟောပြော၏။
၅ သင့်အသက် တည်သည် ကာလပတ်လုံး သင့်ရှေ့မှာ အဘယ်သူမျှ မခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိသကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည်။ ငါသည် သင့်ကိုမစွန့်၊ သင့်ကို ပစ်၍မထား။
၂၀ ငါသည်လည်း သင့်ကို ဤလူမျိုးတဘက်၌ ခိုင်ခံ့သော ကြေးဝါမြို့ရိုးဖြစ်စေမည်။ သူတို့သည် သင့်ကိုတိုက်၍ မနိုင်ရကြ။ ငါသည် သင့်ကို နှုတ်ယူကယ်တင်ခြင်းငှါ သင့်ဘက်၌ နေမည်။
၆ ထိုကြောင့် ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည် ဖြစ်၍၊ လူသည်ငါ၌ ပြုနိုင်သမျှကို မကြောက်။ ဟုငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့်ရှိကြ၏။
s နှုတ်ကပတ်ဟောသောသူများ၏ယုံကြည်ခြင်းမှီအောင်လိုက်လော့
၇ ငါ့နှုတ်ကိုတို့ပြီးလျှင်၊ ဤမီးခဲသည် သင်၏နှုတ်ခမ်းကို တွေ့ပြီ။ သင်၏ဒုစရိုက်ကို သုတ်သင်ပြီ။ သင်၏ အပြစ်လည်း ပြေရှင်းပြီဟုဆို၏။
sငါတို့အတွက် အဘယ်သူသွားမည်နည်း
၃၃ ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲက ခေါ်၍၊ ဆိတ်ကွယ် ရာအရပ်သို့ သွားပြီးလျှင်၊ လက်ညှိုးတော်ကို သူ၏နားပေါက်၌ သွင်းတော်မူ၏။ တံထွေးနှင့်ထွေး၍၊ သူ၏လျှာကိုလည်း တို့တော်မူ၏။
၁၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ ယေရမိ၊ သင်သည်အဘယ်အရာကို မြင်သနည်း၊ ဟုမေးတော်မူလျှင်ငါက၊ အကျွန်ုပ်သည် ဗာတံကိုင်းကိုမြင်ပါ၏၊ ဟုလျှောက်သော်၊
၁၃ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်၍၊ သင်သည်အဘယ်အရာကို မြင်သနည်း၊ဟုမေးတော်မူလျှင်၊ ငါက၊ အကျွန်ုပ်သည် ဆူပွက်သောအိုးကင်းကို မြင်ပါ၏။ မြောက်ဘက်သို့ မျက်နှာပြုလျက်ရှိပါ၏၊ ဟုလျှောက်လျှင်၊
၃ ထာဝရဘုရားကလည်း၊ ယေရမိ၊ သင်သည် အဘယ်အရာကို မြင်သနည်း၊ ဟုမေးတော်မူလျှင်၊ အကျွန်ုပ်သည် သင်္ဘောသဖန်းသီးကိုမြင်ပါ၏။ ကောင်းသော သင်္ဘောသဖန်းသီးသည် အလွန်ကောင်းပါ၏။ ညံ့သော သင်္ဘောသဖန်းသီးသည် မစားနိုင်အောင် အလွန်ညံ့ပါသည်၊ ဟုပြန်လျှောက်၏။
sသိမ်းသွားခြင်းခံသူတို့ ကောင်းသောသဖန်းသီး
၈ အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်း၊ ဟုမေးတော်မူလျှင်၊ ချိန်ကြိုးကိုမြင်ပါသည်၊ ဟုလျှောက်သော်၊ ဘုရားရှင်က၊ ငါ၏လူ ဣသရေလ အမျိုးအလယ်၌ ချိန်ကြိုးကို ငါချမည်။ နောင်တဖန် သူတို့ကို သည်းမခံ။
၂ အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်း၊ ဟု မေးတော်မူလျှင်၊ နွေကာလအသီးပါသော တောင်းကို မြင်ပါသည်၊ ဟုငါလျှောက်သော်၊ ထာဝရဘုရားက၊ နောက်ဆုံးကာလသည် ငါ၏လူ ဣလရေလအမျိုး၌ ရောက်လေပြီ။ နောက်တဖန် သူတို့ကိုသည်း မခံ။
၂ သင်သည် အဘယ်အရာကို မြင်သနည်း၊ ဟုမေးလျှင်၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု၍ ရွှေအတိပြီးသော ဆီမီးခုံကိုမြင်ပါ၏။ မီးခုံတိုင်အဖျား၌ ဆီအိုးတလုံး၊ မီးခွက်ခုနစ်လုံး၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံးဆက်သော ပြွန်တံခုနစ်တံရှိပါ၏။