-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၅



ထာ၀ရဘုရား၏ စပျစ်ဥယျာဉ်တော်
CROSS REFERENCES






ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်ကို အကြောင်းပြု၍၊ မေတ္တာသီချင်းကို ရှေ့တော်၌ ဆိုပေအံ့။ မြေကောင်းသော တောင်ပေါ်မှာ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော် တဆူရှိ၏။ မြေကိုတူး၍ ကျောက်ခဲတို့ကို ရှင်းလင်းစေပြီးမှ၊ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော်မူ၏။ ဥယျာဉ်ထဲမှာ မှီခိုရာ တဲလင့်ကိုလည်း ဆောက်၍၊ စပျစ်သီးနယ်ရာ ကျင်းကိုလည်း တူးတော်မူ၏။ ထိုအခါ စပျစ်သီးကို သီးမည်၊ ဟုမြော်လင့်သည်ရှိသော်၊ ဗောရှသီးကို သီးပါသည်တကား။ ယခုမှာ အိုယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၊ ငါနှင့် ငါ့စပျစ်ဥယျာဉ်အမှုကို စီရင်ကြပါလော့။ ငါ့စပျစ်ဥယျာဉ်၌ ငါကျေးဇူးပြုနိုင်လျက်၊ မပြုသေးသောအရာ တစုံတခုရှိသလော။ စပျစ်သီးကို သီးမည်၊ ဟုမြော်လင့်သည်ရှိသော်၊ ဗောရှသီးကို အဘယ်ကြောင့် သီးသနည်း။ ယခုနားထောင်ကြ။ ငါ့စပျစ်ဥယျာဉ်၌ ငါပြုရမည်အမှုကို သင်တို့အား ငါဖေါ်ပြမည်။ စောင်ရန်းကို ငါပယ်ရှင်းသဖြင့်၊ သူတပါးတို့သည် စားကြလိမ့်မည်။ အုတ်ရိုးကို ငါဖြိုသဖြင့်၊ သူတပါးတို့သည် ကျော်နင်းကြလိမ့်မည်။ ဥယျာဉ်ကို ငါရှင်းရှင်း ဖျက်ဆီးမည်။ အဘယ်သူမျှ မပြင်ဆင်ရ။ အဘယ်သူမျှ မတူးမဆွရ။ ဆူးပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ ထိုဥယျာဉ်အပေါ်မှာလည်း မိုးမရွာစေခြင်းငှါ ငါပညတ်မည်။ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား၊ ဣသရလအမျိုးတည်း။ နှစ်သက်တော်မူသော ပျိုးပင်ကား၊ ယုဒလူတည်း။ [A] တရားစီရင်ခြင်းကို မြော်လင့်တော်မူသည်ရှိသော်၊ အသေသတ်ခြင်းကို၎င်း၊ ​ဖြောင့်မတ်ခြင်းအရာ၌လည်း ငိုကြွေခြင်းကို၎င်း၊ တွေ့မြင်တော်မူ၏၊ မိမိတို့သည် မြေ၏အလယ်၌ တစုတည်းနေရာကျ၍ လပ်သောအရပ် မရှိစေခြင်းငှါ၊ အိမ်တဆောင်နှင့် တဆောင်ကို၎င်း၊ လယ်တကွက်နှင့် တကွက်ကို၎င်း၊ ဆက်တတ်သောသူတို့သည် အမင်္ဂလာရှိကြ၏၊ ငါ၏နားအပါး၌ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ကြီးကျယ်တင့်တယ်သော အိမ်အများတို့သည် နေသောသူမရှိ။ လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည်။ ၁၀ အကြောင်းမူကား၊ စပျစ်ဥယျာဉ် တဧကသည် (a) စပျစ်ရည်တဗတ်ကိုမျှသာ ဖြစ်စေမည်။ မျိုးစေ့ကိုလည်း ကြဲသောအခါ၊ ဆယ်ဘို့တွင် တဘို့ကိုမျှသာ ရကြလိမ့်မည်။



၁၁ သေရည်သေရက်ကို သောက်အံ့သောငှါ၊ နံနက်စောစောထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှါ၊ ညကိုလည်း လွန်စေတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။ ၁၂ သူတို့၏ပွဲ၌ စောင်း၊ တယော၊ ပတ်သာ၊ ပုလွေ၊ စပျစ်ရည်ပါတတ်၏၊ ထာဝရဘုရား၏ အမှုတော်ကိုကား၊ ပမာဏမပြုကြ။ လက်တော်နှင့် ပြုပြင်တော်မူရာကို မရိပ်မိကြ။ ၁၃ ထိုကြောင့် ငါ၏လူတို့သည် ပညာမရှိ။ ဖမ်းဆီးသိမ်းသွားခြင်းကို ခံရကြ၏။ မှူးမတ်တို့သည် မွတ်သိပ်၍ သေကြ၏။ ဆင်းရဲသားတို့သည် ရေငတ်၍ ပူဆွေးလျက် ရှိကြ၏။ ၁၄ ထိုကြောင့်၊ မရဏာနိုင်ငံသည် မိမိလောဘကို ကျယ်စေ၍၊ မိမိပါးစပ်ကို အတိုင်းအရှည်မရှိဘဲ ဖွင့်ဟသဖြင့်၊ သူ့တို့၏ ဂုဏ်အသရေ အလုံးအရင်း၊ အသံဗလံပြုခြင်း၊ ရွှင်လန်းခြင်းတို့သည် ဆင်းမြုပ်ရကြ၏။ ၁၅ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရ၍၊ မာနကြီးသောသူတို့၏ မျက်နှာလည်း ပျက်ရ၏။ ၁၆ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရားသခင်သည် တရားစီရင်ခြင်းအားဖြင့်၊ ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။ သန့်ရှင်းတော်မူသော ဘုရားသခင်သည် ဖြောင့်မတ်ခြင်းအားဖြင့်၊ သန့်ရှင်းခြင်း ရှိတော်မူလိမ့်မည်။ ၁၇ ထိုအခါ သိုးသငယ်တို့သည် အလိုအလျောက် ကျက်စားရကြလိမ့်မည်။ သူဌေးသူကြွယ်ပိုင်ဘူး၍၊ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည်တို့သည် စားရကြလိမ့်မည်။ ၁၈ ဒုက္ခကို ဒုစရိုက်ဖြင့် ဆွဲသောသူ၊ လှည်းကြိုးဖြင့် ဆွဲသကဲ့သို့၊ အပြစ်ကို ဆွဲငင်သောသူတို့သည် အမင်္ဂလာရှိကြ၏။ ၁၉ သူတို့ကလည်း ဘုရားသခင်၏ အမှုကို ငါတို့သည် မြင်ရမည်အကြောင်း၊ အလျှင်အမြန် ကြိုးစားတော်မူပါစေ။ ငါတို့သည် သိနားလည်ရမည်အကြောင်း၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရား၏ အကြံတော်သည် အနီးသို့ချဉ်း၍ ပြည့်စုံပါစေ၊ ဟုဆိုတတ်ကြ၏။ ၂၀ မကောင်းကိုအကောင်း၊ အကောင်းကို မကောင်း၊ ဟုခေါ်တတ်သောသူ၊ အလင်းအရာ၌ အမိုက်၊ အမိုက်အရာ၌ အလင်းကို၎င်း၊ အချိုအရာ၌ အခါး၊ အခါးအရာ၌ အချိုကို၎င်း၊ အလွဲယူတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။ ၂၁ ငါသည် ပညာရှိသည်၊ ဟုကိုယ်ကိုထင်သောသူ၊ သမ္မာသတိနှင့် ပြည့်စုံသည်၊ ဟုထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။ ၂၂ စပျစ်ရည်ကို များစွာသောက်နိုင်သောသူ၊ ဆေးနှင့်ရောသော သေရည်သေရက်ကို သောက်ခြင်းအမှု၌ ၊ အားကြီးသောသူတို့သည် အမင်္ဂလာရှိကြ၏။ ၂၃ ထိုသူတို့သည် တံစိုးကို စားခြင်းငှါ၊ မတရားသောသူတို့ကို အပြစ်မပေးဘဲ လွှတ်၍၊ ​ဖြောင့်မတ်သောသူတို့၏ ဖြောင့်မတ်ခြင်းကို ဝန်မခံ၊ ပယ်ရှားတတ်ကြ၏။ ၂၄ ထိုကြောင့် မီးလျှာသည် ကောင်းရိုးကိုလျက်၊ မီးလျှံသည် မြက်​ခြောက်ကို​ကျွမ်းစေသည်နည်းတူ သူတို့၏အမြစ်သည် ဆွေးမြေ့သော သစ်သားကဲ့သို့ဖြစ်၍၊ အပွင့်သည်လည်း မြေမှုန့်ကဲ့သို့ လွင့်တက်လိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား၏ တရားတော်ကို ပယ်ကြပြီ။ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ဗျာဒိတ်တော်ကို မထီမဲ့မြင်ပြုကြပြီ။

၂၅ ထိုကြောင့်၊ ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်လျက်၊ သူတို့၌ လက်တော်ကိုဆန့်၍ ဒဏ်ခတ်တော်မူသဖြင့်၊ တောင်တို့သည် တုန်လှုပ်၍၊ သူတို့၏ အသေကောင်တို့သည် လမ်းများ၌ မစင်ကဲ့သို့ဖြစ်ကြ၏။ သို့သော်လည်း အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။ ၂၆ ဝေးသောအရပ်မှာ နေသောလူမျိုးတို့အဘို့ အလံကိုထူ၍ မြေကြီးစွန်းသားတို့ကို နှိုးဆော်တော်မူသဖြင့်၊ သူတို့သည် အလျှင်အမြန် လာကြလိမ့်မည်။ ၂၇ သူတို့တွင် မောသောသူမရှိ။ ထိမိ၍ လဲသောသူမရှိ။ ငိုက်မျည်းသောသူ၊ အိပ်ပျော်သောလူလည်းမရှိ။ သူတို့ခါးစည်းမပြေ။ ​ခြေနင်းကြိုးလည်းမ​ကျွတ်။ ၂၈ သူတို့ မြှားတို့သည် ထက်ကြ၏။ လေးတို့သည်လည်း တင်လျက်ရှိကြ၏။ မြင်းခွာတို့သည် မီးကျောက်ကဲ့သို့၎င်း၊ ရထားဘီးတို့သည်လည်း၊ လေဘွေကဲ့သို့၎င်း ထင်ကြ၏။ ၂၉ သူတို့အသံဗလံသည် ခြင်္သေ့ဟောက်သံနှင့်တူ၍ ခြင်္သေ့ကဲ့သို့ ဟောက်ကြလိမ့်မည်။ ဟောက်လျက် အကောင်ကိုဖမ်း၍ ဆောင်သွားကြလိမ့်မည်။ အဘယ်သူမျှ မကယ်မနှုတ်ရ။ ၃၀ ထိုကာလ၌ သူတို့သည် သမုဒ္ဒ​ရာ အသံဗလံကဲ့သို့ ဟုန်းဟုန်းမြည်ကြလိမ့်မည်။ ထိုပြည်ကို ကြည့်ရှုလျှင်၊ မှောင်မိုက်အတိ၊ ဒုက္ခဆင်းရဲ သက်သက်ရှိ၍ မိုးကောင်း ကင်အလင်းသည် ကွယ်ပျောက်လိမ့်သတည်း။

_________________________
Footnotes


၁၀ (a) မြန်မာကျမ်းစာအုပ်၌ "တပယ်" ဟုရေးထားသည်။ ထိုအရာသည် "တဧက" ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.