-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၆၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းငယ်
၁၀
၁၁





ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၆၁


ခရစ်တော်၌ ဖြစ်မည့်အရာများ
CROSS REFERENCES






ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏။ [A] အကြောင်းမူကား၊ ဆင်းရဲ သားတို့အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ နှလုံး​ကြေကွဲသောသူတို့၏ အနာကို စည်းစေခြင်းငှါ၎င်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံလျက် ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ စိတ်မသာ ညည်းတွားသောသူတို့အား နှစ်သိမ့်စေခြင်းငှါ၎င်း၊ စိတ်မသာညည်းတွားသော ဇိအုန်မြို့သားတို့အဘို့၊ စီရင်၍ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သော စိတ်သဘောအရာ၌ ချီးမွမ်းခြင်း အဝတ်တန်ဆာကို သူတို့အား ပေးစေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီ။ ထိုသူတို့သည်​ ဖြောင့်မတ်ခြင်း သပိတ်ပင်၊ ဘုန်းအသရေတော်ဘို့ ထာဝရဘုရား စိုက်တော်မူသော အပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည်။ ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌ သုတ်သင်ပယ်ရှင်းရာတို့ကို တည်ဆောက် ကြလိမ့်မည်။ ဆိတ်ညံသောမြို့ရာ၊ အစဉ်အဆက် စွန့်ပစ်ရာအရပ်တို့ကို ပြုစုကြလိမ့်မည်။ တပါးအမျိုးသားတို့သည် ရပ်လျက်၊ သင်တို့ သိုးစုများကို ထိန်းကျောင်းကြလိမ့်မည်။ တကျွန်းတနိုင်ငံသားတို့သည် သင်တို့အဘို့ လယ်လုပ်၍၊ စပျစ် ဥယျာဉ်ကိုလည်း ပြုစုကြလိမ့်မည်။ သင်တို့မူကား ထာဝရဘုရား၏ ယဇ်ပုရောဟိတ် ဟူ၍၎င်း၊ [B] ငါတို့ ဘုရားသခင်၏ အမှုတော်ထမ်းဟူ၍၎င်း၊ သမုတ်ခြင်းကို ခံရကြလိမ့်မည်။ တပါးအမျိုးသားတို့၏ စည်းစိမ်ကိုစား၍ သူတို့၏ ဘုန်းအသရေ၌ ဝါကြွားဝမ်းမြောက်ကြလိမ့်မည်။ သူတို့ အရှက်ကွဲခြင်းအရာ၌ နှစ်ဆသော အကျိုးကိုခံရ၍၊ အသရေပျက်ခြင်း အရာ၌လည်း၊ သူတို့အဘို့ ကိုခံစားလျက်၊ ဝမ်းမြောက် ကြလိမ့်မည်။ သူတို့မြေ၌ နှစ်ဆသောအဘို့ကို အမွေခံရ၍၊ ထာဝရ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံကြလိမ့်မည်။ အကြောင်းမူကား၊ ငါထာဝရဘုရားသည် တရားသဖြင့် စီရင်ခြင်းကို နှစ်သက်၏။ လုယူခြင်းအမှုနှင့် အဓမ္မအမှုကို မုန်း၏။ သစ္စာအတိုင်း သူတို့အား အကျိုးကိုပေးမည်။ သူတို့နှင့် ထာဝရ ပဋိညာဉ်ကိုဖွဲ့မည်။ သူတို့အမျိုးအနွယ်၊ သားစဉ်မြေးဆက်တို့သည် တပါးအမျိုးသား နေရာအရပ်ရပ်၌ ကျောစောကြလိမ့်မည်။ သူတို့သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူသော အမျိုးအနွယ် ဖြစ်ကြကုန်၏၊ ဟုသူတို့ကိုမြင်သောသူ အပေါင်းတို့သည် ဝန်ခံကြလိမ့်မည်။


၁၀ ထာဝရဘုရားကြောင့် ငါသည် အလွန်ဝမ်းမြောက်၍၊ ငါ၏ ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင်လန်းမည်။ အကြောင်းမူကား မင်္ဂလာဆောင် လုလင်သည် ပေါင်းသရဖူကို ဆောင်းသကဲ့သို့၎င်း၊ မင်္ဂလာဆောင် သတို့သမီးသည် တန်ဆာဆင်သကဲ့သို့၎င်း၊ ကယ်တင်ခြင်း အဝတ်တန်ဆာနှင့် ငါ့ကို ဝတ်ဆင်စေ၍၊ ဖြောင့်မတ်ခြင်း ဝတ်လုံနှင့် ခြုံတော်မူပြီ။၁၁ မြေကြီးသည် အပင်ကို ပေါက်စေသကဲ့သို့၎င်း၊ လယ်ယာသည် မိမိ၌ စိုက်သောမျိုးစေ့ကို အ​ညှောင့် ထွက်စေသကဲ့သို့၎င်း၊ ထို့အတူ ထာဝရဘုရားသည် ခပ်သိမ်းသော လူမျိုးရှေ့မှာ ​ဖြောင့်မတ်ခြင်းနှင့် ချီးမွမ်းခြင်းကို ပေါ်ထွန်း စေတော်မူလိမ့်မည်။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.