-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၄၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၄၈


အိုယာကုပ်အမျိုး နားထောင်လော့

အိုယာကုပ်အမျိုး၊ ဣသရေလဟူ၍ သမုတ်ခြင်းကို ခံသောသူ၊ ယုဒစမ်းရေတွင်းမှ ထွက်စီးသောသူ၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ကျိန်ဆိုသောသူ၊ သစ္စာမရှိ၊ တရားနှင့်မညီဘဲ ဣသရေလ အမျိုး၏ ဘုရားသခင်ကို ချီးမွမ်းသောသူ၊ သန့်ရှင်းသော မြို့တော်အလိုက်၊ ကိုယ်ကိုကိုယ် သမုတ်သောသူ၊ ကောင်းကင် ဗိုလ်​ခြေ အရှင် ထာဝရဘုရား တည်းဟူသော ဘွဲ့နာမရှိသော ဣသရေလ အမျိုး၏ ဘုရားသခင်ကို မှီခိုသောသူတို့၊ နားထောင်ကြလော့။


သံချောင်းလည်ပင်းကြေးဝါနဖူး
CROSS REFERENCES






ဖြစ်ဘူးသောအရာတို့ကို အထက်က သင်တို့အား ငါဟောလေပြီ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက်၍ ထင်ရှားကြပြီ။ ချက်ချင်း ငါပြုသောကြောင့် ဖြစ်ကြပြီ။ သင်သည် ခိုင်မာသောသဘော၊ [A]သံချောင်းလည်ပင်း၊ ​ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသောကြောင့်၊ အထက်က သင့်အား ငါဟောပြီ။ အမှုမဖြစ်မှီ ငါဖေါ်ပြမည်။ သို့ဖြစ်၍သင်က၊ ငါ၏ ရုပ်တုသည်၊ ဤအမှုကိုပြုပြီ။ ငါထုသော ရုပ်တု၊ ငါသွန်းသော ရုပ်တုသည် ဤမှုကို စီရင်ပြီ၊ ဟုပြောရသော အခွင့်မရှိ။ သင်သည် အရင်ကြားရပြီ။ ဤအမှုအလုံးစုံတို့ကို ကြည့်ရှုလော့။ သူတပါးတို့အား မကြားမပြောဘဲ နေမည်လော။ ယခုမှစ၍ အသစ်သောအရာ၊ ဝှက်ထားသောအရာ၊ သင်မသိသေးသော အရာတို့ကို ငါဖေါ်ပြ၏။ ထိုအရာတို့ကို ယခုပင် ဖန်ဆင်း၏။ အထက်က ဖန်ဆင်းသည်မဟုတ်။ ယနေ့တိုင်အောင် သင်သည် မကြားစဖူး။ သို့ဖြစ်၍သင်က၊ ငါသိနှင့်ပြီ၊ ဟုပြောရသောအခွင့်မရှိ။


ဒုက္ခမီးဖို၌ စုံစမ်းခဲ့ပြီ

အကယ်စင်စစ် သင်သည် မကြားမသိစဖူး။ သင်၏နားသည် အထက်ကမပွင့်။ အကြောင်းမူကား၊ သင်သည် သစ္စာပျက်လိမ့်မည်။ ဖွားစကပင် သင့်ကိုသူပုန်ဟူ၍ သမုတ်ရလိမ့်မည်ကို ငါသိ၏။ သို့သော်လည်း၊ သင့်ကို ရှင်းရှင်း မပယ်မဖျက်ခြင်းငှါ၊ ငါသည် ကိုယ်နာမအတွက် ကိုယ်အမျက်ကို ချုပ်တည်းမည်။ ကိုယ်ဂုဏ်သရေအတွက် သင်၏အမှု၌ ငါသည်းခံမည်။ ၁၀ ငါသည် သင့်ကိုစစ်ခဲ့ပြီ။ သို့သော်လည်း၊ ငွေကို စစ်သကဲ့သို့မဟုတ်၊ ဒုက္ခမှိုက်(a) ၌ သင့်ကိုစုံစမ်းခဲ့ပြီ။ ၁၁ ကိုယ်အတွက် ငါပြဦးမည်။ ငါ့နာမသည် ရှုတ်ချခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ဂုဏ်အသရေကို သူတပါးအား ငါမပေး။


ငါသည် ဘုရားဖြစ်၏

၁၂ အိုယာကုပ်၊ ငါခေါ်သော ဣသရေလ၊ ငါ့စကားကို နားထောင်လော့။ ငါသည် ဘုရားဖြစ်၏။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသော သူဖြစ်၏။ ၁၃ အကယ်စင်စစ် ငါ့လက်သည် မြေကြီးကို တည်လေပြီ။ ငါ့လက်ျာလက်သည် မိုးကောင်းကင်ကို ကြက်လေပြီ။ ငါခေါ်၍ သူတို့သည် ချက်ချင်း ပေါ်လာကြ၏။


နားထောင်ကြလော့

၁၄ ရှိသမျှသောသင်တို့၊ စည်းဝေး၍ နားထောင်ကြလော့။ ဤအမှုအရာတို့ကို သင်တို့တွင် အဘယ်သူသည် ရှေးမဆွက ဟောနှင့်သနည်း။ ထာဝရဘုရား ချစ်တော်မူသောသူသည် ဗာဗုလုန်မြို့၌ အလိုတော်ကို ပြည့်စုံစေမည်။ သူ၏ လက်သည်လည်း၊ ခါလဒဲ လူတို့အပေါ်သို့ ရောက်လိမ့်မည်။ ၁၅ ငါကိုယ်တိုင် အမိန့်တော်ရှိပြီ။ အကယ်စင်စစ် သူ့ကိုငါခေါပြီ။ သူသွားသောလမ်း၌ မင်္ဂလာရှိရလိမ့်မည်။ ၁၆ ငါ့ထံသို ချဉ်းကပ်၍ ဤစကားကို နားထောင်ကြလော့။ ရှေ့ဦးစွာမှစ၍ တိတ်ဆိတ်စွာ မဟော။ အမှုဖြစ်စကာလ၌ ငါရှိ၏။ ယခုတွင် အရှင် ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကို စေလွတ်တော်မူ၏။


သင့်ကိုသွန်သင်၍ ပို့ဆောင်သူ

၁၇ သင့်ကို ရွေးနှုတ်သောသူ၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်၏ အကျိုးနှင့် ယှဉ်သောအရာကို သွန်သင်၍၊ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ၁၈ သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော်။ သို့ပြုလျှင်၊ သင်၏ ချမ်းသာသည် မြစ်ကဲ့သို့၎င်း၊ သင်၏ ဖြောင့်မတ်ခြင်း ပါရမီသည် သမုဒ္ဒ​ရာ လှိုင်းတံပိုးကဲ့သို့၎င်း၊ ဖြစ်ရလိမ့်မည်။ ၁၉ သင်၏အမျိုးအနွယ်သည် သဲလုံးကဲ့သို့၎င်း၊ သင်၏ သားမြေးတို့သည်၊ သမုဒ္ဒ​ရာ ကျောက်စရစ်ကဲ့သို့၎င်း၊ ဖြစ်ရကြလိမ့်မည်။ သင်၏နာမသည် ငါ့ရှေ့မှာမပြတ်၊ မပျက်မစီးရ။


ဗာဗုလုန်မြို့ထဲက ထွက်ကြလော့

၂၀ ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ ရွှင်လန်းစွာ သီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့။ ဤသိတင်းစကားကို မြေကြီး စွန်းတိုင်အောင် ပြန်ပြောမြွက်ဆို၍ အသံကို လွှင့်ကြလော့။ ထာဝရဘုရားသည် မိမိ​ကျွန် ယာကုပ်ကို ရွေးနှုတ်တော်မူပြီ၊ ဟုပြောဆိုကြလော့။ ၂၁ သူတို့သည် တောလမ်းဖြင့် ဆောင်သွားတော်မူခြင်းကို ခံသောအခါ ရေမငတ်ကြ။ သူတို့အဘို့ ကျောက်ထဲက ရေကို စီးစေတော်မူ၏။ ကျောက်ခဲကိုပင် ခွဲတော်မူသဖြင့်၊ ရေသည် စီးထွက်လေ၏။ ၂၂ မတရားသော သူတို့၌ ချမ်းသာမရှိ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။

_________________________
Footnotes


၁၀ (a) ဒုက္ခမီးဖို



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.