-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၄၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၄၇


ဗာဗုလုန်ကို တရားစီရင်ခြင်း
CROSS REFERENCES






အိုဗာဗုလုန် သတို့သမီးကညာ၊ ဆင်း၍ မြေမှုန့်၌ ထိုင်လော့။ အိုခါလဒဲ သတို့သမီး၊ ရာဇပလ္လင်မရှိဘဲ မြေပေါ်မှာထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူဟူ၍ နောက်တဖန် မခေါ်ရ။ ကြိတ်ဆုံကိုယူ၍ စပါးကို ကြိတ်လော့။ မျက်နှာဖုံးကို ဖွင့်လော့။ ရှည်သော အင်္ကျီကို ချွတ်လော့။ ပေါင်းအဝတ်ကိုပင့်၍ မြစ်ကိုကူးလော့။ သင်သည် အဝတ်အချည်းစည်းရှိ၍၊ အရှက်ကွဲခြင်းကိုခံရမည်။ [A] ငါသည် အပြစ်ဒဏ်ကိုပေးမည်။ အဘယ်သူနှင့်မျှ မိဿဟာယမဖွဲ့။(a) ငါတို့ကို ရွေးနှုတ်သောသူကား၊ ကောင်းကင် ဗိုလ်​ခြေ အရှင် ထာဝရဘုရား၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။


ဗာဗုလုန်သည် သနားခြင်း မရှိသောကြောင့်

အိုခါလဒဲ သတို့သမီး တိတ်ဆိတ်စွာ ထိုင်လော့။ မိုက်ရာသို့ သွားလော့။ သင့်ကို နိုင်ငံတို့၏ အရှင်မဟူ၍ နောက်တဖန် မခေါ်ရ။ ငါသည် ငါ၏လူတို့ကို အမျက်ထွက်သောကြောင့် ငါ၏အမွေကို ရှုတ်ချ၍ သင့်လက်သို့ အပ်လိုက်ပြီ။ သင်သည် သနားသော စိတ်မရှိ။ အသက်ကြီးသူတို့အပေါ်မှာ လေးသော ထမ်းပိုးကို တင်လေပြီ။ သင်ကလည်း၊ ငါသည် အရှင်မ၏ အရာ၌ အစဉ်အမြဲ နေမည်၊ ဟုထင်သောကြောင့်၊ ဤအမှုအရာတို့ကို မဆင်ခြင်။ သင်၌ နောက်ဆုံးဖြစ်လတံ့သော အမှုကို မအောက်မေ့။ ထိုကြောင့်၊ ကာမဂုဏ်၌ ပျော်မွေ့၍၊ သောက ကင်းလွတ်လျက် နေသောသူ၊ ငါရှိ၏။ ငါမှတပါး အဘယ်သူမျှမရှိ။ ငါသည် မုဆိုးမကဲ့သို့ထိုင်၍ မနေရ။ သားဆုံးခြင်းကို ငါမခံရ၊ ဟုအောက်မေ့သောသူ၊ နားထောင်လော့။ သင်သည် ပြုစားသော အတတ်နှင့် နတ်ဝိဇ္ဇာအတတ်များတို့ကို အလွန်ပြုစုသော်လည်း၊ တနေ့တခဏခြင်းတွင် သားဆုံးခြင်းနှင့် လင်ဆုံးခြင်းတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၌ ရောက်လိမ့်မည်။ သင်၏အပေါ်၌ အကုန်အစင် သင့်ရောက်လိမ့်မည်။ ၁၀ သင်သည် ကိုယ်ပြုသော အဓမ္မအမှုကို ကိုးစားပြီ။ ငါ့ကိုအဘယ်သူမျှ မမြင်ဟုဆိုပြီ။ သင့်ဥာဏ်နှင့် သင့်ပညာအတတ်သည်၊ သင်၏ စိတ်ကို မှောက်လှန်သည်ဖြစ်၍၊ သင်ကငါရှိ၏၊ ငါမှတပါး အဘယ်သူမျှမရှိ၊ ဟုအောက်မေ့ပြီ။ ၁၁ ထို့ကြောင့် အဆုံးမထင်သော ဘေးဥပဒ်သည် သင်၏အပေါ်မှာ ရောက်လိမ့်မည်။ သင်သည် မ​ဖြေနိုင်သော အပြစ်ဒဏ်နှင့်၎င်း၊ မမြော်လင့်နိုင်အောင် ချက်ချင်း ဖျက်ဆီးခြင်းနှင့်၎င်း၊ တွေ့ကြုံလိမ့်မည်။ ၁၂ သင်သည် ငယ်သောအရွယ်မှစ၍၊ ကြိုးစားအားထုတ်သော နတ်ဝိဇ္ဇာအတတ်နှင့် ပြုစားသော အတတ် အမျိုးမျိုးတို့ကို အမှီပြု၍ တည်နေလော့။ အကျိုးကို ရကောင်းလျှင် ရလိမ့်မည်။ နိုင်ကောင်းလျှင် နိုင်လိမ့်မည်။ ၁၃ သင်သည် များပြားသော တိုင်ပင်ခြင်းအားဖြင့် ပင်ပန်းလှပြီ။ မိုးကောင်းကင်ကို ကြည့်ရှုသောသူ၊ ကြယ်နက္ခတ်တို့ကို မှတ်သောသူ၊ သင်၌ ဖြစ်လတံ့သော အမှုကို၊ လ၏အခြင်းအရာအားဖြင့် ဟောတတ်သော သူတို့သည် ထ၍ သင့်ကို ယခုကယ်တင်ကြစေ။ ၁၄ သူတို့သည် အမှိုက်ကဲ့သို့ဖြစ်၍ မီးရှို့ခြင်းကို ခံရကြလိမ့်မည်။ မီးအရှိန်မှ မိမိတို့ကို မကယ်မနှုတ်ရကြ။ နွေးစရာဘို့ မီးတခဲမျှ၊ လှုံစရာဘို့ မီးအလျှင်းမျှ မကျန်ရစ်ရ။ ၁၅ သင်နှင့်ဝိုင်းညီ၍ အမှုဆောင်ရွက်သောသူ၊ သင်ငယ်သော အရွယ်မှစ၍ သင်နှင့် ဖောက်ကား ရောင်းဝယ်သော သူတို့သည် သင်၌ ထို့သို့ဖြစ်ကြ၍၊ ကိုယ်စီကိုယ်စီ မိမိနေရာအရပ်သို့ လွှဲသွားသဖြင့်၊ သင့်ကို ကယ်တင်သော သူတစုံတယောက်မျှ မရှိရ။

_________________________
Footnotes


(a) ငါသည် အဘယ်သူကိုမျှ မနှမျော ဟုလည်းဘာသာပြန်ကြသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.