-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၅၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၅၄


အမြုံမဝမ်းမြောက်လော့
CROSS REFERENCES






သားမဖွားသောအမြုံမ၊ ဝမ်းမြောက်လော့။ သားဖွားခြင်းဝေဒနာကို မခံသေးသောမိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသောမိန်းမသည် လင်ရှိသောမိန်းမထက်သာ၍ များသောသားတို့ကို ဖွားမြင်ပြီ၊ ဟုထာဝရဘုရား မိန့်တော်မူပြီ။ [A] သင်၏တဲရာကို ကျယ်စေလော့။ သင်၏ နေရာမျက်နှာကြက်ကို ကြက်ဦးလော့။ နှမြောသော စိတ်မရှိနှင့်။ ကြိုးတို့ကို ရှည်စေဦးလော့။ တိုင်တို့ကို မြဲစွာစိုက်လော့။ အကြောင်းမူကား၊ သင်သည် လကျာ်ဘက်၊ လက်ဝဲဘက်တို့၌ တိုးပွားလိမ့်မည်။ သင်၏အမျိုးအနွယ်သည် တပါးအမျိုးသားတို့ကို အမွေခံ၍၊ သူတို့၏ ဆိတ်ညံသော မြို့တို့၌ နေကြလိမ့်မည်။ မစိုးရိမ်နှင့်။ [B]ရှက်ကြောက်ခြင်းသို့ မရောက်ရ။ မျက်နှာမပျက်နှင့်။ အရှက်ကွဲခြင်းမခံရ။ အသက်ငယ်စဉ်အခါ ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့လိမ့်မည်။ မုဆိုးမဖြစ်၍ ခံရသော ကဲ့ရဲ့ခြင်းကို နောက်တဖန် မအောက်မေ့ရ။


ထာ၀ရဘုရား ဣသရေလ၏လင်
CROSS REFERENCES






အကြောင်းမူကား၊ သင့်ကို ဖန်ဆင်းသောသူသည် သင်၏လင်ဖြစ်တော်မူ၏။ [C] နာမတော်ကား၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရားတည်း။ သင့်ကိုရွေးချယ်သောသူသည် ဣသရေလ အမျိုး၌ သန့်ရှင်းသော ဘုရားဖြစ်တော်မူသည်။ မြေကြီးတပြင်လုံးကို အစိုးရသော ဘုရားဟူ၍ ခေါ်ရကြ၏။ စွန့်ပစ်၍ စိတ်ငြိုငြင်သော မိန်းမ၊ ငယ်စဉ်အခါ မယားဖြစ်၍၊ နောက်မှငြင်းပယ်သော မိန်းမကို တဖန်ခေါ်သကဲ့သို့ သင့်ကိုငါခေါ်မည်၊ ဟုသင်၏ဘုရားသခင် မိန့်တော်မူ၏။ သင့်ကို ခဏသာ ငါစွန့်သည်ဖြစ်၍၊ များစွာသော ကရုဏာနှင့် ငါတဖန် သိမ်းဆည်းဦးမည်။ ပြင်းစွာသော အမျက်ထွက်၍ ခဏမျှ ငါမျက်နှာလွှဲသော်လည်း၊ ထာဝရမေတ္တာနှင့် သင့်ကို ကယ်မသနားဦးမည်၊ ဟုသင့်ကိုရွေးနှုတ်သော ထာဝရဘုရား မိန့်တော်မူသည်။ နောဧလက်ထက်၌ လွှမ်းမိုးသော ရေကို ငါသည်မှတ်၍ ထိုရေသည် မြေကြီးကို နောက်တဖန် မလွှမ်းမိုးရ၊ ဟုကျိန်ဆိုခြင်းကို ပြုသည်နည်းတူ၊ သင့်ကို အမျက်မထွက်မဆုံးမ၊ ဟုကျိန်ဆိုခြင်းကိုပြုပြီ။ ၁၀ တောင်ကြီးတို့သည်ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှမရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရ၊ ဟုသင်၌ သနားခြင်း ကရုဏာစိတ် ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။


ဘုရားက ကြည့်ရှုပြုစုမည်

၁၁ အိုညှဉ်းဆဲခြင်းနှင့် မိုးသက်မုန်တိုင်း တိုက်ခြင်းကို ခံရ၍၊ သက်သာမရနိုင်သောသူ၊ သင်၏တိုက်ကို ဟင်းသပြတားသရွတ်နှင့် ငါစေ့စပ်မည်။ တိုက်မြစ်ကို နီလာဖြင့်၎င်း၊ ၁၂ ပြအိုးတို့ကို ကျောက်နီဖြင့်၎င်း၊ တံခါးတို့ကို ပတ္တမြားဖြင့်၎င်း၊ ပတ်ဝန်းကျင် တန်ဆာများကို ကျောက်မျက်အမျိုးမျိုးဖြင့်၎င်း ငါပြီးစေမည်။ ၁၃ သင်၏ သားသမီး အပေါင်းတို့သည် ထာဝရဘုရား ဆုံးမသွန်သင်တော်မူသော သူဖြစ်၍၊ များစွာသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြလိမ့်မည်။ ၁၄ သင်သည်​ ဖြောင့်မတ်ခြင်းအားဖြင့် တည်လိမ့်မည်။ ညှဉ်းဆဲခြင်းနှင့် ဝေးသည်ဖြစ်၍ မကြောက်ရ။ ထိတ်လန့်ခြင်းသည်လည်း ဝေး၍၊ သင့်အနီးသို့ မရောက်ရ။ ၁၅ ငါ၏အခွင့်မရှိဘဲ သင့်တဘက်၌ အဘယ်သူမျှ နေရာမကျရ။ နေရာကျဘူးသော သူတို့သည် သင့်ဘက်သို့ ဝင်စားကြလိမ့်မည်။ ၁၆ မီးကိုမှုတ်၍၊ မိမိအလုပ်တည်းဟူသော လက်နက်ကို လုပ်တတ်သော ပန်းပဲကို၎င်း၊ ဖျက်ဆီးစေခြင်းငှါ ဖျက်ဆီးသောသူကို၎င်း၊ ငါဖန်ဆင်း၏။ ၁၇ သင့်တဘက်၌ လုပ်သော လက်နက်တစုံတခုမျှ အထမမြောက်ရ။ သင့်ကို တရားတွေ့သောသူ မည်သည်ကား၊ အရှုံးခံရလိမ့်မည်။ ထာဝရဘုရား၏ ကျွန်တို့သည် ထိုသို့သော အမွေကိုခံရ၍၊ ငါ့ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်၊ ဟုထာဝရဘုရား မိန့်တော်မူသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.