-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၄၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၄၁


လူမျိုးတို့ အပေါ်စီရင်သောသူ ထာ၀ရဘုရား
CROSS REFERENCES






တ​ကျွန်း တနိုင်ငံအရပ်တို့၊ ငါရှေ့မှာ ငြိမ်ဝပ်စွာနေကြ။ လူအမျိုးမျိုးတို့၊ အားဖြည့်ကြ၊ ချဉ်းကပ်၍ ပြောကြ။ တရားတွေ့ကြကုန်အံ့။ ​ဖြောင့်မတ််ခြင်း မင်္ဂလာ လိုက်တတ်သောသူကို အရှေ့ပြည်က၊ အဘယ်သူ ပေါ်လာစေသနည်း။ လူအမျိုးမျိုးတို့ကို သူ၌အပ်၍၊ ရှင်ဘုရင်တို့ကို အုပ်စိုးစေခြင်းငှါ၊ အဘယ်သူ စီရင်သနည်း။ ရန်သူတို့ကို သူ၏ထားရှေ့မှာ မြေမှုန့်ကဲ့သို့၎င်း၊ သူ၏ လေးရှေ့မှာ လွင့်သော ဖွဲကဲ့သို့၎င်း၊ အဘယ်သူ ဖြစ်စေသနည်း။ ရန်သူတို့ကို လိုက်ရ၏။ မိမိ​ခြေမနင်းဘူးသော လမ်းဖြင့်၊ ဘေးမရှိ လွန်သွားရ၏။ ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ဦးစွာမှစ၍၊ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်းဟူမူကား၊ အဦးဆုံးသောသူဖြစ်၍၊ နောက်ဆုံးသောသူတို့နှင့် ရှိသော ငါထာဝရဘုရား ပေတည်း။ တ​ကျွန်း တနိုင်ငံအရပ်တို့သည် မြင်၍ ကြောက်ကြ၏။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သော စိတ်နှင့် ချဉ်းကပ်၍ စုဝေးကြ၏။ အိမ်နီးချင်း တယောက်ကို တယောက်မစ၍၊ ညီအစ်ကိုချင်း တယောက်ကို တယောက်၊ မစိုးရိမ်နှင့်၊ [A] ဟုဆိုကြ၏။ ထိုသို့ ပန်းတဉ်းသမား(a) သည် ပန်းတိမ်သမားကို နှိုးဆော်တတ်၏။ သံတူနှင့် ချောစေသောသူသည် ပေပေါ်မှာ ရိုက်သောသူကိုလည်း နှိုးဆော်၍၊ ဂဟေကောင်းသည်၊ ဟုဆိုတတ်၏။ ရုပ်တုကို မလှုပ်ရှားစေခြင်းငှါ သံချွန်နှင့် ရိုက်ထားတတ်၏။


ဣသရေလကို ဘုရားမစမည်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ငါ့​ကျွန် ဣသရေလ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့အဆွေ အာဗြဟံ၏သား၊ မြေကြီးအစွန်းအနားမှ ငါလက်ဆွဲ၍ ခေါ်သောသူ၊ သင်သည် ငါ့​ကျွန်ဖြစ်၏ဟူ၍၎င်း၊ သင့်ကို ငါရွေးချယ်ပြီ၊ သင့်ကို မပစ်မပယ်ဟူ၍၎င်း၊ ဂတိကို ခံရသောသူ။ ၁၀ မစိုးရိမ်နှင့်။ [A]ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာ လက်ျာလက်ဖြင့် ထောက်ပင့်မည်။ ၁၁ သင့်၌ အမျက်ထွက်သော သူတို့သည် ရှက်ကြောက်ခြင်းနှင့် မျက်နှာ ပျက်ခြင်း ရှိကြလိမ့်မည်။ သင်၌ ရန်ပြုသော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့ သို့ဖြစ်၍၊ ရှင်းရှင်း ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ၁၂ သင်နှင့် ဆန့်ကျင်ဘက် ပြုသောသူတို့ကို သင်သည် ရှာ၍မတွေ့ရ။ သင့်ကို စစ်တိုက်သော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့၎င်း၊ အနတ္တ [B] သက်သက်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ ၁၃ အကြောင်းမူကား၊ သင်၏ ဘုရားသခင် ထာဝရဘုရားက၊ မစိုးရိမ်နှင့်။ [A] ငါမစမည်၊ ဟုသင့်အား ဆိုလျက်၊ သင်၏ လက်ျာလက်ကို ကိုင်မည်။ ၁၄ အိုတီကောင် ယာကုပ်၊ အမျိုးငယ် ဣသရေလ၊ မစိုးရိမ်နှင့်။ [A]ငါသည်သင့်ကို မစသောသူ ဖြစ်၏။ သင့်ကို ရွေးနှုတ်သောသူသည်၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရားဖြစ်သည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ ၁၅ ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက်အသစ် ဖြစ်စေရမည်။ သင်သည် တောင်ကြီးတို့ကို နယ်၍ ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည်။ ၁၆ သူတို့ကိုလှေ့၍၊ လေသည် သူတို့ကိုတိုက် သွားလိမ့်မည်။ မုန်တိုင်းလွှင့်လိမ့်မည်။ သင်မူကား ထာဝရဘုရား၌ ဝမ်းမြောက်လိမ့်မည်။ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရား၌ ဝါကြွားလိမ့်မည်။


ဘုရားပြုတော်မူသော အရာများကို ဆင်ခြင်ကြလိမ့်မည်

၁၇ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့သည် ရေကိုရှာ၍ မတွေ့၊ ရေငတ်၍ လျှာသွေ့ ​ခြောက်သောအခါ၊ ငါထာဝရဘုရားသည် သူတို့စကားကို နားထောင်မည်။ ဣသရေလ အမျိုး၏ ဘုရားသခင် ဖြစ်သော ငါသည် သူတို့ကိုမစွန့်။ ၁၈ မြင့်သောအရပ်တို့၌ မြစ်ကို၎င်း၊ နိမ့်သောအရပ်တို့၌ စမ်းရေကို၎င်း၊ ငါပေါက်စေမည်။ တောအရပ်၌ ရေကန်များကို၎င်း၊ သွေ့​ခြောက်သောအရပ် ၌ စမ်းရေတွင်းများကို၎င်း၊ ငါဖြစ်စေမည်။ ၁၉ တော၌ အာရဇ်ပင်၊ အကာရှပင်၊ မုရတုပင်၊ သံလွင်ပင်များကို၎င်း၊ လွင်ပြင်၌ ထင်ရှုးပင်၊ တဒေရပင်၊ တာရှုရပင်များကို၎င်း၊ ရောနှောလျက်စိုက်မည်။ ၂၀ သို့ဖြစ်၍၊ ထာဝရဘုရားသည် ဤအမှုကို စီရင်၍၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရား ဖန်ဆင်းတော်မူကြောင်းကို၊ ထိုသူအပေါင်းတို့သည် သိမြင်၍၊ ဆင်ခြင် နားလည် ကြလိမ့်မည်။


သင်တို့သည် ဘာမျှမဟုတ်ကြ

၂၁ သင်တို့၏အမှုကို စောင့်ကြလော့၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ သင်တို့၏ ခိုင်ခံ့သော သက်သေများကို ထုတ်ပြကြလော့၊ ဟုယာကုပ်အမျိုး၏ ရှင်ဘုရင် မိန့်တော်မူ၏။ ၂၂ ထုတ်ဖော်၍ အနာဂတ္တိဆရာတို့ကို ငါတို့အား ပြကြစေ။ အရင်ဖြစ်ဘူးသော အရာတို့သည် အဘယ်သို့ ဖြစ်သည်ကို ငါတို့ဆင်ခြင်၍၊ ထိုအရာတို့၏ အဆုံးကို သိရမည့်အကြောင်း ဖေါ်ပြကြစေ။ သို့မဟုတ်၊ ဖြစ်လတံ့သော အရာတို့ကို ငါတို့အား ဟောပြောကြစေ။ ၂၃ သင်တို့သည် ဘုရားဖြစ်သည်ကို ငါတို့သိရမည်အကြောင်း၊ ဖြစ်လတံ့သော အရာတို့ကို ပြကြလော့။ အချင်းချင်း တယောက်ကို တယောက် ကြည့်ရှုတွေ့မြင်မည်အကြောင်း၊ ကောင်းသောအမှု၊ ဆိုးသော အမှုတစုံတခုကိုပြုကြလော့။ ၂၄ သင်တို့သည် အဘယ်မျှ မဟုတ်သော အရာထက်သာ၍ ယုတ်မာ (b) ကြ၏။ သင်တို့အမှုလည်း၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ၍ ယုတ်မာ၏။ သင်တို့ကို ရွေးယူသောသူသည် ရွံရှာဘွယ်ဖြစ်၏။


အနတ္တ လေသက်သက်ဖြစ်ကြ

၂၅ မြောက်မျက်နှာ၌ လူတယောက်ကို ငါပေါ်ထွန်းစေ၍၊ သူသည် လာလိမ့်မည်။ နေထွက်ရာမှ လာ၍၊ ငါနာမကို ပဌနာပြုလိမ့်မည်။ အိုးထိန်းသမားသည် အိုးမြေကို နင်းသကဲ့သို့၊ ထိုသူသည် မင်းတို့ကို အိုးမြေအမှတ်နှင့် ကျော်နင်းလိမ့်မည်။ ၂၆ ငါတို့သည် သိရမည့်အကြောင်း၊ ရှေ့ဦးစွာမှစ၍ အဘယ်သူသည် ဟောပြောသနည်း။ မှန်ပေ၏၊ ဟုငါတို့သည် ဆိုရမည်အကြောင်း၊ ရှေ့မဆွက အဘယ်သူသည် ဟောပြောသနည်း။ ဖေါ်ပြသောသူ တယောက်မျှမရှိ။ ဟောပြောသောသူ တယောက်မျှမရှိ။ သင်တို့စကားကို ကြားသောသူ တယောက်မျှမရှိ။ ၂၇ ဤမည်သောအမှုတို့သည် ဖြစ်ကြလိမ့်မည်၊ ဟုရှေ့ဦးစွာ ငါသည် ဇိအုန်မြို့အား ပြော၏။ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသော တမန်ကိုလည်း၊ ယေရုရှလင်မြို့သို့ ငါစေလွှတ်၏။ ၂၈ သူတို့ကို ငါကြည့်ရှုသောအခါ၊ တစုံတယောက်မျှမရှိ။ သူတို့တွင် သတိပေးသောသူ တယောက်မျှမရှိ။ ပြန်ပြောစေခြင်းငှါ သူတို့ကို ငါမေးမြန်းသော်လည်း၊ ၂၉ သူတို့သည် အကြွင်းမဲ့ အနတ္တဖြစ်ကြ၏။ သူတို့အမှုများလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တုတို့လည်း အတ္တမရှိ၊ လေသက်သက်ဖြစ်ကြ၏။

_________________________
Footnotes


(a) craftsman

(b) ဘာမျှမဟုတ်




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.