-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၉


ဇာဗုလုန်နှင့်နဿလိခိုင်၌ ကြီးစွာသောအလင်းမြင်
CROSS REFERENCES






သို့သော်လည်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသောပြည်သည် နောက်မှ မှောင်မိုက်နှင့် ကင်းလွတ်လိမ့်မည်။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချတော်မူသော်လည်း၊ နောက်တဖန် အိုင်နားရှောက်သောလမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာ၊ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏။ မှောင်မိုက်ထဲမှာ သွားလာသော လူများတို့သည် ကြီးစွာသော အလင်းကိုမြင်ရ၍၊ သေမင်း၏ နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၌ အလင်း ပေါ်ထွန်းလျက်ရှိ၏။ [A] ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ၍၊ သူတို့၏ ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏။ စပါးကို စုသိမ်းရာ ကာလ၌ ဝမ်းမြောက်သကဲ့သို့၎င်း၊ လုယူသော ဥစ္စာကို ဝေသောသူ ဝမ်းမြောက်သကဲ့သို့၎င်း၊ ရှေ့တော်၌ သူတို့သည် ဝမ်းမြောက်ကြပါ၏။ [B] အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော်မူသကဲ့သို့၊ [C] ကိုယ်တော်သည် သူတို့ထမ်းရသော ထမ်းပိုး၊ ကျော၌ ခံရသောတုတ်ကို၎င်း၊ ညှဉ်းဆဲသောသူ၏ လှံတံကို၎င်း ချိုးတော်မူပြီ။ စစ်တိုက်သော သူရဲ၏ခြေစွပ်နှင့် အသွေးလူးသော အဝတ်တန်ဆာ ရှိသမျှတို့သည် မီးရှို့ဘို့ မီးဇာဖြစ်ရကြလိမ့်မည်။


ငါတို့အဘို့ သူငယ်ကိုဖွားမြင်
CROSS REFERENCES





CROSS REFERENCES






အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဖွားမြင်၏။ [D] ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ [E] နာမတော်မူကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်၊ ဟုခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာ ထိုင်၍ [F] နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း [G] ဖြောင့်မတ်စွာ စီရင်၍ အမြဲတည် စေတော်မူမည်အကြောင်း၊ အာဏာတော် တိုးတက်ခြင်းနှင့်၊ ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲ ရှိလိမ့်မည်။ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။


ဘုရား၏အမျက်တော်

ထာဝရဘုရားသည် ဗျာဒိတ်တော်ကို ယာကုပ်အမျိုးသို့လွှတ်၍၊ ဣသရေလ အမျိုးအပေါ်မှာ သက်ရောက်စေတော်မူ၏။ အုတ်ရိုးပြိုသော်လည်း၊ ဆစ်သောကျောက်နှင့် တည်ပြန်မည်။ ၁၀ သဖန်းပင်များကို ခုတ်လှဲသော်လည်း၊ သူတို့အရာ၌ အာရဇ်ပင်များကို စိုက်ထားမည်ဟု [H] မာနကြီးမားထောင်လွှားသော ရှမာရိမြို့သားမှစ၍ ဧဖရိမ် လူအပေါင်းတို့သည် သိရကြလိမ့်မည်။ ၁၁ ထာဝရဘုရာသည်လည်း၊ ထိုသူတို့တဘက်၌ ရေဇိန်မင်း၏ ရန်သူတို့ကို ချီးမြှောက်၍၊ ဧဖရိမ်အမျိုး၏ ရန်သူတို့ကို ထစေတော်မူသဖြင့်၊ ၁၂ ရှေ့ ၌ ကားရှုရိလူ၊ နောက်၌ ကားဖိလိတ္တိလူတို့သည် ပါးစပ်ဟ၍၊ ဣသရေလ အမျိုးကို ကိုက်စားကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်ကျင်လျက်ရှိသေး၏။


ထာ၀ရဘုရားကို မရှာဖွေတတ်ကြ
CROSS REFERENCES





CROSS REFERENCES






၁၃ ဤလူမျိုးသည် ဒဏ်ခတ်တော်မူသောသူ ထံသို့ပြန်မလှည့်၊ [I] ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ်။ [J] ၁၄ ထိုကြောင့်၊ ထာဝရဘုရားသည် ဣသရေလ အမျိုးမှ ဦးခေါင်းနှင့် အမြီးကို၎င်း၊ စွန်ပလွံလက်နှင့် ကိုင်းပင်ကို၎င်း၊ တနေ့ခြင်းတွင် ခုတ်ဖြတ်တော်မူလိမ့်မည်။ ၁၅ ဦးခေါင်းကား၊ အသက်ကြီးသူနှင့် အသရေရှိသူတည်း။ အမြီးကား၊ မုသာကို ဟောပြောသော ပရောဖက်တည်း။ ၁၆ ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲစေခြင်းငှါ ပြကြ၏။ လိုက်သောသူ တို့သည်လည်း ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ၁၇ ထိုကြောင့်၊ ထာဝရဘုရားသည် သူတို့တွင် ရှိသောလူတို့ကို အားရတော်မမူ။ မိဘမရှိသော သူငယ်နှင့်မုဆိုးမတို့ကို သနားတော်မမူ။ ထိုသူအပေါင်းတို့သည် အဓမ္မပြုသောသူ၊ ဆိုးညစ်သောသူဖြစ်၍၊ မတရားသော စကားကို ပြောတတ်ကြ၏။ သို့ဖြစ်၍၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။


အချင်းချင်း အသားကိုက်စားကြမည်

၁၈ အဓမ္မသည် မီးကဲ့သို့ လောင်တတ်၏။ ဆူးပင်အမျိုးမျိုးကို ကျွမ်းစေမည်။ တောအုပ်ကိုလည်း မီးရှို့သဖြင့်၊ အပင်တို့သည် မီးခိုးနှင့်တကွ လွင့်တက်ကြလိမ့်မည်။ ၁၉ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမျက်တော်ကြောင့်၊ မြေသည် မီးလောင်၍၊ မြေသားတို့သည် မီးမွေးဘို့ ထင်းဖြစ်ကြလိမ့်မည်။ ညီအစ်ကိုချင်း တယောက်ကို တယောက် မနှမြောရ။၂၀ လက်ျာဘက်၌ ခုတ်ဖြတ်သော်လည်း၊ ငတ်မွတ်လိမ့်မည်။ လက်ဝဲဘက်၌ ကိုက်စားသော်လည်း မဝရ။ အိမ်နီးချင်းအသားကို လူတိုင်း ကိုက်စားရလိမ့်မည်။၂၁ မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကို၎င်း၊ ဧဖရိမ်အမျိုးသည် မနာရှေအမျိုးကို၎င်း၊ ကိုက်စားကြလိမ့်မည်။ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို တညီတညွတ်တည်း ရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.