-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၄၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၄၀


ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






သင်တို့၏ ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့။ နှစ်သိမ့်စေကြလော့။ [A] စစ်မှုကို ထမ်းရသောအချိန် ကုန်ဆုံးပြီ။(a) [B]သင်၏ အပြစ်လည်း ​ဖြေရှင်းပြီ၊ [C] ၊ ဟုယေရုရှလင်မြို့အား နှစ်သိမ့်စေသော စကားကိုပြော၍ ကြွေးကြော်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော်၌ မိမိအပြစ်အတွက် နှစ်ဆ ခံရပြီ။ [D]


ထာ၀ရဘုရား ကြွတော်မူရာလမ်း ပြင်ကြလော့
CROSS REFERENCES






တော၌ ဟစ်ကြော်သော သူ၏အသံမှာ၊ [E]ထာဝရဘုရား ကြွတော်မူရာ လမ်းကို ပြင်ကြလော့။ [F] ငါတို့ ဘုရားသခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာ ရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီး တောင်ငယ် ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သော လမ်းများကို ဖြောင့်စေရမည်။ ကြမ်းတမ်းသော လမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။ ထာဝရဘုရား၏ ဘုန်းတော် ပေါ်ထွန်း၍၊ [G]လူအပေါင်းတို့သည် အတူမြင်ကြရလေတုံ့၊ ဟုထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။


လူသည်မြက်ပင်၊ ဘုန်းရှိသမျှမြက်ပွင့်
CROSS REFERENCES






တဖန် ထိုအသံက၊ ဟစ်ကြော်လော့၊ ဟုဆိုလျှင် ငါက၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်း၊ ဟုမေးသော်၊ လူမျိုးရှိသမျှသည် မြက်ပင်ဖြစ်၏။ [H] လူမျိုး၏ ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ ဖြစ်၏။ ထာဝရဘုရား၏ လေတိုက်သောအခါမြက်ပင်သည် ညှိုးနွမ်း သွေ့​ခြောက်တတ်၏။ [I] အပွင့်သည်လည်း ကြွေတတ်၏။ အကယ်စင်စစ် လူတို့သည် မြက်ပင်ဖြစ်ကြ၏။၊(b) မြက်ပင်သည် ညှိုးနွမ်း သွေ့​ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ်တရားမှုကား၊ ကာလအစဉ်အမြဲ တည်၏၊ ဟုဆိုသတည်း။


ထာ၀ရဘုရား ကြွလာခြင်းကို အသံလွှင့်လော့
CROSS REFERENCES






ဇိအုန်တောင်သို့ ဝမ်းမြောက်စရာ သိတင်းကို ဆောင်ခဲ့သောသူ၊ မြင့်သော တောင်ပေါ်သို့ တက်လော့။ ယေရုရှလင်မြို့သို့ ဝမ်းမြောက်စရာ သတင်းကို ဆောင်ခဲ့သောသူ၊ ကျယ်သောအသံကို လွှင့်လော့။ မစိုးရိမ်ဘဲ အသံကိုလွှင့်လော့။ သင်တို့၏ ဘုရားသခင်ကို ကြည့်ရှုကြ၊ ဟုယုဒမြို့ရွာတို့အား ပြောလော့။ ၁၀ ကြည့်ရှုလော့၊ အရှင်ထာဝရဘုရားသည်၊ ကြီးသော တန်ခိုးနှင့်ကြွလာ၍၊ လက်ရုံးတော်အားဖြင့် အစိုးရတော်မူလိမ့်မည်။ မိမိခံတော်မူထိုက်သော အခမိမိ၌ပါလျက်၊ ဆုလပ်တော်သည် ရှေ့တော်၌ရှိ၏။ [J] ၁၁ မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကို ချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင်တော်မူမည်။


ဘုရား၏အစွမ်းအစ

၁၂ ရေများကို လက်ဆွန်းဖြင့်ခြင်သောသူ၊ မိုးကောင်ကင်ကို မိမိလက်ဖြင့် ထွာသောသူ၊ မြေမှုန့်ကို တင်းတောင်းဖြင့် ချင့်တွက်သောသူ၊ တောင်ကြီးကို ချိန်ခွင်ဖြင့်၎င်း၊ တောင်ငယ်ကို ကပ်ပယ်ဖြင့်၎င်း၊ ချိန်သောသူကား အဘယ်သူနည်း။ ၁၃ ထာဝရဘုရား၏ ဝိညာဉ်ကို အဘယ်သူ စစ်ကြောသနည်း။ ထိုဘုရားနှင့် တိုင်ပင်၍၊ အဘယ်သူသည် အကြံပေးသနည်း။ ၁၄ အဘယ်သူနှင့် တိုင်ပင်တော်မူသနည်း။ ထိုဘုရားကို အဘယ်သူ သွန်သင်သနည်း။ ထိုဘုရားအား တရားလမ်းကို ပြသောသူ၊ ပညာနည်းကို ပေးသောသူ၊ ဥာဏ်လမ်းကို ညွှန်သောသူကား အဘယ်သူနည်း။ [K]


ဘုရားရှေ့၌ လူနှင့်အရာ ခပ်သိမ်းသည် ဘာမျှမဟုတ်
CROSS REFERENCES






၁၅ လူအမျိုးမျိုးတို့သည် ရေပုံးမှကျသော ရေစက်ကဲ့သို့ဖြစ်၍၊ ချိန်ခွင်၌ မြူမှုန်ကဲ့သို့ ထင်မှတ်စရာရှိ၏။ ​ကျွန်းတို့သည်လည်း၊ လွှင့်တတ်သော အဏုမြူကဲ့သို့ ဖြစ်ကြ၏။ ၁၆ လေဗနုန်တောသည် မီးမွေးဖို့မလောက်။ ထိုတော၌ ရှိသော တိရစ္ဆာန်တို့သည်လည်း၊ မီးရှို့ရာယဇ်ဖို့ မလောက်။ ၁၇ ခပ်သိမ်းသော လူအမျိုးမျိုးတို့သည်၊ အဘယ်မျှ မဟုတ်သကဲ့သို့ ရှေ့တော်၌ ဖြစ်ကြ၏။ အဘယ်မျှ မဟုတ်သော အရာထက် သာ၍ငယ်သကဲ့သို့၎င်း၊ အနတ္တကဲ့သို့၎င်း၊ [A] မှတ်တော်မူ၏။


လူလုပ်သော ဘုရားများ

၁၈ သို့ဖြစ်၍၊ ဘုရားသခင်ကို အဘယ်သို့ ပုံပြရအံ့နည်း။ ဘုရားသခင်နှင့် အဘယ်မည်သော ပုံသဏ္ဍာန်တူသည်၊ ဟုဆိုရအံ့နည်း။ ၁၉ ပန်းတဉ်းသမားသည် ရုပ်တုကိုသွန်းပြီးမှ၊ ပန်းထိမ်သမားသည် ရွှေနှင့်မွမ်းမံ၍၊ ငွေကြိုးကိုလည်း လုပ်တတ်၏။ ၂၀ အဘိုးထိုက်သော အလှူကို မလှူနိုင်သောသူသည်၊ မဆွေးမြေ့တတ်သော သစ်သားကို ရွေးကောက်ပြီးမှ၊ မြဲမြံသော ရုပ်တုကို လုပ်စေခြင်းငှာ၊ လိမ္မာသော လက်သမားကို ရှာတတ်၏။


မြေကြီးသားတို့ကို နှံကောင်ကဲ့သို့မှတ်
CROSS REFERENCES






၂၁ သင်တို့သည် မသိကြသလော။ မကြားကြသလော။ ရှေ့ဦးစွာမှစ၍ သင်တို့အား မဖော်ပြသလော။ မြေကြီးတည်သည် အကြောင်းကို နားမလည်ကြသလော။ ၂၂ မြေကြီးစက်အပေါ်မှာ ထိုင်၍၊ မြေကြီးသားတို့ကို နှံကောင်ကဲ့သို့ မှတ်တော်မူထသော၊ မိုးကောင်းကင်ကို မျက်နှာကြက်သကဲ့သို့ ကြက်၍၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူထသော၊ ၂၃ မင်းတို့ကိုရှုတ်ချ၍၊ မြေကြီး တရားသူကြီးတို့ကို အနတ္တ [A]ကဲ့သို့ ဖြစ်စေတော်မူသောသူ ပေတည်း။ ၂၄ အကယ်စင်စစ် သူတို့ကို မစိုက်မပျိုးရ။ အကယ်စင်စစ် သူတို့၏မျိုးစေ့ကို မကြဲရ။ အကယ်စင်စစ် သူတို့အပင်သည် မြေ၌အမြစ်မစွဲရ။ သူတို့အပေါ်မှာ မှုတ်တော်မူသဖြင့်၊ သူတို့သည် ညှိုးနွမ်းသွေ့​ခြောက်၍၊ လေဘွေသည် သူတို့ကို ဖွဲ့ကဲ့သို့ တိုက်လွှင့်လိမ့်မည်။


ကြယ်များကို ဖန်ဆင်းရေတွက်သောသူ

၂၅ သို့ဖြစ်ပါ၍၊ ငါ့ကိုအဘယ်သို့ ပုံပြအံ့နည်း။ ငါသည် အဘယ်သူနှင့် တူရအံ့နည်း၊ ဟုသန့်ရှင်းသော ဘုရား မေးတော်မူ၏။ ၂၆ အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ထိုသူသည် သူတို့ အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့်၊ တစ်စုံတခုမျှ မပေါ်ဘဲမနေရ။


ဘုရား အားကိုးသောသူ အားပြည့်လိမ့်မည်

၂၇ အိုယာကုပ်အမျိုး၊ သင်သွားသောလမ်းကို ထာဝရဘုရား သိတော်မမူ၊ ဟုအဘယ်ကြောင့် ပြောသနည်း။ အိုဣသရေလအမျိုး၊ သင့်အမှုကို သင်၏ ဘုရားသခင် မှတ်တော်မမူ၊ ဟုအဘယ်ကြောင့် ဆိုရသနည်း။ ၂၈ ထာဝရဘုရားသည် အစဉ်အမြဲ တည်တော်မူသော ဘုရားသခင် ဖြစ်ကြောင်းကို၎င်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင် ဖြစ်ကြောင်းကို၎င်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍ မကုန်နိုင်သော ဥာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊ သင်သည်မသိ၊ မကြားဘူးသလော။ ၂၉ ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အားကို ပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။ ၃၀ လူပျိုတို့သည်မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ၃၁ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ လင်းယုန်ကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသောလည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။

_________________________
Footnotes


(a) မြန်မာကျမ်းစာအုပ်၌ "စစ်မှုကိုထမ်းရသော အချိန်စေ့ပြီ" ဟုရေးထားသည်။

(b) ר֥וּחַ rū·aḥ သည်အဓိပ္ပါယ် သုံးမျိုးရှိသည်။ "လေ" သို့မဟုတ် "အသက်" သို့မဟုတ် "ဝိညာဉ်" တို့ဖြစ်သည်။ ထို့ကြောင့် အထက်ပါစာကြောင်းကို၊ "ထာဝရဘုရား၏ လေတိုက်သောအခါ ဟူ၍၎င်း၊" "ထာဝရဘုရား၏ အသက်ရှု လေတိုက်သောအခါ၊" "ထာ၀ရဘုရား၏ ဝိညာဉ်တိုက်သောအခါ" ၊ ဟုအင်္ဂလိပ်ကျမ်းစာအုပ်များ၌ ဘာသာပြန်ကြသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.