-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၅၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၅၈


တရားတော်ကို ရှာဟန်ဆောင်ကြ

အသံမလျော့ဘဲ ကြွေးကြော်လော့။ တံပိုးသံကဲ့သို့ အသံကိုလွှင့်၍၊ ယာကုပ်အမျိုးသား ဖြစ်သော ငါ၏လူတို့အား၊ သူတို့ ဒုစရိုက်အပြစ်ကို ဖေါ်ပြလော့။ သူတို့သည် တရားကျင့်သောအမျိုး၊ မိမိဘုရားသခင်၏ ပညတ်တို့ကို မစွန့်သော အမျိုးကဲ့သို့၊ နေ့တိုင်း ငါ့ကိုရှာ၍ ငါ၏တရားလမ်း၌ မွေ့လျော်ကြသည်တကား။ ​ဖြောင့်မတ်စွာ တရားစီရင်ချက်တို့ကို ငါ့ထံမှာ အစဉ်မေးမြန်း၍၊ ဘုရားသခင့်ထံသို့ ချဉ်းကပ်ရာ၌ မွေ့လျော်ကြသည်တကား။


မှားယွင်းသော အစာရှောင်နည်း

အ​ကျွန်ုပ်တို့သည် အစာရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် မြင်တော်မမူသနည်း။ အ​ကျွန်ုပ်တို့သည် ခြိုးခြံစွာ ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် သိမှတ်တော်မမူသနည်း၊ ဟုဆိုသော်၊ သင်တို့သည် အစာရှောင်သောနေ့၌ ကိုယ်တိုင် ပျော်မွေ့၍၊ ​ကျွန်တို့ကို ပင်ပန်းစွာ လုပ်စေကြ၏။ သင်တို့သည် ငြင်းခုံရန်တွေ့လျက် အဓမ္မလက်ဆုပ်နှင့် ထိုးလျက် အစာရှောင်ကြ၏။ မြင့်သောအရပ်၌ မိမိတို့အသံကို ကြားစေခြင်းငှါ၊ ယခုကာလအခါ အစာရှောင်ကြသည်မဟုတ်။ ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့သော လက္ခဏာရှိသလော။ လူသည် တရက်တွင် ခြိုးခြံစွာကျင့်ခြင်း၊ ကိုင်းပင်ကဲ့သို့ဦးချခြင်း၊ အိပ်ရာဘို့ လျော်တေနှင့် ပြာကိုခင်းခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင်ခြင်းဟူ၍၎င်း၊ ထာဝရဘုရား နှစ်သက်တော်မူသော နေ့ရက်ဟူ၍၎င်း၊ မှည့်အပ်သလော။


မှန်ကန်သော အစာရှောင်နည်း

ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသောဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသောသူတို့ကို လွှတ်ခြင်း၊ ထမ်းပိုးရှိသမျှကို ချိုးခြင်း မဟုတ်လော။ မွတ်သိပ်သောသူကို အစာ​ကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ဆောင်ခြင်း၊ အဝတ်မရှိသောသူကို မြင်လျှင်၊ အဝတ်ကိုပေးခြင်း၊ ကိုယ်အသားကို မရှောင်ဘဲ နေခြင်းမဟုတ်လော။


မှန်ကန်နည်းဖြင့် အစာရှောင်ခြင်း၏ အကျိုးများ

သို့ပြုလျှင် သင်၏အလင်းသည် မိုးသောက်သော အလင်းကဲ့သို့ ပေါ်ထွန်း၍၊ အလျှင်အမြန် ကျန်းမာခြင်းသို့ ရောက်လိမ့်မည်။ သင်၏ ဖြောင့်မတ်ခြင်း ပါရမီသည် သင်ရှေ့၌ သွား၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် နောက်၌ လုံခြုံစေလိမ့်မည်။ သို့ပြုလျှင်၊ ထာဝရဘုရားသည်၊ သင်ခေါ်သောအခါ ထူးတော်မူလိမ့်မည်။ အော်ဟစ်သောအခါ၊ ငါရှိသည်၊ ဟုမိန့်တော်မူလိမ့်မည်။ သင်သည် သင်၏အထဲက ထမ်းပိုးကို၎င်း၊ လက်ညိုးထိုးခြင်းကို၎င်း၊ ကဲ့ရဲ့သောစကားကို၎င်း ပယ်ရှား၍၊ ၁၀ မွတ်သိပ်သောသူနှင့် ဆင်းရဲခံရသောသူကို သနားသော စိတ်နှင့် ချမ်းသာပေးလျှင်၊ မရှင်းလင်းသော အရာမှာ သင်၏အလင်းသည် ပေါ်ထွန်း၍၊ သင်၏ မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်။ ၁၁ ထာဝရဘုရားသည် သင့်ကို အစဉ် ပဲ့ပြင်တော်မူမည်။ အစာ ခေါင်းပါးသည်ကာလ၌ ဝစွာ​ကျွေး၍၊ သင်၏အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့၎င်း၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့၎င်း၊ ဖြစ်လိမ့်မည်။ ၁၂ သင်၏အမျိုးအနွယ်သည် ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌ တည်ဘူးသော တိုက်မြစ်များအပေါ်မှာ ထပ်ဆင့်၍ တည်ဆောက်ကြလိမ့်မည်။ သင်သည်လည်း ပြိုပျက်သော မြို့ရိုးကို ပြုပြင်သောသူ၊ လူနေရာလမ်းများကို ပြင်ဆင်သောသူဟူ၍ သမုတ်ခြင်းကို ခံရလိမ့်မည်။


ဥပုသ်နေ့စောင့်လျှင်
CROSS REFERENCES






၁၃ သင်သည် ဥပုသ်နေ့ [A] ကိုမရှုတ်ချ။ ငါသန့်ရှင်းသောနေ့မှာ ကိုယ်အလိုသို့မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့၊ ရိုသေဘွယ်သော နေ့ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ်အလိုသို့မလိုက်၊ ကိုယ်စကားကို မပြောဘဲနေ၍ ထိုနေ့ကိုရိုသေလျှင်၊ ၁၄ သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာ မြင့်သောအရပ်တို့ကို ငါစီးစေ၍၊ သင့်အဘယာကုပ်၏ အမွေဥစ္စာနှင့် ငါ​ကျွေးမည်၊ ဟုထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.