-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၈


ဒမာသက်နှင့်ရှမာရိဥစ္စာ အာရှုရိကသိမ်းမည်

တဖန်ထာဝရဘုရားက၊ သင်သည် ကြီးသော ကျောက်သင်ပုန်းကို ယူပြီးလျှင်၊ အသော့လုယက် မြန်မြန်ဖျက်လော့၊ ဟုဆိုလိုသော၊ မဟေရရှာလလဟာရှာဗတ် ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထားလော့၊ ဟုငါ့အား မိန့်တော်မူ၏။ ထိုအခါ သက်သေခံစေခြင်း အလိုငှါ၊ ယုံလောက်သော သက်သေ၊ ယဇ်ပုရောဟိတ် ဥရိယနှင့် ယေဗရခိ၏သား ဇာခိရိတို့ကို ငါခေါ်ထား၏။ ထိုနောက်မှ ငါသည် ပရောဖက်ကတော်ကို ချဉ်းသဖြင့်၊ သူသည် ပဋိသန္ဓေစွဲယူ၍ သားယောကျ်ားကို ဖွားမြင်လေ၏။ ထာဝရဘုရားကလည်း၊ ထိုသားကို မဟေရရှာလလဟာရှဗတ် ဟူသောအမည်ဖြင့် မှည့်လော။ အကြောင်းမူကား၊ ထိုသူငယ်သည် အမိအဘ၊ ဟုမခေါ်တတ်မှီ၊ ဒမာသက်မြို့၏ စည်းစိမ်၊ ရှမာရိမြို့၌ လုယက်သော ဥစ္စာကို အာရှုရိရှင်ဘုရင်သည် သိမ်းသွားလိမ့်မည်၊ ဟုမိန့်တော်မူ၏။


ချောင်းရေကို ငြင်းပယ်သောကြောင့် မြစ်ရေလွှမ်းမိုးမည်
CROSS REFERENCES






တဖန်ထာဝရဘုရားက၊ ဤလူမျိုးသည် ဖြည်းညှင်းစွာ စီးသော ရှိလောင်ချောင်းကိုငြင်းပယ်၍၊ ရေဇိန်နှင့် ရေမလိသားတို့၌ ဝမ်းမြောက်ကြသောကြောင့်၊ ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှုရိရှင်ဘုရင် တည်းဟူသော၊ ခွန်အားဗလကြီး၍ များသော မြစ်ရေနှင့် သူတို့ လွှမ်းမိုးစေတော်မူသဖြင့်၊ ထိုမြစ်သည် မိမိချောင်းများကိုလွှမ်း၍ မိမိကမ်းများကို လျှံလျက်၊ ယုဒပြည်ကို ချင်းနင်းလွှမ်းမိုးဖြန့်သွား၍ လည်ပင်းတိုင်အောင် မှီလိမ့်မည်။ သူ၏အတောင်တို့ကိုလည်း ဖြန့်သဖြင့် ကိုယ်တော်၏ မြေတပြင်လုံးကို အုပ်မိုးလိမ့်မည်၊ အိုဧမာနွေလ၊ [A] ဟုမိန့်တော်မူ၏။


သင်းဖွဲ့၍ ကြံစည်သော်လည်း ပျက်လိမ့်မည်

အချင်းလူများတို့၊ သင်းဖွဲ့၍ မှိုင်တွေကြလော့။ ဝေးသော ပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ ၁၀ တိုင်ပင်ကြလော့။ သင်တို့အကြံသည် ပျက်လိမ့်မည်။ စီရင်ကြလော့။ စီရင်သည်အတိုင်း မတည်ရ။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူ၏။


သူတို့ကြောက်တတ်သောအရာ မကြောက်နှင့်
CROSS REFERENCES






၁၁ ဤလူမျိုး၏ ဘာသာဓလေ့အတိုင်း၊ ငါမကျင့်ရမည်အကြောင်း၊ ထာဝရဘုရားသည် တန်ခိုးပြလျက်၊ ငါ့ကိုသွန်သင်၍ မိန့်တော်မူသည်ကား၊ ၁၂ သင်းဖွဲ့ခြင်း၊ ဟုဤလူမျိုး ဆိုသမျှအတိုင်း သင်တို့သည် သင်းဖွဲ့ခြင်း၊ ဟုမဆိုကြနှင့်။ သူတို့ကြောက်တတ်သော အရာကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။ ၁၃ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရားကို ရိုသေခြင်း ရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ [B]ထိတ်လန့်ခြင်း ရှိကြလော့။ ၁၄ ထိုသို့ပြုလျှင် ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်။ သို့ရာတွင် ဣသရေလ လူနှစ်မျိုးတို့ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက်၊ ယေရုရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။ ၁၅ ထိုသူအများတို့သည် ထိမိ၍ တိမ်းလဲကျိုးပဲ့ခြင်း၊ ကျော့မိဖမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည်။ ၁၆ ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ်ထား၍၊ ပညတ်တရားကို တံဆိပ်ခတ်လော့၊ ဟုမိန့်တော်မူ၏။ ၁၇ ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရဘုရားကို ငါသည် ဆိုင်းငံ့လျက်မြော်လင့်မည်။ ၁၈ ငါမှစ၍ငါ့အား ထာဝရဘုရား ပေးတော်မူသော သူငယ်တို့သည် ရှိကြ၏။ ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား ထံတော်က၊ ဣသရေလအမျိုး၌ ပုပ္ပနိမိတ်နှင့်အံ့ဘွယ်သော အရာဖြစ်စေခြင်းငှါ ပေးတော်မူသတည်း။


နတ်စုန်းတို့ထက်ဘုရား၌ဆည်းကပ်အပ်

၁၉ တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ်ဝင်နှင့်စုန်းတို့၌ ဆည်းကပ်ကြလော့၊ ဟုသင်တို့အားဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်းကပ်အပ်သလော။ အသက်ရှင်သောသူ၏ အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော။ ၂၀ တရားတော်ကို၎င်း၊ သက်သေခံတော်မူချက်ကို၎င်း နားထောင်ကြကုန်။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့် မညီလျှင်၊ သူတို့၌ အာရုဏ်မတက်သေး။ ၂၁ ပင်ပန်းခြင်းနှင့် မွတ်သိပ်ခြင်းကိုခံလျက် လွန်သွားရကြလိမ့်မည်။ မွတ်သိပ်သောအခါလည်း ကိုယ်ကိုကိုယ် နှောင့်ရှက်၍၊ မိမိတို့ရှင်ဘုရင်နှင့် မိမိတို့ ဘုရားသခင်ကို ကျိန်ဆဲကြလိမ့်မည်။ ၂၂ အထက်သို့ မျှော်သည်ဖြစ်စေ၊ မြေကြီးကို ကြည့်သည်ဖြစ်စေ၊ ဒုက္ခဆင်းရဲနှင့် မှောင်မိုက်အတိရှိပါ၏။ ထူထပ်သော မှောင်မိုက်နှင့်တွေ့၍ အလင်း ကွယ်ပျောက်ရာသို့ နှင်ထုတ်ခြင်းကို ခံရကြလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.