-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၄၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၄၅


ထာ၀ရဘုရားက ကုရုမင်းကို ချီးမြှောက်

အကြင်သူ၏ ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍၊ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက်၊ အတွင်းတံခါးတို့ကို မပိတ်ရဘဲ၊ နှစ်ရွက်ရှိသော တံခါးကို ဖွင့်ခြင်းငှါ၊ အကြင်သူ၏ လကျ်ာလက်ကို ငါထောက်မ၏။ ထိုသူတည်းဟူသော ကုရုမင်း၊ ထာဝရဘုရား ပေးတော်မူ၍ ဘိသိက်ခံသော မင်းအား မိန့်တော်မူသည်ကား၊ သင့်ရှေ့မှာ ငါသွား၍ မြင့်သောအရပ်ကို ညီစေမည်။ ​ကြေးဝါတံခါးတို့ကို ချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်း ဖြတ်မည်။ မှောင်မိုက်၌ ရှိသောဘဏ္ဍာ၊ လုံခြုံစွာဝှက်ထားသော ဥစ္စာတို့ကို သင့်အား ငါပေးမည်။ သို့ဖြစ်၍၊ ငါသည် သင့်ကို နာမည်ဖြင့်ခေါ်သော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။ ငါ့​ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသရေလအတွက်၊ ငါသည် သင့်ကို နာမည်ဖြင့်ခေါ်၏။ သင်သည် ငါ့ကို မသိသော်လည်း၊ သင်၌ နာမည်သစ်ကို ထပ်၍ ပေးမည်။


ထာ၀ရဘုရားသာလျှင် ဘုရား

ငါတပါးတည်းသာ ထာဝရဘုရားဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ [A] သင်သည် ငါ့ကို မသိသော်လည်း၊ သင်၏ခါးကို ငါစည်း၏။ သို့ဖြစ်၍ ငါမှတပါး အခြားသော ဘုရားမရှိ၊ ငါတပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်းကို၊ နေထွက်ရာ အရပ်သားနှင့် အနောက် မျက်နှာသားတို့သည် သိရကြလိမ့်မည်။ ငါသည်အလင်းကို လုပ်၏။ အမိုက်ကိုလည်း ဖန်ဆင်း၏။ ငြိမ်သက်ခြင်းကို ဖြစ်စေ၏။ အမင်္ဂလာကိုလည်း ဖန်ဆင်း၏။ ခပ်သိမ်းသော အမူအရာတို့ကို ငါထာဝရ ဘုရား ပြုတော်မူ၏။ မိုးကောင်းကင်တို့၊ အထက်မှယိုကြလော့။ မိုးတိမ်တို့သည် တရားမိုးရွာကြစေ။ မြေကြီးသည် ပွင့်၍ ကယ်တင်ခြင်း အသီးကိုသီးစေ။ ​ဖြောင့်မတ်ခြင်း တရားသည် တပြိုင်နက် ပေါက်စေ။ ထိုသို့ ငါထာဝရဘုရား ဖန်ဆင်း၏။


ဖန်ဆင်းသူနှင့်ဆန့်ကျင်သူအမင်္ဂလာ
CROSS REFERENCES






အကြင်သူသည် မိမိကို ဖန်ဆင်းသောသူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုးခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သော အရာကိုလုပ်သနည်း၊ ဟုအိုးထိန်းသမားကို ဆိုရမည်လော။ ငါ့ကိုလုပ်သောသူ၌ လက်မရှိ၊ ဟုသင်လုပ်သောအရာက ဆိုရမည်လော။ [B] ၁၀ မိမိအဘအား၊ သင်သည် အဘယ်သို့သောအရာကို ဖြစ်ဖွားစေသနည်းဟူ၍၎င်း၊ မိမိအမိအား၊ သင်သည် အဘယ်သို့သော အရာကို မွေးဖွားသနည်းဟူ၍၎င်း၊ ဆိုသောသူသည် အမင်္ဂလာရှိ၏။


အားလုံးငါဖန်ဆင်းပြီ
CROSS REFERENCES






၁၁ ဣသရေလ အမျိုး၏ သန့်ရှင်းသောဘုရား၊ ထိုအမျိုးကို ဖန်ဆင်းသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဖြစ်လတံ့သော အမှုတို့ကို ငါ့ထံ၌ မေးမြန်းကြလော့။ ငါ့သားတို့အတွက်၊ ငါကိုယ်တိုင် ပြုသော အမှုအတွက်ကြောင့်၊ ငါ့ကို စီရင်ကြလော့။ ၁၂ မြေကြီးကို ငါလုပ်လေပြီ။ မြေကြီးပေါ်မှာ လူကိုလည်း ဖန်ဆင်းလေပြီ။ မိုးကောင်းကင်ကို ကိုယ်လက်နှင့် ငါကြက်လေပြီ။ မိုးကောင်းကင် တန်ဆာအပေါင်းတို့ကို ငါခန့်ထားလေပြီ။ ၁၃ ထိုသူကိုလည်း တရားတော်အတိုင်း [C]ငါပေါ်ထွန်းစေ၏။ သူသွားသော လမ်းကို ငါ​ဖြောင့်စေမည်။ သူသည် ငါ၏ မြို့ကို တည်ဆောက်လိမ့်မည်။ သိမ်းသွား ချုပ်ထားခြင်းကို ခံရသော ငါ၏လူတို့ကို သူသည်အဘိုးမခံ၊ ဆုမယူဘဲ လွတ်လိမ့်မည်၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။


ဥစ္စာဆည်းဖူးသော သူတို့သင့်နောက်သို့လိုက်

၁၄ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်တွင် ဆည်းဖူးသောဥစ္စာ၊ ကုရှပြည်သား၊ အရပ်မြင့်သော သေဘအမျိုးသား ပြုစုသော ကုန်သွယ် ဥစ္စာသည် သင်ဘက်သို့ရောက်၍၊ သင်၏ ဥစ္စာဖြစ်ရလိမ့်မည်။ ထိုသူတို့သည် သင့်နောက်သို့ လိုက်၍ သံကြိုးနှင့် ချည်နှောင်လျက်၊ လမ်း၌ လျှောက်သွားကြလိမ့်မည်။ သင့်ရှေ့မှာ ပြပ်ဝပ်၍၊ အကယ်စင်စစ် ကိုယ်တော်၌ ဘုရားသခင် ရှိတော်မူ၏။ ထိုဘုရားမှတပါး အခြားသော ဘုရားသခင်မည်မျှ မရှိပါဟူ၍ တောင်းပန်ကြလိမ့်မည်။


ဣသရေလအမျိုး၏ဘုရားသခင်

၁၅ အိုဣသရေလ အမျိုး၏ ဘုရားသခင်၊ ကယ်တော်မူသောဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် ကိုယ်ကို ထင်ရှားစွာ ပြတော်မမူသော ဘုရားသခင် ဖြစ်တော်မူ၏။ ၁၆ ရုပ်တုကို လုပ်သောသူ အပေါင်းတို့သည် ရှက်ကြောက်၍ မိန်းမောတွေဝေကြ လိမ့်မည်။ အရှက်ကွဲ၍ တပြိုင်နက် ဆုတ်သွားကြလိမ့်မည်။ ၁၇ ဣသရေလ အမျိုးအမူကား၊ ထာဝရဘုရားသခင် အားဖြင့် ထာဝရ ကယ်တင်ခြင်းသို့ ရောက်၍၊ သင်တို့သည် ရှက်ကြောက်ခြင်းမှ မှိုင်တွေခြင်းနှင့်၊ ကမ္ဘာအဆက်ဆက် ကင်းလွတ်ကြလိမ့်မည်။


ငါမှတပါးအခြားသောဘုရားမရှိ

၁၈ မိုးကောင်းကင်ကို ဖန်ဆင်း တော်မူသော ထာဝရဘုရား၊ မြေကြီးကို ပြုပြင် ဖန်ဆင်း၍ အမြဲတည် စေတော်မူသောအရှင်၊ အချည်းနှီး ဖန်းဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဘို့ ဖန်ဆင်းတော်မူသော ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါသည် ထာဝရဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။ ၁၉ ငါသည် တိတ်ဆိတ်စွာ မဟော။ မြေကြီးထဲမှာ မှောင်မိုက်သော အရပ်၌ မဟော။ သင်တို့သည် ကျေးဇူးမရှိဘဲ ငါ့ကိုရှာကြလော့၊ ဟုယာကုပ်အမျိုးအား ငါမပြော။ ငါသည် ဖြောင့်မတ်စွာ ပြော၍ အတည့်အလင်း ဟောတတ်သော ထာဝရဘုရား ဖြစ်၏။ ၂၀ သင်တို့သည် စည်းဝေး၍ လာကြလော့။ အတိုင်းတိုင်း အပြည်ပြည်တို့မှ ဘေးလွတ်သော သူတို့၊ စည်းဝေးကြလော့။ မိမိထုလုပ်သော သစ်သားကို ဆောင်ရွက်သောသူ၊ မကယ်တင်နိုင်သော ဘုရားကို ပဌနာပြုသောသူတို့သည် ပညာမရှိကြ။ ၂၁ သိတင်းကြားပြောကြလော့။ လူများကိုအနီးသို့ ခေါ်ခဲ့၍ တိုင်ပင်ကြပါစေ။ ဤအမှုကို ရှေးကာလ မှစ၍ အဘယ်သူ ဖေါ်ပြသနည်း။ အထက်က အဘယ်သူ ဟောပြောသနည်း။ ငါထာဝရဘုရား ဟောပြောသည် မဟုတ်လော။ ငါမှတပါးအခြားသော ဘုရားသခင်မရှိ။


ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်

၂၂ မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကို မျှော်ကြည့်၍၊ ကယ်တင်ခြင်း ကျေးဇူးကို ခံကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။ ၂၃ ငါ့ရှေ့၌ လူတိုင်း ဒူးထောက်ရမည်။ [A] လူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်၊ ဟုကိုယ်ကိုကိုယ် တိုင်တည်၍၊ ငါကျိန်ဆိုသော တရားစကားသည် ငါ့နှုတ်မှထွက်သည်ဖြစ်၍၊ မပြည့်စုံ​ဘဲ မနေရ။ [D] ၂၄ ထာဝရဘုရား အားဖြင့်သာ​ဖြောင့်မတ်ခြင်းနှင့် အစွမ်းသတ္တိကို ရပါသည်၊ ဟုလူတိုင်း လျှောက်ရမည်။ ကိုယ်တော်ကို မနာလိုသောသူ အပေါင်းတို့သည် အထံတော်သို့ လာ၍၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။ ၂၅ ဣသရေလ အမျိုး သား အပေါင်းတို့သည်၊ ထာဝရဘုရား အားဖြင့်​ဖြောင့်မတ်ရာသို့ ရောက်၍ ဝါကြွားကြလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.