၃၈ ပရောဖက် ဟေရှာယဟောဘူးသည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ဟော ပြောသောသိတင်းစကားကို အဘယ်သူယုံပါသနည်း။ ထာဝရဘုရား၏ လက်တော်သည်၊ အဘယ်သူအား ထင်ရှားတော်မူသနည်း၊ ဟူသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။
၁၆ သို့သော်လည်း၊ လူအပေါင်းတို့သည် ဝမ်းမြောက်စရာသိတင်းကို နားထောင်ကြသည်မဟုတ်။ ပရောဖက် ဟေရှာယစကားဟူမူကား၊ အိုထာဝရဘုရား၊ ကျွန်ုပ်တို့ဟောပြောသော သိတင်းစကားကို အဘယ်သူ ယုံပါသနည်း၊ ဟုဆို၏။
sယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်
၂ ထိုကာလ၌ ထာဝရဘုရား၏ အညွန့်သည် ဘုန်းအသရေ ပွင့်လန်းလိမ့်မည်။၊ လွတ်သော ဣသရေလ အမျိုးသားတို့အဘို့၊ မြေအသီးအနှံ့သည် ကောင်းမြတ် လျောက်ပတ်လိမ့်မည်။
၂ ထာဝရဘုရား၏ ကျွန်သည်%fo(a) အညွန့်ကဲ့သို့၎င်း၊သွေ့ခြောက်သောမြေ၌ ပေါက်သော အတက်ကဲ့သို့၎င်း၊ ရှေ့တော်၌ ကြီးပွား၏။ ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ။ ချစ်လိုဘွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ။
၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သန့်ရှင်းသော အညွန့်ကို ဒါဝိဒ်အဘို့ ငါပေါက်စေသည်အတိုင်း။ ဥာဏ်ကောင်းသော ရှင်ဘုရင်တဦးသည် စိုးစံ၍၊ မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာကာလသည် ရောက်လိမ့်မည်။
၁၅ ထိုကာလအခါ သန့်ရှင်းသော အညွန့်ကို ဒါဝိဒ်အဘို့ငါပေါက်စေ၍။သူသည် မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်လိမ့်မည်။
၈ အိုယဇ်ပုရောဟိတ်မင်း ယောရှု သင့်ရှေ့မှာ နေသော သင့်အပေါင်းအဖေါ်တို့နှင့်တကွ နားထောင်လော့။ သူတို့သည် နိမိတ်လက္ခာဏာနှင့် ယှဉ်သောသူ ဖြစ်ကြ၏။ ငါ၏ကျွန်တည်းဟူသော အညွတ်ကို ငါပေါ်ထွန်းစေမည်။၊
၁၂ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား အမိန့်တော်ကို ထိုသူအား ဆင့်ဆိုရမည်မှာ၊ အညွတ်အမည်ရှိသော သူကို ကြည့်ရှုလော့။ မိမိဒေသအရပ်၌ ပေါက်၍ ထာဝရဘုရား၏ ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်။
၆ အကျွန်ုပ်မူကား လူမဟုတ် ပိုးကောင်မျှ သာဖြစ်ပါ၏။ လူများကဲ့ရဲ့စရာ လူစုအရှက်ခွဲစရာဘို့ ဖြစ်ပါ၏။
၇ ဣသရေလ အမျိုးကို ရွေးနှုတ်တော်မူ၍၊ ထိုအမျိုး၏ သန့်ရှင်းသော ထာဝရဘုရားသည်၊ အဘယ်သူမှ မနှစ်သက် တပြည်လုံး ရွံရှာဖွယ်ဖြစ်၍၊ မင်းထံ၌ ကျွန်ခံရသော သူအား မိန့်တော်မူသည်ကား၊ သစ္စာရှိတော်မူသော ထာဝရဘုရား၊ သင့်ကို ရွေးကောက်တော်မူသော ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရား၏ ကျေးဇူးတော်ကြောင့်၊ ရှင်ဘုရင်တို့သည် မြင်၍ ထကြလိမ့်မည်။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည်။
၃၁ ထိုအခါ ကိုယ်တော်သည် တကျိတ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ ပရောဖက်များ ရေးမှတ်သမျှသည်၊ လူသား၌ ပြည့်စုံရလိမ့်မည်။
၁၆ ညဦးယံ၌ နတ်ဆိုးစွဲသောသူ အများတို့ကို အထံတော်သို့ ဆောင်ခဲ့၍၊ နှုတ်တော် မြွက်ကာမျှနှင့် ထိုနတ်တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူ ရှိသမျှတို့ကို သက်သာစေတော်မူ၏။
၂၄ ငါတို့သည် အပြစ်နှင့် ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီ။ ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက် လျက်ရှိကြ၏။
၁၇၆ ပျောက်သော သိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲပါပြီ၊ ကိုယ်တော်၏ ကျွန်ကို ရှာတော်မူပါ။ အကျွန်ုပ်သည်ပ ညတ်တော်တို့ကို မမေ့မလျော့ပါ။
၂၅ သင်တို့သည် အထက်က လမ်းလွဲ၍ ပျောက်သောသိုးကဲ့သို့ဖြစ်ကြ၏။ ယခုမူကား၊ သိုးထိန်းတည်းဟူသော သင်တို့၏ ဝိညာဉ်တို့ကို အုပ်စိုးကြည့်ရှုတော်မူသော အရှင်ထံသို့ ပြန်ရောက်ကြပြီ။
%ln
၂၀ ထိုသို့ သန့်ရှင်းရာ ဌာနတော်အဖို့၊ ပရိသတ် စည်းဝေးရာ တဲတော်အဖို့၊ ယဇ်ပလ္လင်အဖို့ အပြစ်ဖြေခြင်းကို ပြီးစီးပြီးမှ၊ အသက်ရှင်သော ဆိတ်ကို ဆောင်ခဲ့ရမည်။
၂၉ နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည် မြင်လျှင်၊ ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသူငယ်ကို ကြည့်လော့။
၂၁ အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။
%ln
၆၃ ယေရှုသည် တိတ်ဆိတ်စွာ နေတော်မူ၏။ ယဇ်ပုရောဟိတ်မင်း ကလည်း၊ သင်သည် ခရစ်တော်တည်းဟူသော၊ ဘုရားသခင်၏ သားတော် မှန်သည် မမှန်သည်ကို ငါတို့အား ပြောစေခြင်းငှာ၊ အသက်ရှင် တော်မူသော ဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏၊ ဟုဆိုလျှင်၊
၁၂ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီး အကဲတို့သည်၊ အပြစ်တင် ကြသော် တစ်ခွန်းကိုမျှ ပြန်တော်မမူ၊
၆၁ ကိုယ်တော်သည် တခွန်းမျှ ပြန်ပြောတော်မမူဘဲ တိတ်ဆိတ်စွာနေ၏။ တဖန် ယဇ်ပုရောဟိတ်မင်းက၊ သင်သည် ခရစ်တော်တည်းဟူသော၊ မင်္ဂလာရှိသော ဘုရားသခင်၏ သားတော်မှန်သလော၊ ဟုမေးပြန်လျှင်၊
၅ စကားတခွန်းကိုမျှ ပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။
sယေရှုကိုယ်စား ဗာရဗ္ဗကိုလွှတ်
၉ ထိုအခါ ဟေရုဒ်မင်းသည် ကိုယ်တော်ကို များစွာမေးမြန်းသော်လည်း၊ အဘယ်စကားကိုမျှ ပြန်တော်မမူ။
_________________________
Footnotes