-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၅၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၅၉



ဘုရားနားမထိုင်း
CROSS REFERENCES






ကြည့်ရှုလော့။ ထာဝရဘုရားသည် မကယ်တင်နိုင်အောင် လက်တော် တိုသည်မဟုတ်။ [A] မကြားနိုင်အောင် နားတော် ထိုင်းသည်မဟုတ်။ သင်တို့ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှါ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။ သင်တို့လက်သည် အသွေးနှင့်၎င်း၊ လက်ချောင်းတို့သည် ဒုစရိုက်နှင့်၎င်း ညစ်ညူးကြ၏။ သင်တို့သည် နှုတ်ခမ်းနှင့် လျှာအားဖြင့်မုသာစကား၊ အဓမ္မစကားကို ပြောတတ်ကြ၏။ တရားကို အဘယ်သူမျှမရှာ၊ သစ္စာကို အဘယ်သူမျှမစောင့်၊ အနတ္တ [B]ကိုကိုးစား၍ မုသာစကားကို ပြောတတ်ကြ၏။ မကောင်းသောအကြံကို ပဋိသန္ဓေယူ၍၊ အဓမ္မအမှုကို ဖွားကြ၏။ သူတို့သည် မြွေဆိုး၏အဥတို့ကိုဝပ်၍ ပေါက်စေကြ၏။ ပင့်ကူအမြှေးကိုလည်းရက်ကြ၏။ သူတို့ဥများကို စားသောသူသည် သေတတ်၏။ အဥကိုခွဲလျှင် မြွေဆိုးပေါက်တတ်၏။ သူတို့ရက်သော အမြှေးဖြင့် အဝတ်ကို မလုပ်ရ။ ကိုယ်အကျင့်နှင့် ကိုယ်ကိုမခြုံရကြ။ သူတို့ပြုသောအမှုသည် အဓမ္မအမှုဖြစ်၏။ သူတို့လက်၌ ကြမ်းတမ်းသော အမှုရှိ၏။ သူတို့​ခြေသည် အဓမ္မအမှုကို ပြုခြင်းငှါ ပြေးတတ်၏။ အပြစ်မရှိသောသူ၏ အသက်ကို သတ်ခြင်းငှါ လျှင်မြန်၏။ သူတို့အကြံသည် အဓမ္မအကြံဖြစ်၍၊ သူတို့သွားရာလမ်း၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်းရှိ၏။ ချမ်းသာလမ်းကို သူတို့မသိကြ။ သူတို့ခရီးသွားရာတွင် တရားမပါ။ မိမိတို့သွားစရာဘို့ ကောက်သောလမ်းတို့ကို ပြင်ဆင်ကြပြီ။ လိုက်သွားသောသူ မည်သည်ကား၊ ချမ်းသာကို မသိရ။

ထို့ကြောင့်၊ ​ဖြောင့်မတ်စွာ စီရင်ခြင်းသည် ငါတို့နှင့်ဝေး၏။ တရားသည်လည်း ငါတို့ကိုမမှီ။ အလင်းကို မျှော်လင့်သောအခါ ရှင်းလင်းခြင်းမရှိ။ ရောင်ခြည်ကို မြော်လင့်သော်လည်း၊ မှောင်မိုက်၌ သွားလာရကြ၏။ ၁၀ မမြင်နိုင်သောသူကဲ့သို့ နံရံကို စမ်းသပ်ရကြ၏။ မျက်စိမရှိသောသူကဲ့သို့ စမ်းသပ်ရကြ၏။ ညအချိန်၌ ဖြစ်သကဲ့သို့ မွန်းတည့်အချိန်၌ ထိမိ၍ လဲကြ၏။ စည်းစိမ်ကို ခံစားလျက်၊ သေသောသူကဲ့သို့ ဖြစ်ကြ၏။ ၁၁ ငါတို့ရှိသမျှသည် ဝံကဲ့သို့ မြည်တမ်း၍၊ ချိုးကဲ့သို့ ညည်းညူကြ၏။ တရားစီရင်ခြင်းကို မြော်လင့်၍ မရကြ။ ကယ်တင်ခြင်း ကျေးဇူးကို မြော်လင့်သော်လည်း၊ ငါတို့နှင့် ဝေးလှ၏။ ၁၂ ငါတို့အပြစ်တို့သည် ရှေ့တော်၌ များပြားကြ၏။ ဒုစရိုက်တို့သည် ငါတို့တဘက်၌ သက်သေခံကြ၏။ ကိုယ်အပြစ်တို့သည် ကိုယ်၌ စွဲကပ်လျက် ကိုယ်ပြုမိသော ဒုစရိုက်များကို ကိုယ်သိကြ၏။ ၁၃ ထာဝရဘုရားကို ပြစ်မှားခြင်း၊ ငြင်းပယ်ခြင်းကိုပြု၍ ငါတို့၏ ဘုရားသခင် ကိုစွန့်ကြပြီ။ ညှဉ်းဆဲသောစကား၊ ပုန်ကန်သောစကားကို ပြောခြင်း၊ မဟုတ်မမှန်သော စကားကို အောက်မေ့၍ စိတ်နှလုံးထဲက မြွက်ဆိုခြင်းကို ပြုကြပြီ။ ၁၄ ​ဖြောင့်မတ်စွာ စီရင်ခြင်းသည် ဆုတ်သွားပြီ။ တရားသည် အဝေးက ရပ်၍နေ၏။ သစ္စာသည်လမ်း၌ လဲပြီ။ ​ဖြောင့်သော သဘောမဝင်နိုင်ရာ၊ ၁၅ သစ္စာသည်ပျက်ခဲ့ပြီ။ ဒုစရိုက်ကို ရှောင်သောသူသည် လုယူခြင်းကိုခံရ၏။ ထိုအမှုကို ထာဝရဘုရားသည် မြင်လျှင်၊ တရားမရှိသောကြောင့် မုန်းတော်မူ၏။ ၁၆ လူတယောက်မျှ မရှိသည်ကို အံ့ဩတော်မူ၏။ ထို့ကြောင့်၊ မိမိလက်တော်သည် မိမိအဖို့ ကယ်တင်ခြင်း အမှုကိုပြု၍၊ မိမိ​ ဖြောင့်မတ်ခြင်းတရားသည် မိမိကို ထောက်ပင့်၏။ ၁၇ ​ဖြောင့်မတ်ခြင်း တရားတည်းဟူသော သံခမောက်လုံးကို ဆောင်းတော်မူ၏။ အပြစ်ပေးခြင်း အဝတ်ကို၎င်း၊ စိတ်အားကြီးခြင်း ဝတ်လုံကို၎င်း၊ ယူတင်ဝတ်ဆောင်တော်မူ၏။ ၁၈ သူတို့အကျင့်အတိုင်း အကျိုးအပြစ်ကို ဆပ်ပေးတော်မူမည်။ ရန်ဘက်ပြုသော သူတို့အား အမျက်တော်ကို၎င်း၊ ရန်သူတို့ ခံထိုက်သည်အတိုင်း အပြစ်ကို၎င်း၊ တ​ကျွန်းတနိုင်ငံသားတို့အား အကျိုးအပြစ်ကို၎င်း၊ ပေးဆပ်တော်မူမည်။ ၁၉ သို့ဖြစ်၍၊ အနောက်မျက်နှာသားတို့နှင့်၊ နေထွက်ရာ အရပ်သားတို့သည် ထာဝရဘုရား၏ နာမတော်နှင့်၊ ဘုန်းတော်ကို ရိုသေကြလိမ့်မည်။ ရန်သူသည် ရေလွှမ်းမိုးသကဲ့သို့ ဝင်သောအခါ၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဆီးတားတော်မူသည်။ ၂၀ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရွေးနှုတ်သော သခင်သည် ဇိအုန်တောင်ပေါ်သို့ ကြွ၍၊ မတရားသောအမှုမှ လှည့်လာသော ယာကုပ် အမျိုးသားတို့ရှိရာသို့ ရောက်လတံ့။ [C] ၂၁ သူတို့၌ ငါကိုယ်တိုင်ပေးသော ပဋိညာဉ်တရားဟူမူကား၊ သင်၏ အပေါ်မှာ ကျိန်းဝပ်သော ငါ၏ဝိညာဉ်နှင့် သင်၏နှုတ်၌ ငါထားသောစကားသည်၊ ယခုမှစ၍ ကာလအစဉ် အဆက်သင်၏နှုတ်၊ သင့်အမျိုးအနွယ်၏ နှုတ်ထဲက မထွက်မပျောက်ရ၊ ဟုထာဝရဘုရား မိန့်တော်မူသည်၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.